ဘယ်သူနဲ့ သင်အတူရှိနေသလဲ ?????



စကားတစ်ခွန်းက ဒီလိုဆိုပါတယ် --
သင် ဘယ်သူလဲဆိုတာ အရေးမကြီးဘူး..
အရေးကြီးတာက သင် ဘယ်သူနဲ့အတူ
ရှိနေသလဲပဲဖြစ်တယ်။
.
ဟောင်ကောင်သန်းကြွယ်သူဌေးကြီး
Li Ka-shing ရဲ့ ကားမောင်းသူဟာ
Li Ka-shing ဆီမှာ နှစ်ပေါင်း ၃ဝကျော်ကားမောင်းခဲ့တယ်။
ပင်စင်ယူခါနီးမှာ သူ့ရဲ့ရိုးသားကြိုးစားမှုနဲ့
တာဝန်ကျေပွန်ခဲ့မှုအတွက် Li Ka-shing က သူ့ကို
ဆုငွေ သိန်း၂ဝ လက်ဆောင်ပေးခဲ့တယ်။

ဒါကို ကားမောင်းသူက ငြင်းဆန်ခဲ့ပြီး

သူ့ဆီမှာစုထားတဲ့ငွေကြေးတွေ သိန်း ၁ဝဝ၊ ၂ဝဝ
လောက်တော့ရှိတယ်လို့ဆိုတယ်။
ဒါကို Li Ka-shing အရမ်းအံ့သြသွားတယ်။
ကားမောင်းတဲ့လခက တစ်လမှ ၅ထောင်
၆ထောင်လောက်ပဲရတာကို ဘယ်လိုလုပ်ပြီး
ငွေဒီလောက်အများကြီး စုမိသလဲဆိုတာကို
သူဌေးကြီးက သိချင်ခဲ့တယ်။
.
ကားမောင်းသူက "သူဌေးကြီးကို ကားမောင်းပေးနေချိန်မှာ
သူဌေးက ဒီမြေကွက်ကိုဝယ်လိုက်၊ ဟိုမြေကွက်ကို
ဝယ်လိုက်လို့ ဖုန်းပြောတာတွေကို ကျွန်တော်ကြားခဲ့ရပါတယ်။ သူဌေးဝယ်တဲ့ မြေကွက်အနီးနားမှာ
ကျွန်တော်လည်း နည်းနည်းဝယ်တတ်ပါတယ်။
သူဌေးက ဘယ်စတော့ကိုဝယ်လိုက်ဆိုရင် ကျွန်တော်လည်းနည်းနည်းလိုက်ဝယ်ခဲ့ပါတယ်။
အဲဒီကနေတဆင့် ငွေကြေးတွေကို
ကျွန်တော်စုဆောင်းခဲ့မိပါတယ်" လို့ ပြန်ဖြေပါတယ်။
.
တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုသလို
ကောက်ရိုးတစ်ပင်ဟာ ဟင်းရွက်ပေါ်စည်းထားရင်
သူဟာ ဟင်းရွက်တန်ဖိုးဖြစ်ပြီး ဂဏန်းပေါ်စည်းထားရင်
သူဟာ ဂဏန်းတန်ဖိုးဖြစ်ပါတယ်။
ယင်ကောင်နောက်လိုက်ပြီး မစင်တွင်းထဲဝင်မလား၊
ပျားပိတုန်းနောက်လိုက်ပြီး ပန်းရနံ့တွေရှုရှိုက်မလား၊
နေရောင်နဲ့တူတဲ့လူနဲ့အတူနေရင်
သင်လည်းတဖြည်းဖြည်းနေရောင်လို
လင်းလက်လာပါတယ်။
.
လူ့ဘဝမှာ ကံကောင်းခြင်းသုံးကြိမ်ရှိတယ်လို့
တချို့ကပြောကြတယ်။
.
ကျောင်းတက်စဉ် ဆရာကောင်းနဲ့
ဆုံရခြင်းက ကံကောင်းခြင်း၊
.
အလုပ်လုပ်စဉ် ဆရာသမားကောင်းနဲ့
ဆုံရခြင်းက ကံကောင်းခြင်း၊
.
အိမ်ထောင်ကျစဉ် ဒိုးတူပေါင်ဖက်
အခြားတစ်ခြမ်းနဲ့ဆုံရခြင်းက ကံကောင်းခြင်းပါတဲ့။
.
ကောင်းမွန်တဲ့စိတ်က လှုံ့ ဆော်မှုတစ်မျိုး
ကိုဖြစ်ပေါ်စေတယ်။
ကြိုးစားတဲ့လူနဲ့အတူနေရင် အနည်းဆုံးတော့
သူတို့နောက် သင်အမီလိုက်ချင်မှာပဲ။
.
တိုးတက်လိုစိတ်မရှိသူနဲ့အတူနေရင်
လှေကားအဆင်းကိုပဲ သင်ဆင်းနေလိမ့်မယ်။ ဆင်းလေ အောက်ရောက်လေပဲဖြစ်နေပါလိမ့်မယ်။
.
ဖတ်မိသမျှ ဘာသာပြန်မျှဝေပါတယ်
.
.
                                                                          Nine Nine Sanay @ နိုင်းနိုင်းစနေ

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)