ဘယ်သူက အပျော်ဆုံးလဲ ? ? ? ?

 



တခါက ကျီးကန်းတကောင်ဟာ သူ့ဘဝသူ ကျေနပ် ပျော်ရွှင်နေပါသတဲ့ ။

တနေ့မှာ ငန်းဘဲဖြူ တကောင်ကို ကျီးကန်းကတွေ့တဲ့အခါ ။

ဒီငန်းဘဲကတော့ ဖြူ စွတ်နေတာပဲ ၊
 သူဟာ ကမ္ဘာမှာ အပျော်ရွှင်ဆုံးသူ ဖြစ်နိုင်တယ်လို့ တွေးမိပြီး ၊ ငန်းဘဲကို သူ့အတွေးအကြောင်းပြောပြတယ် ။
ငန်းဘဲကလည်း သိပ်မှန်တာပေါ့ ။ 
ငါဟာ ကြက်တူရွေးကို မမြင်ဘူးခင်ထိ ငါကိုယ်ငါ ဂုဏ်ယူပြီး အပျော်ရွင်ဆုံးလို့ ထင်ခဲ့တယ် ။ ကြက်တူရွေးက အရောင် နှစ်ရောင်ရှိတယ်လေ ။ 
အခုတော့ ငါထင်တယ် ကြက်တူရွေးဟာ ကမ္ဘာမှာ အပျော်ရွှင်ဆုံးဌက်ဖြစ်မယ်လို့ပြောသတဲ့ ။

ဒီတော့ ကျီးကန်းလည်း ကြက်တူရွေးထံ ချဉ်းကပ်ပြီး မေးတဲ့အခါ။
ကြက်တူရွေးက အရောင်စုံတဲ့ ဒေါင်းတကောင်ကို မမြင်ဘူးခင်အထိ ငါဟာ အလွန်ပျော်ရွင်ခဲ့ဘူးတယ် ၊ ငါ့မှာတော့ အရောင် နှစ်ရောင်ပဲရှိပြီး ၊ ဒေါင်းမှာတော့ အရောင်မျိုးစုံရှိတယ်လေ ။ 
ဒါကြောင့် ဒေါင်းဟာ ကမ္ဘာမှာ အပျော်ဆုံးဌက် ဖြစ်မယ်လို့ ကျီးကန်းကို ရှင်းပြခဲ့တယ်။

ကျီးကန်းလည်း ဒေါင်းကို တွေ.ချင်တာနဲ့ လိုက်ရှာတဲ့အခါ ၊ 
တိရိစ္ဆာရုံတခုထဲမှာ ရာချီတဲ့လူတွေ ဝိုင်းအုံကြည့်နေတဲ့ ဒေါင်းတကောင်ကို တွေ.ပါလေရော ။
ကျီးကန်းဟာ လူတွေ ထွက်သွားတဲ့ အချိန်ထိစောင့်ပြီး ၊ ဒေါင်းထံကို ချဉ်းကပ်ခဲ့တယ် ။
အို အသင်ဒေါင်း ၊ သင်ဟာ အလွန်လှပသူပါ ။

နေ့စဉ်နေ့တိုင်း လူအများအပြားဟာ သင့်ကို လာရောက်ကြည့်ရှုကြတယ် ။
ကျွန်ုပ်မှာတော့ လူတွေက မြင်တာနဲ့ မောင်းလွတ်တော့တာပဲ ။
သင်ဟာ ကမ္ဘာမှာ အပျော်ရွှင်ဆုံး ဌက်လို့ ကျွန်တော်ထင်တယ် လို့ မေးတဲ့အခါ ။
ဒေါင်းက ငါဟာ ကမ္ဘာမှာ အလှဆုံးနဲ့ အပျော်ရွှင်ရဆုံး ဌက်တကောင်လို့ ငါ့ကိုယ်ငါထင်ခဲ့တယ် ။ ဒီအလှကြောင့်ပဲ ငါဟာ တိရိစ္ဆာန်ရုံထဲမှာ နေနေရတယ် ။
ငါသေချာစဉ်းစားကြည့်လိုက်တဲ့အခါ ကျီးကန်းဟာ တိရိစ္ဆာန်ရုံထဲမှာ
 လှောင်အိမ်ထဲ အထည့်မခံရတဲ့ ဌက်ပဲ ။
ငါသာ ကျီးကန်းတကောင်ဖြစ်ရင် သိပ်ကောင်းမှာပဲ ၊ 
ငါဟာ လွတ်လွတ်လပ်လပ် ဆန္ဒရှိတဲ့နေရာကို သွားလာနိုင်မယ်လို့ ပြီးခဲ့တဲ့ရက်တွေကပဲ ငါတွေးနေခဲ့သေးတယ် လို့ပြန်ပြောသတဲ့ ။

အရာအားလုံးဟာ သူ့အလှနဲ့ သူရှိနေပြီးသားပါ ။ 
ငါက ပိုလှတယ် သူက ပိုလှတယ် ဆိုပြီး ၊ ပြောနေ ပြိုင်နေစရာမလိုပါဘူး ။ 
ကျွန်တော်တို့ လူသားတွေဟာ ဒီပုံပြင်ထဲက ဌက်တွေလိုပါပဲ ။ 
လူတိုင်းမှာ ကိုယ်ပိုင် အလှတရားနဲ့ ပျော်ရွှင်မှုတွေ ရှိနေကြပါတယ် ။ 
သဘာဝက ပေးထားတဲ့ ကိုယ်ပိုင်အရာတွေ ရှိပေမဲ့ အခြားသူတွေနဲ့ 
မလိုအပ်တဲ့ နှိုင်းယှဉ်မှုတွေ လုပ်ပြီး စိတ်မကောင်းဖြစ်နေကြတယ် ။ 
မနာလိုခြင်းတွေ ဖြစ်နေကြတယ် ။

ပျော်ရွှင်ခြင်းရဲ့ လျှို.ဝှက်ချက်ကို ရှာဖွေပါ ။ 
ဘယ်အရာက ၊ ဘယ်လို စိတ်ကူးမျိုးက သင့်ကို ပျော်ရွှင်စေနိုင်မလည်း ဆိုတာ လေ့လာပါ ။
 တစ်ပါးသူရဲ့ ပိုင်ဆိုင်မှုဟာ ကိုယ်နဲ့မတူသာလွန်တာတွေ ရှိနေခဲ့ရင်တောင်
 မုဒိတာ ပွားလိုက်ရုံပါပဲ ။ 
ဘာကြောင့် စိတ်ဆင်းရဲခံနေဖို့ လိုအပ်ပါသလဲ ။ 
သဘာဝတရားကြီးက လှပတဲ့ အရာတွေ ပျော်ရွင်ဖွယ် အချိန်တွေကို
 တဦးနဲ့ တဦးမတူညီအောင် ပေးထားပြီးသားပါ ။

မလိုအပ်တဲ့ နှိုင်းယှဉ်မှုတွေဟာ စိတ်ဆင်းရဲခြင်းကိုသာ ဖြစ်စေပါလိမ့်မယ် ။
.
.
 နည်းနည်းဖတ် များများတွေး

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)