လက်မထပ်ခင် သင်မသိနိုင်သေးတဲ့ အိမ်ထောင်ရေး အတွေ့အကြုံ (၁၀) ခု

စိတ်ကူးနဲ့ လက်တွေ့ဟာ တကယ်တော့ အရမ်းကို ကွဲပြားနေတတ်ပါတယ်။
 လူလွတ်ဘဝကနေ အိမ်ထောင်သည် ဘဝကို ရောက်ရှိသွားတာနဲ့ အရာရာဟာ ပြောင်းလဲသွားတတ်ပါတယ်။ သင့်ကို ဘယ်သူမှ မပြောပြထားတဲ့ အိမ်ထောင်ရေး အတွေ့အကြုံတွေကို ချက်ခြင်း ရင်ဆိုင်ရတော့တာပါပဲ။


သင့်ကို တော်ရုံအိမ်ထောင်ရှင်တွေ မပြောပြထားတဲ့ အိမ်ထောင်ရေး အတွေ့အကြုံ (၁၀) ခုရှိပါတယ်
.
။ အိမ်ထောင်ပရိဘောဂတွေကို ရွှေ့ပြောင်းဝယ်ယူရတဲ့ ဒုက္ခဟာ မသေးပါဘူး။ တစ်ခါတလေ ဆိုဖာတွေ၊ ဗီရိုတွေက အိမ်တံခါးနဲ့ မဆံ့ပဲ ဖြစ်နေတတ်ပါသေးတယ်။
 ။ လက်ထပ်တယ်ဆိုတာ သူ့တစ်ယောက်တည်းကို မဟုတ်ပါဘူး။ သူ့မိသားစုလည်း ပါဝင်ပါတယ်။

။ သူ့မိသားစုရဲ့ အသုံးစရိတ်က ကြီးမားပါတယ်။ ဒါကိုသင်လည်း ကျခံရတတ်တယ်။

။ လက်ထပ်ပြီးတာနဲ့ သင်ပိုက်ဆံစုဖို့ဆိုတာ ပုံမှန်ဝင်ငွေနဲ့တော့ သိပ်မဖြစ်နိုင်တော့ပါဘူး။
 ၅။ ကလေးဘယ်တော့ ယူမှာလဲဆိုတဲ့ မေးခွန်းတွေ နေ့တိုင်း အမေးခံရမယ်။
။ ကလေးတွေဟာ ဈေးကြီးပါတယ်။ စစ်တမ်းတစ်ခုအရ ကလေးငယ်တစ်ယောက်ကို ငါးနှစ်အထိ ကြီးပြင်းအောင် ပြုစုစောင့်ရှောက်ဖို့အတွက် ပေါင်သုံးသောင်းခွဲလောက် ပျမ်းမျှ ကုန်ပါတယ်။
။ ဘဏ်အကောင့်က သင်တစ်ယောက်တည်းပိုင်တာ မဟုတ်တော့ဘူး။ နှစ်ယောက်ပေါင်း ပိုင်တဲ့ (joint account )  ဖြစ်သွားမှာပါ။
။ အရင်က သင်ချစ်ခဲ့တဲ့ သူ့ရဲ့အလေ့အကျင့်ဟောင်း တချို့က အခုတော့ စိတ်ညစ်စရာ ဖြစ်လာမယ်။ ဥပမာ -လက်သည်းကိုက်တာမျိုးပေါ့။
 ။ ကိုယ်ပိုင်အချိန် မရှိတော့ဘူး။ အလုပ်ပြီးတာနဲ့ အိမ်ကိုတန်းမပြန်ရင် ပြဿနာတက်ပြီသာ မှတ်ပေတော့။
၁၀။ အစားအသောက်တွေ ပြဿနာတက်ရမယ့် အချိန်တွေ ရောက်လာပါပြီ။ နေ့တိုင်း ဒါကြီးပဲ စားတော့မှာလား ဆိုတာမျိုး အပြန်အလှန် မေးတတ်လာကြတော့မှာပါ။
                                                                                   Source : Metro

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)