ရေချိုးခန်းထဲမှာ မသိမ်းသင့်တဲ့ ပစ္စည်း (၅) မျိုး
တော်တော်များများ ရေချိုးခန်းထဲမှာ သိမ်းထားမိနေတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။
.
သွားတိုက်တံ
သွားတိုက်တံကို လူတိုင်းနီးပါးလောက် ရေချိုးခန်းထဲမှာ ထားတတ်ပါတယ်။ Quinnipiac တက္ကသိုလ်က သုတေသနသမားတွေရဲ့ လေ့လာချက်အရ ရေချိုးခန်းထဲမှာ သိမ်းထားခြင်းဟာ အညစ်အကြေး ၆၀
ရာခိုင်နှုန်းလောက် သွားတိုက်တံမှာ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အခြားလူတွေရဲ့ သွားတိုက်တံနဲ့ အတူမထားသင့်ပါဘူး။
မုတ်ဆိတ်ရိတ်ဓား
ရေချိုးခန်းထဲမှာ သိမ်းထားခြင်းဟာ ဓားကို သံချေးမြန်မြန် တက်စေပါတယ်။
.
မိတ်ကပ်
မိတ်ကပ်ကို ရေချိုးခန်းထဲမှာ သိမ်းထားခြင်းဟာ ရေရှည်မခံပါဘူး။
.
မိတ်ကပ်ဘရပ်ရှ်
စိုစွတ်မှုဟာ မိတ်ကပ်ဘရပ်ရှ်မှာရှိတဲ့ ပိုးမွှားတွေကို ရှင်သန်စေပါတယ်။
.
ရေမွှေး
ရေချိုးခန်းထဲမှာ ကြာကြာသိမ်းထားရင် ရေမွှေးရဲ့ အနံ့က ပြောင်းတတ်ပါတယ်။
နေရောင်မရဘဲ ခြောက်သွေ့တဲ့နေရာမှာ သိမ်းထားသင့်တာ ဖြစ်ပါတယ်။
Photos & Source: Prevention
Comments
Post a Comment