Skip to main content

ဆုံးဖြတ်မစောပါနဲ့

ရထားတစ်စင်းပေါ်မှာပေါ့…
၂၄ နှစ်အရွယ်ကောင်လေးက ရထားပြူတင်းပေါက်ကနေအပြင်ကိုကြည့်နေရင်း အော်ပြောလိုက်တယ်…
“အဖေ …ကြည့်ပါဦး …သစ်ပင်တွေက နောက်မှာကျန်ခဲ့တယ်နော်…ဟေ..ဟေး…”
သူ့အဖေကတော့ ပြုံးနေပါတယ်…။ သူတို့နဲ့ မျက်နှာချင်းဆိုင်ခုံက
လင်မယားနှစ်ယောက်ကတော့ ကောင်လေးရဲ့ ကလေးကလားအပြုအမူ အပြောအဆိုတွေကြည့်ပြီး မျက်စောင်းထိုးနေတာပေါ့…။ ကောင်လေးက ရုတ်တရက်ထအော်ပြောပြန်ပါတယ်…။
“ ဟာ…အဖေ…ကြည့်ပါဦးဗျ…တိမ်တွေက ကျနော်တို့နောက်လိုက်လာတယ်နော်…”
ဟိုလင်မယားနှစ်ယောက်က သည်းမခံနိုင်တော့ဘဲ ကောင်လေးအဖေ အဖိုးကြီးကိုပြောလိုက်တယ်…။
“ ကောင်လေးကို…ဆရာဝန်ပြဖို့တော့လိုပြီထင်တယ်…”
အဖိုးကြီးကလည်း ပြုံးပြုံးလေးပဲ ပြန်ဖြေပါတယ်…
“ ဆရာဝန်ပြပြီးပါပြီ…ခုပဲကျုပ်တို့ဆေးရုံကပြန်လာကြတာ…ကျုပ်သားက မွေးရာပါ မျက်စိကွယ်နေခဲ့တာ… ဒီနေ့ဟာ သူ လောကကြီးကို ပထမဆုံးမြင်တွေ့ခွင့်ရတဲ့နေ့ပေါ့…”
လောကမှာရှိသမျှလူအားလုံးဟာ သူ့အကြောင်းနဲ့သူ ရှိနေကြပါတယ်…သူတို့အကြောင်းကို သေချာမသိဘဲ သူတို့ကိုဆုံးဖြတ်မစောလိုက်ပါနဲ့…
                                                                          Credit to ဦးသုည 
                                                                             ကနောင် News

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)