အသက် ( ၁၈ ) နှစ်ပြည့်မှ ဖတ်ပါ &&& အချစ်နှင့်လိင်


 

ဒီပုံစံဟာ ချစ်တင်းနှီးနှောတဲ့ အခါ အန္တရာယ်အရှိဆုံး ပုံစံဖြစ်ပါတယ်

သင့်အနေနဲ့ ချစ်တင်းနှီးနှောဖို့ ပြင်ဆင်နေတယ်ဆိုရင် ဒီစာ ဖတ်ချင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘရာဇီးနို င်ငံက သုတေသီတွေဟာ ချစ်တင်းနှီးနှောတဲ့ ပုံစံတွေထဲက အန္တရာယ်အရှိဆုံး ပုံစံကို ထုတ်ပြန်ခဲ့လို့ပဲ ဖြစ်ပါတယ်။

အန္တရာယ်ဆိုတာ ဘာကို ဆိုလိုတာလဲဆိုတော့ ကျားလိင်အဂါင်္ကျိုးသွားနိုင်တာကို

ဆိုလိုတာပါ။ သုတေသီတွေရဲ့ အဆို အရ အောက်ပါ ပုံစံတွေဟာ အန္တရာယ်အရှိဆုံး ဖြစ်ပါသတဲ့။

သင့်အဖော်ကို မြင်းစီးခိုင်းမယ်ဆိုရင် သတိတော့ ထားပေါ့။ ဘရာဇီးနိုင်ငံရဲ့ ဆေးရုံက မှတ်တမ်းတွေအရ အထက်ပုံပါ ပုံစံတွေဟာ ကျားလိင်အဂါင်္ကျိုးသွားရတဲ့ အဓိက တရားခံတွေ ဖြစ်ပါတယ်။အဆိုပါ သုတေသနမှာ ‘ကျွှန်တော်တို့ ရှာေ ဖွတွေ့ရှိချက်အရ လိင်ဆက်ဆံတဲ့ အခါ အမျိုးသမီးအပေါ်က ဆက်ဆံတဲ့ ပုံစံဟာ အန္တရာယ်အရှိဆုံး ဖြစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသမီး အပေါ်မှာ ဆက်ဆံတဲ့ အခါ အမျိုးသမီးဖြစ်သူက သူမရဲ့ ခန္ဒာကိုယ်အလေးချိန်နဲ့ တောင်မတ်နေတဲ့ ကျားအဂါင်္ပေါ်မှာ ရှိနေပြီး ကျားအဂါင်္ကျိုးသွားနိုင်တဲ့ ပုံစံ ဖြစ်သွားရင် ရပ်လိုက်ဖို့ ခက်ခဲလို့ ဖြစ်ပါ တယ်။ဒီလို ကျားအဂါင်္ကျိုးသွားနိုင်တဲ့ ပုံစံ ဖြစ်သွားရင် အမျိုးသမီးအတွက် သိပ်အန္တရာယ်သိပ်မရှိလှ ပေမယ့် ယောကျာ်း လေးအတွက်တော့ မရှူနိုင် မကယ်နိုင်ဖြစ်သွားနိုင်ပါတယ်။’ လို့ ဖော်ပြထားပါတယ်။

ဆက်ပြီး ‘ယောကျာ်းက လှုပ်ရှားမှုကို ထိန်းချုပ်ဦးဆောင်နေရင် ကျားအဂါင်္နာကျင်တာနဲ့ လှုပ်ရှားမှုကို ရပ်လိုက်လို့ ရပါတယ်’ လို့လည်း ဖော်ပြထားပါတယ်။

လိင်အဂါင်္ကျိုးပဲ့သွားတာ ပြဿနာလားလို့ စိတ်ဝင်စားတဲ့ သူတွေ ရှိနိုင်ပါတယ်။ တစ်ခုသိထားဖို့က ကျားအဂါင်္ကျိုး သွားရင် အင်မတန် (အင်မတန်) နာကျင်မှာ ဖြစ်ပါတယ်။

နောက်ပြီး ကျားအဂါင်္ကျိုးပဲ့သွားရင် နောက်ဆက်တွဲ အနေနဲ့ ပန်းသေ၊ ပန်းညိုးဖြစ်နိုင်သလို ကျားအဂါင်္ကျိုးပဲ့ဖူးတဲ့ လူနာ ၅၀ ရာခိုင်နှုန်းလောက်ဟာ တစ်သက်လုံး အကျဉ်းတန်တဲ့ လိင်အဂါင်္နဲ့ နေသွားရနိုင်ပါတယ်။

ဒါ့အပြင် တစ်သက်လုံး ချစ်တင်းနှီးနှောတဲ့ အခါ နာကျင်မှုကိုလည်း ခံစားရနိုင်ပါတယ်။

ဒီ လေ့လာမှုဟာ လူနာ ၄၄ ယောက်အပေါ် အခြေခံပြီး သုတေသနပြုထားတာမို့ သိပ်ပြီး မစိုးရိမ်ဖို့ တင်ပြလိုပါတယ်။

                                                                                               Yez Magazine

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)