သူနဲ့ပြတ်ကာစ…ဘဝပျက်မလိုတောင် ဖြစ်ခဲ့ဖူးသေးတယ်
သူနဲ့ပြတ်ကာစ…ဘဝပျက်မလိုတောင် ဖြစ်ခဲ့ဖူးသေးတယ်။ ရူးသလိုကြောင်သလိုတောင် ဖြစ်ခဲ့ဖူးသေးတယ်။
မှန်ရှေ့ ကိုယ့်မျက်နှာကိုယ်ပြန်ကြည့် ငိုမိတယ်။ ငါဒီလောက်လှတာကို သူထားခဲ့ရက်တယ်ပေါ့။ နားကြပ်တပ် Volume ကို ဂိတ်ဆုံးဖွင့်ပြီး မျက်ရည်လေး ဝဲမိတယ်။ ငါဒီလောက်ကောင်းပေးခဲ့သားနဲ့ လုပ်ရက်တယ်ပေါ့။
Couple photo လေးတွေ ခဏခဏထုတ်ကြည့်ရင်း အကြိမ်ကြိမ် မျက်ရည်ကျတယ် ငါဒီလောက် Perfect ဖြစ်တာ ထားသွားရက်တယ်ပေါ့။ အခြား ဖုန်းတစ်လုံးနဲ့ သူ့ဖုန်းကိုခေါ် ဟိုဘက်က Hello အသံလေး
နားထောင် ဘာမှပြန်မပြောပဲ
တိတ်တိတ်လေးဖုန်းပြန်ချခဲ့တယ်။ သူ့ Facebook account ထဲ ဝင်ကြည့် ငါနဲ့ပက်သက်တဲ့ Status လေးများတင်ထားမလား? ငါနဲ့လမ်းခွဲရလို့ နောင်တတွေရနေမလားဆိုပြီး ရူးခဲ့တယ်။
သူငယ်ချင်းတွေကို မေးခဲ့တယ် ငါကမလှလို့လား ဒါမှမဟုတ် မချောလို့လားပေါ့… ပြန်ဖြေကြတယ်…နင်က ဘာတစ်ခုမှ အပြစ်ပြောစရာ မရှိပါဘူးတဲ့ စိတ်ထားရော ရုပ်ရည်ပါ Clean ဖြစ်ပါတယ်တဲ့
သူတို့ဆီက အဖြေပြန်ကြားရတိုင်း မျက်ရည်တွေက ရေကာတာကျိုးပေါက်သလို ဒလဟော ကျတော့တာပဲ…။ အစားအသောက်လည်း မမှန်တော့ဘူး ကြုံသလိုစားလာတယ် စားချင်မှထစားတာမျိုး…အိပ်ချိန်လည်း ရေရေရာရာ မရှိတော့ဘူး
လူက Panda eyes လေးဖြစ်နေတာမျိုး… မျက်နှာလေးက ပြောင်ချော်ချော်လေး ဖြစ်နေမယ်။ ဘာမှမလိမ်းမခြယ်နဲ့ လှချင်ပချင်စိတ်လည်း မရှိတော့ဘူး။ Body weight ကိုလည်း ဝဝ ပိန်ပိန် ဖြစ်ချင်တာဖြစ်ဆိုပြီး လွှတ်ထားမယ်အထာကျချင်စိတ် Smart
ချင်စိတ်လည်း မရှိတော့ဘူး။ နှစ်အနည်းငယ် ကြာသွားတဲ့အထိ ဆိုပါတော့။ အဲ့နောက်ပိုင်း ကိုယ့်ဘဝကို မနည်း အဖတ် ပြန်ဆယ်ယူလိုက်ရတယ်… အရင်ကထက် ပိုလှအောင်နေဖို့ ဆုံးဖြတ်လိုက်တယ်…Gym တွေဖိဆော့ရင်း ဂျလန်းဖြစ်လာတယ်…
လုပ်ငန်းခွင်ထဲမှာ Top ဖြစ်လာတယ်…လူရော စိတ်ရော ရင့်ကျက်အောင် ဖန်တီးယူလိုက်တယ်…ဘဝက အဓိပ္ပါယ်ပြန်ရှိလာခဲ့တယ်ပေါ့။ ။
တစ်ရက်ကျတော့…အလုပ်ကိစ္စတစ်ခုနဲ့ အပြင်သွားရတယ် တိုက်တိုက်ဆိုင်ဆိုင် ရည်းစားဟောင်းနဲ့ပြန်ဆုံတယ် သူ့ရဲ့ဘေးမှာ အသစ်တစ်ယောက်နဲ့လေ။ Aww ကိုယ်ကတော့ ဘဝတွေပျက် တိုင်တွေပတ်လို့ ဒင်းကတော့
နောက်တစ်ယောက်နဲ့Romance တွေဆန်လို့ …ကိုယ်ကတော့ မျက်ရည်နဲ့မျက်ခွက် ပရမ်းပတာတွေဖြစ်လို့… ပျော်စရာ အချက်တစ်ချက် တွေ့ရတယ် သူ့ရည်းစားက ကိုယ့်ခြေဖျားတောင် မမှီတာပဲ။ သူက ကိုယ့်ကိုကြည့်တဲ့အကြည့်မှာ
Surprise ဖြစ်နေတာ မြင်ရတယ် ငါနဲ့ပြတ်ပြီးမှ အသေအလဲလှလာတယ်ပေါ့…တဆက်တည်း ကြေကွဲသွားတဲ့ပုံရိပ် နှမြောသွားတဲ့ပုံစံမျိုးနဲ့ အကြီးအကျယ် မှိုင်သွားတာလေ ဘေးက သူ့ရည်းစားကပါ လှမ်းသတိပေးရတယ်
ဘာဖြစ်သွားတာလဲ နေရောကောင်းရဲ့လားတဲ့…။ ကိုယ် ခေါင်းမော့ပြီး ထွက်လာခဲ့လိုက်တယ် ဒီနေ့က အပျော်ဆုံးနေ့လို့ သတ်မှတ်လိုက်တယ်။ စိတ်ထဲ နှစ်ရှည်လများ မှိုင်းမိနေခဲ့ Psycho ဖြစ်နေခဲ့ရတာတွေ
ဒီနေ့တစ်ရက်ထဲနဲ့ ရွှိ ဆို ပျောက်ကုန်ရော…ထင်တဲ့အတိုင်းပဲ ညကျ Ex ဖုန်းပြန်ဆက်လာတယ် အရမ်းလှလာတယ်တဲ့…အရင်ကမှားခဲ့တာတွေ တောင်းပန်ပါတယ်တဲ့…ခုမှ ကိုယ့်တန်ဖိုး သိလာရတာပါတဲ့…ပြန်လာပါရစေတဲ့…
ကိုယ့်ဘက်က ပြန်ပြောလိုက်ပါတယ် စွန့်ပစ်ပြီးသား အမှိုက်စတစ်ခုကို Recycle ပြန်လုပ် သုံးမယ့်အစား…အသစ်တစ်ခုကိုပဲ ရွေးချယ်လိုက်ပါတော့မယ်လို့။
ပြီးတော့…Thanks တစ်ခွန်းပြောပြီး ဖုန်းချ တစ်သက်တာ နှုတ်ဆက်လိုက်တယ် ဒီလောက်ချိုမြိန်တဲ့ လက်စားချေမှု ဘယ်မှာရှိမလဲ…။ ကိုယ်တိုင် တူးဖေါ်ခဲ့တဲ့ ရွှေစလေးကို ဂရုတစိုက် မရှိပေးခဲ့ပဲ သူတပါးလက်ထဲထည့်ပြီးမှ
Showroom ထဲမှာခမ်းနားစွာရှိနေတာ မြင်ရတော့ ပြန်လိုချင်လို့ မရနိုင်တော့ပါဘူး တန်ဖိုးသိတတ်သူရဲ့လက်ထဲ သိပ်လှပနေခဲ့ပြီလေ။ ကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ ပန်းပွင့်လေး သတိမထားမိခဲ့ ပစ်ထားခဲ့ပြီးမှ
အလေးထားတတ်သူက ဧည့်ခန်းမှာ အဆင့်အတန်းမြင့်မြင့်ထား ကိုးကွယ်တာမြင်တော့ ပြန်ပိုင်ဆိုင်ချင်လို့ မဖြစ်နိုင်တော့ပါဘူး အနားမှာ ရှိနေတုန်းက ဥပေက္ခာပြုထားခဲ့တာလေ။
လူတွေက …ကိုယ့်လက်ထဲ ပိုင်ဆိုင်ထားတုန်း တစ်စက်ကလေးမှ တန်ဖိုးထားပေးရမှန်းမသိဘူး မရှိတော့မှ ဆုံးရှုံးသွားမှ ပြန်လိုချင်ကြတာမျိုးလေ။ ။
#Lwin
ဗဟုသုတ

Comments
Post a Comment