တန်ဖိုးရှိလိုက်တာဖေ​ဖေရယ် သမီး ဘုရား​ကို ​နောက်​တစ်​ခါ ဘယ်တော့မှ ထပ်​မသွားချင်​တော့ဘူး
ဖေ​ဖေ သမီး ဘုရား​ကို ​နောက်​တစ်​ခါ ထပ်​မသွား​တော့ဘူး
ဘာဖြစ်​လို့လဲ သမီးရဲ့
ဘုရား​ကို သမီးသွား​တော့ ​တွေ့တဲ့လူတိုင်းက ဘုရားဝတ်ပြုနေတဲ့
အချိန်မှာတောင်​ ဖုန်းသုံး​နေတဲ့သူနဲ့ အတင်း​ပြော​နေတဲ့သူနဲ့ ဘယ်​သူမှ
 တ​လေးတစား မရှိကြဘူး
သူတို့​အားလုံးဟာ သူ​တော်​​ကောင်း​ယောင်​ ​ဆောင်​​နေကြတာပဲ
ဖေ​ဖေ သမီးကို တစ်​ခု​လောက်​ လုပ်​ခိုင်းလို့ရမလား
ပြောကြည့်​​လေ ​ဖေ​ဖေ ဘာများလဲ
ဒါဆို သမီး ဖန်​ခွက်​ထဲ ​ရေအပြည့်​ထည့်​ပြီး ဘုရားကို ၂ ပတ်​ လမ်း​လျောက်​ရမယ်
 ဒါ​ပေမယ့်​ ​ရေ​တော့ လုံးဝ မဖိတ်​ရဘူး​နော်
ဒါ​လေးများ ​အေး​ဆေး လုပ်​နိုင်​ပါတယ်​ ​ဖေ​ဖေ
သမီး ပြန်ရောက်ပီ ဖေဖေ ဒီမှာကြည့်​ ​ရေ လုံးဝ မဖိတ်​ဘူး
ဟုတ်​ပီ ဒါဆို ​ဖေ​ဖေ သမီးကို ​မေးခွန်း ၃ ခု ​မေးမယ်
သမီး ဘုရား​​ပေါ်မှာ ဖုန်း သုံး​နေတဲ့သူ​တွေ ​တွေ့ခဲ့လား…
အတင်း​ပြော​နေတာ​တွေ​ရော ကြားခဲ့လား.. သမာဓိပျက်​​နေတဲ့သူ​တွေ​ရော ရှိခဲ့လား
ဘယ်​လိုလုပ်​ ​တွေ့ခဲ့မှာလဲ ​ဖေ​ဖေရယ်​ အဲဒါ​တွေ သွားကြည့်​ရင်​ သမီး ဖန်​ခွက်​ထဲက​ရေ ဖိတ်​သွားမှာ​ပေါ့ ကိုယ့်​ဟာကိုယ်​ အာရုံစိုက်​ထားရတာ သူတို့ကို မကြည့်​အားပါဘူး
ဖေ​ဖေလိုချင်​တာ အဲဒါပဲ သမီး
သမီး ဘုရား​ကျောင်းကို သွားတယ်​ဆိုရင်​ လုပ်​သင့်​တာက ကိုယ့်​အလုပ်​ကို ကိုယ်​ အာရုံစိုက်​ပြီး ဘုရားကို အာရုံပြု​နေဖို့ပဲ ကျန်​တာ​တွေက ကိုယ့်​ကိစ္စ မဟုတ်​ဘူး
ကိုယ့်​သမာဓိ မပျက်​ဖို့ပဲ အ​ရေးကြီးတယ်​ မဟုတ်​လား သမီး
ဘယ်​သူ တရားပျက်​​ပျက်​ ကိုယ်​ မပျက်​ဖို့ လိုတယ်​ သမီး
ဒါဆိုရင်​ သမီး ဘဝ တစ်လျှောက်မှာ ဘယ်လို အဖြစ်အပျက်နဲ့ပဲ ကြုံရကြုံရ ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာသာ အာရုံ အပြည့်အဝ စူးစိုက်ထားမယ်ဆိုရင် ပြင်ပ ဘယ်အရာကမှ သမီးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး သမီး
ကျေးဇူးပါ ​ဖေ​ဖေ ​ဖေ​ဖေ​ပေးတဲ့ သင်​ခန်းစာက သမီးအတွက်​ တကယ်​ကို ​ကောင်းလွန်းပါတယ်​​ဖေ​ဖေ
apannpyay
Comments
Popular posts from this blog
အသက် ( ၁၈ ) နှစ်ပြည့်မှ ဖတ်ပါ &&& အချစ်နှင့်လိင်
Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)
အပျို၊ အပျိုစစ်နှင့် အပျိုစင်