မိန်းကလေး တွေ အန္တရာယ် နဲ့ ကြုံတွေ့လာရင် ဖြေရှင်းနည်း များ
1) ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း
တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေ ကြုံလာခဲ့မယ်ဆိုရင်…
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကား ထဲကို ဝင်လိုက်ပါ… ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ…
ဥပမာ ကိုယ်သွားရမယ့် အထပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ…
အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကား ထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး….
2) မိမိ တစ်ယောက်တည်း အိမ် မှာ ရှိနေစဉ် လူစိမ်း တစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်…
ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖို ထဲကိုပြေးပါ… ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်… ဓါး ကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်း ထက် ပိုသိလို့ပါပဲ…
ဒီ ပစ္စည်း တွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက် aတွ ဖြစ်
တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ…
ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်…
သင့်ရဲ့ aအ်ာဟစ် အကူအညီ တောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သား aတွ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့…
3) ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်…
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင် သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ် ကို မှတ်သား ထားပါ…
ပြီးရင် ကိုယ့် ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ် ကား နံပတ်၊ ဘာ ကား အရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကား ဒရိုင်ဘာ နားလည်တဲ့ ဘာသာစကား နဲ့ ဖုန်းပြောပါ…
တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ…
ကား ဒရိုင်ဘာ ဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦး ရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခုလုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်…
သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခ aရာက်နိုင် တာကြောင့် သင့်သွားလိုတဲ့ နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်…
ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်…
4) အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်… သင်အန္တရာယ် ဧရိယာ ထဲ ရောက်ရှိနေပြီလို့ ခံစားရရင်…
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူ များရဲ့ အဆိုအရ သင့် လက်ကိုင်အိတ် ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ…
သင့်မှာ လက်ကိုင်အိတ် aရာ ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်း ဆွဲထားလိုက်ပါ…
အင်္ကျီအပေါ်ဆုံး ကြယ်သီး က ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူ ကို လည်ပင်း အစ်စေပြီး သင့်ကို အန္တရာယ် က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်…
5) ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်…
ကျွမ်းကျင်သူ များရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ… သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ…
ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်း ထဲကို ဝင်လိုက်ပါ… ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေး အမြဲ ရှိနေတတ်တဲ့ အတွက်ပါပဲ…
လူသိမခံလိုတဲ့ ဒုစရိုက်သမား တွေအတွက် ဒီလို ပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေမှာ ဖြစ်ပါတယ်…
ဒီစာလေးကို တွေ့မိ ဖတ်မိတဲ့အခါ မိန်းကလေး များ အတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်။
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေး များအ တွက် ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးကြပါ လို့ လေးစားစွာ တိုက်တွန်းတင်ပြရင်း…
to Original Uploader
ဗဟုသုတ

Comments
Post a Comment