ရတနာ၏တန်းဖိုး

( ရတနာ၏တန်းဖိုး )
ရတနာ ဟူသည် နှစ်သက် မြတ်နိုးတန်ဖိုး ထားအပ်ပြီး ကောင်းကျိုးချမ်းသာ ကိုပေးတက်သော ကြောင့် ရတနာ ဟုခေါ်သည် ဟု ကျွန်ုပ် ငယ်စဉ် ကတည်း
ကပင် ဆရာကောင်း သမားကောင်း တို့၏ ကျေးဇူးကြောင့် မှတ်သားခဲ့ရ ပါသည်။ သို့သော်လည်း လောကတွင်ရှိရှိသမျှ ရတနာ တို့တွင် ဘုရား တရား သံဃာ တည်းဟူသော ရတနာ မြတ်သုံးပါးသည်
 လောကတွင် အသာလွန်ဆုံး အမြတ်ဆုံး အကောင်းမွန်ဆုံး ဆိုသည် မှာလည်း လုံးဝဧကန်ပင် ဖြစ်သည်မှာ ငြင်းစရာမလိုပေ။ အဘယ်ကြောင့် ဆိုသော် ရတနာ မြတ်သုံးပါးသည် ပစ္စုပ္ပန် တွင်သာ မက သံသရာ အကျိုး၊မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင်
 ကောင်းကျိုးချမ်းသာကို ပေးတက်သောကြောင့်ဖြစ်သည်။
ထိုကြောင့် “ ဘုရား တရား သံဃာ ” ရတနာမြတ်သုံးပါး တို့ ၏ ဂုဏ်တော်များ နှင့် အနက်အဓိပ္ပါယ်တို့ အားတပေါင်းတစည်း ထဲ ထပ်မံ၍ ပူဇော်လိုက်ပါသည်။

ဘုရားရှင်၏ ဂုဏ်တော် (၉) ပါး.........
(၁)အရဟံ.လူ၊နတ်၊ဗြဟ္မာ၊သတ္တဝါတို့၏ပူဇော်အထူးကိုခံယူတော်မူထိုက်သော မြတ်စွာဘုရား မြတ်စွာဘုရား။
(၂)သမ္မာသမ္ဗုဒ္ဓေါအလုံးစုံသောတရားတော်တို့ကိုဆရာမရှိဘဲတိကျမှန်ကန်စွာသိမြင်တော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား။
(၃) ဝိဇ္ဇာစရဏ သမ္ပန္နော - အသိ ဝိဇ္ဇာ သုံးပါး ၊ အကျင့် စရဏ တစ်ဆယ့်ငါးပါး တို့နှင့် ပြည့်စုံတော်မူသော
 မြတ်စွာဘုရား မြတ်စွာဘုရား။
(၄)သုဂတော- ကောင်းသောစကားတို့ကိုဆိုတော်မူတက်သော
 မြတ်စွာဘုရားမြတ်စွာဘုရား။
(၅) လောကဝိဒူ- လောကသုံးပါးတို့ကိုအကုန်အစင်သိမြင်တော်
မူသော မြတ်စွာဘုရားမြတ်စွာဘုရား။
(၆) အနုတ္တရော ပုရိသဓမ္မသာရတ္ထိ - မယဉ်ကျေးသော သူတို့ကို ယဉ်ကျေးအောင် ဆုံးမသော သူတို့တွင် အသာလွန် ဆုံး ဖြစ်တော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား။
္တ(၇) သတ္တာဒေဝ မနုဿနံ - လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ အပေါင်း
တို့ ၏ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား။
(၈)ဗုဒ္ဓေါ-သစ္စာ လေးပါးအမှန်တရားတို့ကိုသိပြီးသိစေတော်
မူသော မြတ်စွာဘုရားမြတ်စွာဘုရား။
(၉)ဘဂဝါ - ဘုန်းတန်ခိုး ကြီးမားတော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား
တံ ဂုဏသမ္ပန္နံ - အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်အပေါင်း တို့နှင့် ပြည့်စုံတော် မူသော သုံးလောကထွဋ္ဋ်ထား ထိုမြတ်စွာဘုရားကို အဟံ - ဘုရားတပည့်တော်သည် ဝန္ဒာမိ - ယုံကြည် သဒ္ဒါ ရှေ့ထားကာဖြင့် ရှိခိုးဦးချ ကန်တော့ပါ၏ အရှင်ဘုရား..။
တရားတော်၏ ဂုဏ်တော် (၆) ပါး......
(၁)သွက္ခာတော - အစ၏ ကောင်းခြင်း ၊ အလယ်၏ ကောင်းခြင်း ၊ အဆုံး၏ ကောင်းခြင်း တို့နှင့် ပြည်စုံအောင် ကောင်းစွာဟော
ကြားအပ်သော တရားတော်မြတ် တရားတော်မြတ်။
(၂)သန္ဒိဋ္ဌိကော - ကိုယ်တိုင်သိမြင် ထိုက်သော တရားတော်မြတ် တရားတော်မြတ်။
(၃)အကာလိကော - အချိန်ကာလ မခြားပဲ အကျိုးပေး တက်သော တရားတော်မြတ် တရားတော်မြတ်။
(၄)ဧဟိပဿိကော - လာပါ၊ ရှုပါ ၊ ကျင့်ကြံ ပါ ဟု ဖိတ်ခေါ်
 ပြသခြင်း ငှာ ထိုက်သော တရားတော်မြတ် တရားတော်မြတ်။
(၅)သြပါနေယျိကော - အနီး ၌ ဆောင်ထားခြင်းငှာ ထိုက်သော တရားတော်မြတ် တရားတော်မြတ်။
(၆)ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိတိ - တရားသိမြင် ပညာရှင်တို့သာ သိမြင်နိုင်သော တရားတော်မြတ် တရားတော်မြတ်။
တံ ဂုဏသမ္ပန္နံ - သွက္ခာတော အစရှိသော ခြောက်ပါးသော ဂုဏ်တော်အပေါင်း တို့နှင့် ပြည့်စုံတော် မူသော မဂ် ၊ ဖိုလ် နိဗ္ဗာန် ဓမ္မခဏ် ဟု ဆယ်တန်သတ်မှတ် ထိုတရားတော်မြတ်ကို အဟံ - ဘုရားတပည့်တော်သည် ဝန္ဒာမိ - ယုံကြည် သဒ္ဒါ ရှေ့ထားကာဖြင့် ရှိခိုးဦးချ ကန်တော့ပါ၏ အရှင်ဘုရား..။
သံဃာဂုဏ်တော် (၉) ပါး.........
(၁) သုပ္ပဋိပန္နော - ကောင်းစွာ ကျင့်တော်မူသော ဘုရားသား တော် သံဃာတော်မြတ် သံဃာတော်မြတ်။
(၂) ဥဇုပ္ပဋိပ္ပန္နော - ဖြောင့်စွာ ကျင့်တော်မူသော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်။
(၃)ဉာယပ္ပဋိပန္နော - ဆင်းရဲ ကင်းရာ နိဗ္ဗာန် အလို့ ငှာ ကျင့်တော်မူသော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်။
(၄) သာမိစိပ္ပဋိပန္နော - ရိုသေသမှု နှင့် လျော်ညီအောင်ကျင့်တော်မူသော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်။
(၅) အာဟု နေယျော - အဝေး မှ ဆောင်၍ ယူလာသော ပစ္စည်းတို့ကို အလှုခံ ထိုက်သော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်။
(၆) ပါဟု နေယျော - ဧည်သည်များ အတွက် စီမံ၍ ထားအပ်သော ပစ္စည်းတို့ကို အလှုခံ ထိုက်သော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်။
(၇) ဒဏ္ခိနေယျော - မြတ်သော အလှု ကို အလှုခံ ထိုက်သော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်။
(၈) အဉ္စလီ ကရဏီယျော - လက်အုပ်ချီမိုး၍ 
  ရိုသေရှိခိုးထိုက်သော
 ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်။
(၉) အနုတ္တရံ ပုညခေတ္တံ လောကဿ - ကုသိုလ် ကောင်းမှု စိုက်ပျိုး ဖို့ရန်အတွက် အတုမရှိအောင် ကောင်း၍ လယ်ယာ မြေကောင်းနှင့် တူသော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်။
တံ ဂုဏသမ္ပန္နံ - သုပ္ပဋိပန္နော အစရှိသော ကိုးပါးသော ဂုဏ်တော်အပေါင်း တို့နှင့် ပြည့်စုံတော် မူသော ဘုရားသားတော် ထို သံဃာတော် မြတ်ကို အဟံ - ဘုရားတပည့်တော်မုနိန္ဒသည် ဝန္ဒာမိ - ယုံကြည် သဒ္ဒါ ရှေ့ထားကာဖြင့် ရှိခိုးဦးချ ကန်တော့ပါ၏ အရှင်ဘုရား..။မျှဝေကုသိုလ်ပြုပါသည်။
                                         Ashin Mu Nain Da

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)