ဒါက အချစ်ရေးနဲ့ဆိုင်တဲ့ personality test လေး ဖြစ်ပါတယ်

ဒါက အချစ်ရေးနဲ့ဆိုင်တဲ့ personality test လေး ဖြစ်ပါတယ် ..။ 
အပျော်သဘောအနေနဲ့ စမ်းစစ်နိုင်တဲ့ မေးခွန်းလေးများပဲ ဖြစ်ပါတယ် ..။
ကဲ ... စလိုက်ကြရအောင် ...
အဖြေတွေကို စာရွက်မှာရေးမှတ်ထားနော် ...။
(၁) ကမ္ဘာပျက်တော့မယ်တဲ့ ...။ သင်က လွတ်မြောက်ခွင့်ရရှိမှာ ဖြစ်ပြီးတော့ သင်နဲ့အတူတူ တိရစ္ဆာန်

တစ်ကောင်ကိုလည်း ကယ်တင်ပေးနိုင်မှာ ဖြစ်ပါတယ် ...။
 အောက်ပါ တိရစ္ဆာန်များအနက်မှ ဘယ်တိရစ္ဆာန်ကိုများ ရွေးချယ်ချင်ပါသလဲ ...။
(က) ယုန် (ခ) သိုး (ဂ) သမင် (ဃ) မြင်း
(၂) တကယ်လို့သင်ဟာ တိရစ္ဆာန်တစ်ကောင်သာ ဖြစ်ခဲ့ရင် ဘာကောင်များ ဖြစ်ချင်ပါသလဲ ...။ အောက်ပါ တိရစ္ဆာန်များထဲမှ ရွေးချယ်ပေးပါ။
(က) ခွေး (ခ) ကြောင် (ဂ) မြင်း (ဃ) မြွေ
(၃) သင့်မှာ ကမ္ဘာလောကကြီးထဲက သတ္တ၀ါမျိုးစိတ်တစ်ခုကို ထာဝရ ပျောက်ကွယ်သွားအောင် လုပ်နိုင်တဲ့ စွမ်းအားရှိပါတယ် ...။ ဘယ်ကောင်ကိုများ ဖျောက်ပစ်ချင်သလဲ ...။
(က) ခြင်္သေ့ (ခ) မြွေ (ဂ) မိကျောင်း (ဃ) ငမန်း
(၄) အောက်က တိရစ္ဆာန်တွေထဲက တစ်မျိုးကသာ စကားပြောနိုင်မယ်ဆိုရင် ဘယ်အကောင်ကို စကားပြောနိုင်စေချင်ပါသလဲ ..။
(က) သိုး (ခ) မြင်း (ဂ) ယုန် (ဃ) ငှက်
(၅) တသီးပုဂ္ဂလတည်ရှိနေတဲ့ ကျွန်းတစ်ကျွန်းမှာ သင်ဟာ အောက်ပါသတ္တ၀ါများထဲမှ တစ်ကောင်(သို့)တစ်ယောက်ကို အဖော်လုပ်ရင်းနေခွင့် ရှိပါတယ် ...။ ရွေးချယ်ပေးပါဦး။
(က) လူ (ခ) ၀က် (ဂ) နွား (ဃ) ငှက်


(၆) သင့်မှာ တိရစ္ဆာန်များကို ယဉ်ပါးအောင် လုပ်နိုင်တဲ့ အစွမ်းရှိခဲ့မယ်ဆိုရင် အောက်ပါတို့ အနက်က ဘယ်အကောင်ကို အိမ်မွေးအချစ်တော်အဖြစ် ထားချင်ပါသလဲ ...။
(က) ဒိုင်နိုဆော (ခ) ကျားဖြူ (ဂ) ပိုလာ ၀က်ဝံ (ဃ) ကျားသစ်
(၇) အောက်ပါတိရစ္ဆာန်များထဲက တစ်ကောင်အဖြစ်သို့ ငါးမိနစ်ခန့် ပြောင်းသွားနိုင်မယ်ဆိုရင် ဘယ်အကောင်အဖြစ် ပြောင်းလဲ သွားချင်ပါသလဲ ...။
(က) ခြင်္သေ့ (ခ) ကြောင် (ဂ) မြင်း (ဃ) ခို
ကဲ ............. ဖြေပြီးရင်တော့ ရှင်းလင်းချက်လေးတွေကို ကြည့်လို့ရပါပြီ ...
.
.
(၁) အခုရွေးချယ်မှုဟာ လက်တွေ့ဘ၀မှာ ဘယ်လို လူစားမျိုးက သင့်ကို စွဲဆောင်မှုပေးနိုင်သလဲဆိုတာ ဖော်ပြနေပါတယ်တဲ့ ...။
(က) ယုန် - အပြင်မှာတော့ အေးတိအေးစက်ဖြစ်နေပေမယ့် အတွင်းစိတ်ကတော့ နွေးထွေးကြင်နာတတ်တဲ့သူမျိုးတဲ့
(ခ) သိုး - ကိုယ့်စကားကို နားထောင်ပြီး ကိုယ့်ကိုလည်း နွေးထွေးကြင်နာမှုပေးနိုင်တဲ့သူမျိုးပါတဲ့
(ဂ) သမင် - ရုပ်ရည်ချောမောပြေပြစ်ရမယ်၊ စိတ်သဘောထားလည်း ကောင်းရမယ်တဲ့
(ဃ) မြင်း - စိတ်ရှင်းတဲ့လူမျိုး၊ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်တဲ့သူမျိုးတဲ့
(၂) ဒီရွေးချယ်မှုကတော့ သင့်ရဲ့ဘယ်အချက်တွေကိုများ သင့်ချစ်သူက အထင်ကြီးစေချင်မိသလဲဆိုတာကို ဖော်ပြနေပါတယ်
(က) ခွေး - သစ္စာရှိမှု ၊ ယုံကြည်မှု။
(ခ) ကြောင် - စတိုင်ကျမှု။
(ဂ) မြင်း - အကောင်းမြင်တတ်မှု။
(ဃ) မြွေ - လိုက်လျောညီထွေနေထိုင်တတ်မှု
(၃) ဒီတစ်ခုက ဘာကိုပြောနိုင်သလဲဆိုတော့ သင့်ချစ်သူရဲ့ ဘယ်အပြုအမူက သင့်တို့ရဲ့အချစ်ရေး ဆုံးခန်း တိုင်သွားစေနိုင်သလဲဆိုတာပဲ ဖြစ်ပါတယ် ...။
(က) ခြင်္သေ့ - သင့်ချစ်သူရဲ့ မောက်မာမှု နဲ့ အာဏာရှင်ဆန်တဲ့ အပြုအမူတွေနဲ့ ကြုံတွေ့ရရင်
(ခ) မြွေ - သင့်ချစ်သူက စိတ်အပြောင်းအလဲများတာမျိုး၊ စိတ်ခဏခဏကောက်တတ်တာမျိုး၊ နောက်ဆုံး သူကျေနပ်အောင် ဘယ်လိုလုပ်ပေးရမယ်မှန်း သင်မသိတော့ရင်
(ဂ) မိကျောင်း - သင့်ချစ်သူရဲ့ အားမနာပ မညှာမတာလုပ်မှုတွေနဲ့ ကြုံတွေ့ရရင်
(ဃ) ငါးမန်း - သင့်ချစ်သူရဲ့ စိတ်မချရမှုတွေ (ဥပမာ-နောက်ကွယ်မှာ ရှုပ်တာမျိုး)
(၄) သင့်ရဲ့ရွေးချယ်မှုဟာ သင့်ချစ်သူနဲ့ပတ်သတ်ပြီး ဘယ်လိုအချစ်ရေးမျိုးကို တည်ဆောက်ချင်သလဲဆိုတာကို ဖော်ပြနေပါတယ် ...။
(က) သိုး - တစ်ယောက်ရဲ့ စိတ်ထဲမှာ ဘာရှိသလဲဆိုတာ ပြောစရာမလိုပဲ သိနေတာမျိုး
(ခ) မြင်း - အရာရာတိုင်း ဖွင့်ပြောတိုင်ပင်ကြတာမျိုး၊ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ လှို့ဝှက်ချက်မရှိတာမျိုး
(ဂ) ယုန် - သည်းသည်းလှုပ်အချစ်တွေနဲ့ နွေးထွေးမှုကို ပေးစေနိုင်တဲ့ အချစ်ရေးမျိုး
(ဃ) ငှက် - ရှည်ကြာတည်တံ့တဲ့ အချစ်ရေးမျိုး
(၅) ဒီမှာကတော့ သင့်ချစ်သူကွယ်ရာမှာ သင်ခြေရှုပ်တတ်သလား ဆိုတာကို ဖော်ပြနေပါတယ် ..။
(က) လူ - အဲလိုလုပ်လိမ့်မှာမဟုတ်ပါဘူ
(ခ) ၀က် - သင့်စိတ်ကို သင်မထိန်းချုပ်နိုင်ဘူး ... ဒါကြောင့် ရှုပ်ကောင်းရှုပ်နိုင်ပါလိမ့်မယ် ..။
(ဂ) နွား - သင်က သင့်စိတ်ကို ထိန်းချုပ်သည်းခံနိုင်တဲ့ လူစားမျိုးပါ.။ ဒါကြောင့် အဲလို မဖြစ်အောင် သင်ထိန်းပါလိမ့်မယ်.။
(ဃ) ငှက်- သင်ကသိပ်ပြီး ကတိတည်တတ်တာ မဟုတ်ဘူးတဲ့ ။  ဒါကြောင့် ရှုပ်ကောင်းရှုပ်နိုင်ပါလိမ့်မယ် ..။
(၆) ဒါကတော့ လက်ထပ်ခြင်းအပေါ်မှာထားတဲ့ သင့်ရဲ့ အမြင်ကိုဖော်ပြပါတယ်..။
(က) ဒိုင်နိုဆော - သင်ဟာ လက်ထပ်ခြင်းနဲ့ ပတ်သက်ပြီး အဆိုးမြင်တဲ့စိတ်ရှိနေပါတယ် ...။ ယခုခေတ်ကာလမှာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးမျိုး ရှိတယ်လို့ သင်စိတ်ထဲမှာ မထင်ထားဘူးတဲ့..။
(ခ) ကျားဖြူ - လက်ထပ်ခြင်းဆိုတာ သင့်အတွက်တော့ တန်ဖိုးရှိတဲ့ အရာပါ ...။ သင် လက်ထပ်လိုက်တယ်ဆိုတာနဲ့ သင်ဟာ သင့်ရဲ့ အိမ်ထောင်ရေးနဲ့ သင့်ဇနီး/ခင်ပွန်းကို အလွန်တန်ဖိုးထားပါလိမ့်မယ် ..။
(ဂ) ပိုလာဝက်ဝံ - လက်ထပ်ရမှာကို ကြောက်တဲ့သူပါ ..။ သင့်စိတ်ထဲမှာ သင့်ရဲ့ လွတ်လပ်မှုတွေကို ဖျက်ဆီးပစ်မယ့်အရာလို့ ထင်နေပါတယ် ...။
(ဃ) ကျားသစ် - သင်က လက်ထပ်ချင်တဲ့သူပါ ...။ ဒါပေမယ့် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးတော့ သိပ်ပြီး သိနားလည်နေတာတော့ မဟုတ်ပါဘူး ...။
(၇) သင့်ရဲ့ရွေးချယ်မှုဟာ လက်ရှိအချိန်မှာ ဖြစ်နေတဲ့ သင့်အချစ်ရေးအပေါ်မှာ ထားတဲ့ သင့်ရဲ့သဘောထားကို ဖော်ပြပါသတဲ့ ...။
(က) ခြင်္သေ့ - အချစ်အတွက် ဘာမဆိုလုပ်ရဲ ပေးဆပ်ရဲနေပါတယ် ...။ ဒါပေမယ့် လွယ်လွယ်ကူကူနဲ့ ချစ်သွားတတ်တာမျိုးတော့ မရှိပါဘူးတဲ့ ...။
(ခ) ကြောင် - သင်ဟာ ကိုယ့်ကိုယ်ကို ပိုချစ်နေပါတယ် ..။ အချစ်ကို သင်လိုချင်ရင် ရအောင်ယူမယ် ... မလိုချင်ရင်တော့ရင်တော့ အချိန်မရွေး စွန့်ပစ်မယ်တဲ့ ...။
(ဂ) မြင်း - တည်တည်တံတံ့ အချစ်ရေးနဲ့ ကိုယ့်ကိုကိုယ် မချည်နှောင်ထားချင်ပါဘူးတဲ့ ... အီစီကလီ အဆင့်လောက်ပဲ ထားချင်သေးတယ်တဲ့ ...။
(ဃ) ခို - အချစ်ရေးဆိုတာ နှစ်ဦးနှစ်ဘက် ကတိသစ္စာထားရမယ့် အလုပ်လို့ သင်ထင်နေပါသတဲ့ ...။
အားလုံးပျော်ရွှင်မှုတစ်စုံတစ်ရာရလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ...။ အဖြေတွေက ကွက်တိ မှန်ကို မှန်ရမယ်လို့တော့ အာမမခံပါဘူး...။ Entertainment သဘောလေးပါ ...။
ကျေးဇူးတင်ပါတယ်နော် ...။
Credit To အလကာင်္မေကျော်
  Jay Ki  

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)