အချိန်မရွေးသေသွားနိုင်တယ်

 လောကဓံခံနိုင်ရည်ရှိဖို့နဲ့ ဘ၀မှာ လိုအင်ဆန္ဒတွေ မများဖို့အတွက် “တစ်နေ့ကျရင် သေရမှာပဲ”
လို့ သေခြင်းတရားနဲ့ ပတ်သက်ပြီး ဆင်ခြင်ကြရပါမယ်။

စိတ်ကောင်းနှလုံးကောင်းရှိဖို့နဲ့ ၀ိပဿနာစိတ်ကလေး အဆက်မပြတ် ဖြစ်ဖို့အတွက် “အချိန်မရွေး သေသွားနိုင်တယ်၊ သို့မဟုတ် ခဏနေ သေရင် သေသွားနိုင်တယ်”လို့ သေခြင်းတရားနဲ့ ပတ်သက်ပြီးတော့ ဆင်ခြင်ကြရပါမယ်။
သေခြင်းတရားကို အမြဲသတိရနေတဲ့သူဟာ
ကိုယ်အမှန်တကယ် လုပ်ရမယ့် အလုပ်ကိုလည်း မမေ့ဘူး။ ကိုယ်အမှန်တကယ်ပြောရမယ့် စကားကိုလည်း မမေ့ဘူး။ ကိုယ်အမှန်တကယ် စိတ်ကူးရမယ့် အတွေးကိုလည်း
မမေ့ဘူး။ မမေ့တာကို "အပ္ပမာဒ" လို့ ခေါ်တယ်။
အပ္ပမာဒတရားနဲ့ ပြည့်စုံတဲ့သူဟာ ...
♦ လောကဓံကိုလည်း ခံနိုင်ရည်ရှိတယ်။
♦ ဘ၀ရဲ့ အဆုံးသတ်မဲ့လိုအင်ဆန္ဒတွေကိုလည်း ထိန်းချုပ်နိုင်တယ်။
♦ စိတ်ဆိုး၊ စိတ်ယုတ်တွေ ပယ်ရှားပြီး စိတ်ကောင်း၊
စိတ်မြတ်တွေလည်း မွေးမြူနိုင်တယ်။
♦ ၀ိပဿနာစိတ် အဆက်မပြတ် ဖြစ်နေအောင်လည်း
စွမ်းဆောင်နိုင်တယ်။
သေခြင်းတရားကို အမြဲသတိရှိတော့ နေခြင်းတရားမှာလည်း
အမြဲသတိ လွှမ်းမိုးနေတော့တာပေါ့။
အသေမမေ့ရင် အနေမမေ့တာ သဘာဝပါပဲ။
မရဏဿတိံ အနုယုတ္တော ဘိက္ခု
သတတံ အပ္ပမတ္တော ဟောတိ။
သေခြင်းတရားကို မပြတ်ပွားများနေတဲ့သူဟာ
အမြဲတမ်း သတိရှိနေပါတယ်။ ဘယ်တော့မှ မမေ့ပါဘူး။
♦သေခြင်းတရားကို အမှတ်ရနေတာကို “မရဏဿတိ”လို့ခေါ်ပါတယ်။ မမေ့တာ၊ မမေ့တဲ့ သတိနဲ့ ပဓာနအလုပ် အားထုတ်တာကို “အပ္ပမာဒ”လို့ ခေါ်ပါတယ်။ နိဗ္ဗာန်ကို မသေရာအရပ်ဖြစ်လို့ “အမတ”လို့ ခေါ်ပါတယ်။
မရဏသတိပွားတဲ့သူဟာ အပ္ပမာဒတရားနဲ့ ပြည့်စုံပါတယ်။
အပမာဒတရားနဲ့ ပြည့်စုံတဲ့သူဟာ အမတကို မျက်မှောက်ပြုနိုင်ပါတယ်။ အပ္ပမာဒဟာ အမတကိုရခြင်းရဲ့ တစ်ခုတည်းသောအကြောင်း ဖြစ်ပါတယ်။ အမတကို ဆိုက်ရောက်လိုသူတို့ရဲ့ တစ်ခုတည်းသော သွားရာလမ်းဟာ အပ္ပမာဒပါပဲ။
အပ္ပမာဒနဲ့ ပြည့်စုံဖို့အတွက် မရဏဿတိကို ထပ်ကာထပ်ကာ ပွားများကြရပါမယ်။
- [ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ] 
Young Buddhist's Association

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)