ပန်းကလေး
ပန်းကလေး
ဘဝ အရေးအတွက်
လမ်းမရွေးပဲ အော်ရောင်း
သနပ်ခါးဖွေးဖွေး
ပါးကွက်ကြားလေးနဲ့ 
ဗန်းကလေးပေါ်ကပန်းတွေနှင့်။
သူ့ ဝမ်းသူကျောင်းဖို့ 
ဗန်းကလေးဖြင့်
ပန်းကလေးတွေသူရောင်း
လမ်းတစ်လျှောက်မှာလည်း
ပန်း ရနံ့ တွေသင်း။
အများအတွက်ပါသာမက
သူ့ ဘဝအတွက်ပါ
ပန်းရောင်းရင်းဖြင့်ကုသိုလ်ယူ
အို …ချစ်စဖွယ်သူ။
ဗန်းထဲကပန်းထက်
သူ ,ငါ မြင် အစဉ်လန်းနေတဲ့ 
ပန်းအလှ ဗန်းပိုင်ရှင်။
စမ်းရေအလား
အေးချမ်းသာယာသည့်
အသံကလေးဖြင့်…
``ဟောသည်မှာ ပန်း…´´
(ကျွန်တော်အမြင်ကတော့ ဗန်းထဲကပန်းထက် ဗန်းပိုင်ရှင်ကလေးက သဘာဝအလှကို ပေါ်လွင်နေတယ်ထင်တယ်ဗျာ)
နန်းမြင့်ဝင်း
ဘဝ အရေးအတွက်
လမ်းမရွေးပဲ အော်ရောင်း
သနပ်ခါးဖွေးဖွေး
ပါးကွက်ကြားလေးနဲ့ 
ဗန်းကလေးပေါ်ကပန်းတွေနှင့်။
သူ့ ဝမ်းသူကျောင်းဖို့ 
ဗန်းကလေးဖြင့်
ပန်းကလေးတွေသူရောင်း
လမ်းတစ်လျှောက်မှာလည်း
ပန်း ရနံ့ တွေသင်း။
အများအတွက်ပါသာမက
သူ့ ဘဝအတွက်ပါ
ပန်းရောင်းရင်းဖြင့်ကုသိုလ်ယူ
အို …ချစ်စဖွယ်သူ။
ဗန်းထဲကပန်းထက်
သူ ,ငါ မြင် အစဉ်လန်းနေတဲ့ 
ပန်းအလှ ဗန်းပိုင်ရှင်။
စမ်းရေအလား
အေးချမ်းသာယာသည့်
အသံကလေးဖြင့်…
``ဟောသည်မှာ ပန်း…´´
(ကျွန်တော်အမြင်ကတော့ ဗန်းထဲကပန်းထက် ဗန်းပိုင်ရှင်ကလေးက သဘာဝအလှကို ပေါ်လွင်နေတယ်ထင်တယ်ဗျာ)
နန်းမြင့်ဝင်း
Comments
Post a Comment