မျက်စေ့ကို လှည့်စားစေသော ဝတ်ဆင်မှုများ

(၁) မိမိ၏ခန္ဓာကိုယ်နှင့် တစ်ထပ်တည်းကျသောအဝတ်ကို ဝတ်လျှင် ကြပ်လွန်း၍ အဆီပိုများကို လှစ်ပြသလို ဖြစ်စေသည်။ ချောင် လွန်းသောအဝတ်သည်လည်း ခန္ဓာ ကိုယ်ကို ပိုကြီးသည်ထင်ရနိုင်သည်။ သို့ဖြစ်၍ မိမိတစ်နေ့တာ လှုပ်ရှားမှု တိုင်း အသက်ရှူချောင်ချောင်နှင့် တစ်နေ့တာကျေနပ်စွာ ဖြတ်ကျော် နိုင်မည့်အနေတော်အဝတ်ကို ဝတ် ပါ။
(၂) အရောင်ရင့်သောအဝတ်အစား ကို ရွေးချယ်ဝတ်ခြင်းဖြင့် ခန္ဓာကိုယ် ကြီးနေသည်ကို ဖုံးထားနိုင်သည်။
(၃) အင်္ကျီလက်မောင်း များကို ရှောင်၍ ဝတ်ပါ။ ခါးအနား တွင် ကြပ်ပြီး အပေါ်ဗိုက်အိုးဖောင်း သောအင်္ကျီများက မိမိကိုယ်ကို ဘေးဘက်ကို ကျယ်ပြန့်စေသည်။
(၄) ဆွဲကြိုးရှည်ရှည်ဝတ်ခြင်းဖြင့် ပို၍ အရပ်ရှည်သယောင်ထင်ရ သည်။
(၅) ၁လက်မခွဲခန့် ခွာမြင့်ဖိနပ်ကို စီးခြင်းဖြင့် စမတ်ကျသောခြေလှမ်း များဖြင့် မြင်သူကို လှည့်စားပြီး အရပ်နှင့်ခန္ဓာကိုယ်ကို ထိန်းထားနိုင် သည်။
(၆)ဆံပင်ကို ချထားခြင်းထက် ပခုံး ထက်မှ သိမ်း၍ ခပ်မြင့်မြင့်စည်း ထားခြင်းသည်လည်း ပိန်သွားသ ယောင်ထင်ရသည်။
(၇) ဂျင်းဘောင်းဘီ၊ စကတ်များ၊ မက်(ခ်)စီ (Maxi )တို့ကို ဝတ်ဆင် ခြင်းက ခန္ဓာကိုယ်ကို ကျစ်လစ်သ ယောင်ဖြစ်စေသည်။ သို့သော် အလွန်အမင်းမကြပ်ပါစေနှင့်။
(၈)ခါးပတ်ပတ်ပါ။ ခါးပတ်ပတ်ခြင်းဖြင့် ခါးနေရာတွင် ကောက်ကြောင်းပေါ်လာပြီး ခန္ဓာ ကိုယ်ဘေးပတ်လည်တောက် လျှောက်ကြီးဝနေသောအသွင်ကို မြင်စေပါလိမ့်မည်။
                                                                           ထူး---facebook

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)