အလုပ်သဘောမှာ အရူပ်မနှောပါစေနှင့်
အလုပ်သဘောမှာ အရူပ်မနှောပါစေနှင့်
တချို့ဆရာတော်
သံဃာတော်များကျတော့ ဆွေမျိုးတွေနဲ့ နီးနီးကပ်ကပ်နေရင် သံယောဇဉ်ကြီးတယ်၊
သံယောဇဉ်တွယ်တယ်၊ သူတို့ရဲ့ အပူတွေ ကူးစက်တယ်၊
သောကတွေအရှိန်ဟပ်တယ်ဆိုပြီးတော့ ဆွေမျိုးတွေနဲ့ ဝေးရာကို ရှောင်ခွာပြီးတော့
သာသနာ့အလုပ်ကို အားထုတ်ပြီးတော့ နေကြတယ်။
ဦးဇင်းတို့ သိမီလိုက်တဲ့ တချို့ဆရာတော်ကြီးတွေလည်း ရှိပါတယ်။ ဘွဲ့တော်တွေ၊ နာမည်တော်တွေတော့ မပြောတော့ဘူး။ တချို့ဆရာတော်ကြီးတွေ မိဘဆွေမျိုးတွေက ဒီမြို့မှာ နေတယ်ဆိုရင် မိဘဆွေမျိုးတွေနဲ့ ဝေးတဲ့ တခြားတစ်မြို့မှာ သွားပြီးတော့ အခြေချတယ်။
ဦးဇင်းတို့ သိမီလိုက်တဲ့ တချို့ဆရာတော်ကြီးတွေလည်း ရှိပါတယ်။ ဘွဲ့တော်တွေ၊ နာမည်တော်တွေတော့ မပြောတော့ဘူး။ တချို့ဆရာတော်ကြီးတွေ မိဘဆွေမျိုးတွေက ဒီမြို့မှာ နေတယ်ဆိုရင် မိဘဆွေမျိုးတွေနဲ့ ဝေးတဲ့ တခြားတစ်မြို့မှာ သွားပြီးတော့ အခြေချတယ်။
မိဘဆွေမျိုးတွေ
အလာကို မခံတာနော်။ ကိုယ်ကိုယ်တိုင်လည်း မိဘဆွေမျိုးတွေ ရှိတဲ့နေရာ၊
ရှိတဲ့မြို့ကို လုံးဝမသွားဘူး။ မိဘဆွေမျိုးတွေကိုလည်း ကိုယ်သီတင်းသုံးတဲ့
မြို့ကို လုံးဝအလာမခံဘူး။ သံယောဇဉ်တွယ်မှာ စိုးလို့နော်။ အပူတွေ လာပြီး
ကူးမှာစိုးလို့။ သူတို့အရူပ်တွေ ကိုယ့်လာပေးမှာစိုးလို့။
မိဘဆွေမျိုးကို
လုံးဝ သံယောဇဉ်ဖြတ်၊ မိဘဆွေမျိုးတွေရဲ့ အထောက်အပံ့ကို လုံးဝ မယူဘဲနဲ့
သူစိမ်းရဲ့ အထောက်အပံ့ကို ယူပြီးတော့ပဲ ပရိယတ်၊ ပဋိပတ်အလုပ်ကို
လုပ်ပြီးတော့နေကြတဲ့ ဆရာတော်သံဃာတော်များလည်း ရှိတယ်။
တချို့
ဆရာတော်သံဃာတော်များကတော့လည်း သူစိမ်းတွေကို အပူမကပ်ချင်တော့ဘူး။
သူစိမ်းရဲ့ အကူအညီတွေ မလိုချင်တော့ဘူး။ မိဘဆွေမျိုးရဲ့ အကူအညီလေးနဲ့ပဲ
ပရိယတ်၊ ပဋိပတ်အလုပ် အားထုတ်ပြီးတော့ သာသနာပြုမယ်။ အဲဒီလိုခံယူချက်နဲ့
မိဘဆွေမျိုးရဲ့ အထောက်အပံ့ကိုပဲ ယူပြီးတော့ သာသနာပြုတော်မူကြတဲ့ ဆရာတော်
သံဃာတော်များလည်း ရှိတယ်။
နိဂမ၀ါသီတိဿမထေရ်ကိုကျတော့
ဆွေမျိုးဆီမှာပဲ ဆွမ်းခံထွက်လို့ သူများက အပြစ်ပြောကြတယ်။ ပိဋကတ်တော်
တစ်နေရာမှာတော့ အလိုနည်းခြင်း၊ လောဘနည်းခြင်းဆိုတာတွေနဲ့ ပတ်သက်လို့
ပြောတဲ့အခါ မိဘဆွေမျိုး ပေးကမ်းလှူဒါန်းတဲ့ ပစ္စည်းလာဘ်လာဘကို တောင့်တရင်း
အလိုနည်းတဲ့ဂုဏ် မရှိဘူး၊ အလိုကြီးတယ်လို့ ဒီလိုပြထားတဲ့နေရာတွေ ရှိတယ်။
အဲဒီလိုဆိုရင်
ဦးဇင်းတို့ ဘယ်လိုလုပ်မတုံး။ သူစိမ်းတွေရဲ့ ထောက်ပံ့မူကိုလည်း ယူနေရတာပဲ
မဟုတ်လား။ သူ့နေရာနဲ့သူ ပြောတာနော်။ မိဘဆွေမျိုးရယ်၊ ပစ္စည်းလေးပါး
ဖိတ်မန်ထားတဲ့ ပုဂ္ဂိုလ်ရယ်။ အဲဒီပုဂ္ဂိုလ်တွေရဲ့ ပစ္စည်းလေးပါးနဲ့
ထောက်ပံ့မူကတော့ ယူကောင်းတာပါပဲနော်။
မိဘဆွေမျိုးဆီမှာပဲ
အလှူခံခံ၊ သူစိမ်းတစ်ရံဆီမှာပဲ အလှူခံခံ၊ လိုအပ်တာထက် ပိုအလှူမခံဘူး၊
လောဘမကြီးဘူး၊ သူဘာသာသူ လှူလို့ အလိုအလျောက် ရလာတဲ့ လာဘ်လာဘတွေအပေါ်မှာ
သာယာတပ်မက်မူ၊ ငြိကပ်စွဲလမ်းမူ မရှိဘူးဆိုရင် အလိုနည်းတာပါပဲ။ “အပ္ပိစ
္ဆဂုဏ်”ပြည့်စုံတာပါပဲ။
အဲဒီတော့
အခြေအနေပေါ် မူတည်တာပေါ့လေ။ မိဘဆွေမျိုးရဲ့ အထောက်အပံ့ကို ရယူရုံနဲ့
ကိုယ့်ရဲ့ သာသနာပြုလုပ်ငန်း ပြည့်စုံတယ်၊ လုံလောက်တယ် ဆိုရင်တော့လည်း
သူစိမ်းတွေဆီ အလှူမခံတော့ဘဲနဲ့ သာသနာပြုရုံပဲပေါ့။ မပြည့်စုံဘူး၊
မလုံလောက်ဘူးဆိုရင်တော့လည်း သူစိမ်းတွေဆီက ထောက်ပံ့မူနဲ့လည်း
သာသနာပြုရမှာပါပဲ။
မိဘဆွေမျိုးက
ဘယ်လောက်ချမ်းသာချမ်းသာ၊ ဘာသာရေး ၀ါသနာ မပါဘူး၊ သာသနာစိတ် လုံးဝ မရှိဘူး၊
အလှူအတန်း လုံးဝ စိတ်မ၀င်စားဘူးဆိုရင်လည်း ကိုယ့်ရဲ့ သာသနာပြုလုပ်ငန်းမှာ
မိဘဆွေမျိုးကို လုံးဝ အားကိုးလို့ မရပါဘူး။
တချို့
သာသနာပြုဆရာတော်တွေ ဒီအတိုင်းပဲပေါ့။ ကိုယ်ကသာ သာသနာအတွက် တက်တက်ကြွကြွ
အလုပ်လုပ်နေတာ။ ကိုယ့်မိဘ၊ ကိုယ့်ညီအစ်ကိုမောငှ်မ၊
ကိုယ့်ဆွေမျိုးသွေးသားတွေက ကိုယ့်ရဲ့ သာသနာပြုလုပ်ငန်းကို လုံးဝ
စတ်မ၀င်စားဘူး။ ဘာသာရေးကိုလည်း လုံးဝ စိတ်မ၀င်စားဘူး။
သူစိမ်းကိုသာ
သာသနာပြုလို့ ရပြီး မိဘဆွေမျိုး ကိုယ့်သွေးသား အရင်းအချာတွေကို သာသနာ
လုံးဝ ပြုလို့မရတဲ့ အဖြစ်မျိုးတွေ အများကြီး ရှိပါတယ်။ သူ့ကံနဲ့သူ
လာကြတာဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။
အဲဒီတော့
မိဘဆွေမျိုး အကျိုးပေးကောင်းတဲ့ ဆရာတော်တွေက မိဘဆွေမျိုးရဲ့ အထောက်အပံ့ကို
အဓိက အားပြုပြီးတော့ သာသနာပြု၊ မိဘဆွေမျိုး အကျိုးပေးမကောင်းတဲ့
ဆရာတော်တွေက သူစိမ်းဒကာဒကာမတွေရဲ့ အထောက်အပံ့ကို အဓိက အားပြုပြီးတော့
သာသနာပြုကြရုံပဲပေါ့။ အများအတွက် သာသနာပြုတာတွင် မကဘူးပေါ့လေ။ ကိုယ့်အတွက်
ပရိယတ်၊ ပဋိပတ်အားထုတ်တာတွေလည်း ပါတာပေါ့။
ရဟန်းတော်တွေ
ပစ္စည်းလေးပါး အလှူခံယူတဲ့နေရာမှာ ကိုယ်က လိုချင်တာ၊ မလိုချင်တာထက်
လှူတဲ့ပုဂ္ဂိုလ် စိတ်ချမ်းသာအောင် ချီးမြှောက်ဖို့က အဓိကဖြစ်နေပါတယ်။
ဟိုကလာတဲ့လှူတဲ့ဥစ္စာ၊ လှူတဲ့ပုဂ္ဂိုလ်က သူစိမ်းဖြစ်နေလို့ အလှူမခံဘူ၊
မယူဘူးဆိုတော့လည်း တစ်ဖက်သား စိတ်ချမ်းသာပါဦးမလား။ စိတ်မချမ်းသာတော့ဘူး။
မြတ်စွာဘုရားရှင်လက်ထက်ကလည်း
ဒီလိုပဲ ကျင့်သုံးခဲ့ကြတာပါ။ ဘုရားသားတော်တွေဆိုတာ လူတိုင်းအပေါ်မှာ
ချီးမြှောက်ကြရတာပဲ။ အဲဒီအတိုင်းဆိုရင် မြတ်စွာဘုရားရှင် ဘယ့်နှယ်လုပ်မလဲ။
တကယ့်မိဘဆွေမျိုးအရင်းရဲ့ ထောက်ပံ့မူက ဒီလောက်မရှိဘူး။ အနာထပိဏ်တို့၊
ဝိသာခါတို့ သူစိမ်းတွေရဲ့ ထောက်ပံ့မူနဲ့ပဲ သာသနာပြုတော်မူခဲ့တာပဲနော်။
အနာထပိဏ်၊
ဝိသာခါတို့ထက် ချမ်းသာတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့
သူ့ကံနဲ့သူ၊ သူ့ရေစက်နဲ့သူ၊ သူ့ဆုတောင်းနဲ့သူဆိုတော့ အနာထပိဏ်သူဌေးကြီးကပဲ
အဓိက ဒကာရင်းအဖြစ်နဲ့ သာသနာပြုတော်မူခဲ့ပါတယ်။ တခြားရှင်ဘုရင်တွေ၊
တခြားသူဌေးသူကြွယ်တွေလည်း ရှိတော့ရှိတာပေါ့နော်။
မြတ်စွာဘုရား
ဘုရားအဖြစ်နဲ့ လေးဆယ့်ငါးဝါ သီတင်းသုံးတာတောင်မှ အနာထပိဏ်သူဌေးကြီးရဲ့
ကျောင်းမှာ ဘယ်နှဝါသီတင်းသုံးတာတဲ့တုံး။ တစ်ဆယ့်ကိုးဝါ။
မိဘဆွေမျိုးတွေဆောက်တဲ့ နိဂြောဓာရုံကျောင်းမှာ တစ်ဝါပဲ သီတင်းသုံးတယ်။
စဉ်းစားကြည့်နော်။
မိဘကျောင်းမှာ
ကြာကြာမနေဘဲနဲ့ သူစိမ်းကျောင်းမှာ ကြာကြာနေတယ်။ ဒါကို “ဘုရားက
ဆွေမျိုးတွေအပေါ်မှာ သံယောဇဉ်မရှိဘူး၊ ဆွေမျိုးတွေကို မချီးမြှောက်ဘူး”လို့
ကဲ့ရဲ့လို့ ဖြစ်ပါ့မလား။ “သူစိမ်းဆီက အလှူခံလို့ အလိုကြီးတယ်၊ လောဘကြီးတယ်၊
အလိုနည်းတဲ့ အပ္ပိစ္ဆဂုဏ် မရှိဘူး”လို့ အပြစ်ပြောလို့ ဖြစ်ပါ့မလား။
မဖြစ်ပါဘူး။
အပ္ပိစ
္ဆဂုဏ်မှာ ဆွေမျိုး ဟုတ်မဟုတ်က အဓိကမကျသလို လှူဖွယ်ဝတ္ထု အနည်းအများကလည်း
အဓိက မကျပါဘူး။ လှူတဲ့သူမှန်သမျှ ကိုယ်လှူတာလေးကို လက်ခံစေချင်ကြတာချည်းပဲ။
ဘယ်သူမို့လို့ လက်မခံပါဘူး၊ ဘာပစ္စည်းမို့လို့ လက်မခံပါဘူးဆိုရင်
စိတ်မကောင်း ဖြစ်သွားမှာပေါ့။ စိတ်မကောင်းဖြစ်ရုံတွင်မကဘူး။ လက်မခံတဲ့
အလှူခံပုဂ္ဂိုလ်ကို ပြစ်မှားပြီး အကုသိုလ်တွေပါ အများကြီး တိုးသွားမှာပါ။
ဒါ့ကြောင့်
အလှူခံပုဂ္ဂိုလ်နေရာ ရောက်နေတဲ့ ဆရာတော်သံဃာတော်များက ဘယ်သူလာလှူလှူ၊
ဘာလာလှူလှူ မငြင်းမဆန်သာ လက်ခံကြရတော့တာပါပဲ။ “ဒါကတော့ မလိုအပ်လို့
လက်မခံပါရစေနဲ့၊ ပြန်ယူသွားပါ”လို့ဆိုမှ မရပဲ။ အပ်စပ်တဲ့ပစ္စည်းဆိုရင်တော့
လိုအပ်အပ်၊ မလိုအပ်အပ် လာလှူသူ စိတ်ချမ်းသာအောင် ချီးမြှောက်တဲ့အနေနဲ့
လက်ခံလိုက်ရတာပဲလေ။ နောက်မှ ကိုယ်မလိုအပ်ရင်၊ သို့မဟုတ် ပိုလျှံရင်
လိုအပ်တဲ့သူ၊ လိုအပ်တဲ့နေရာကို တစ်ဆင့်ခွဲဝေလှူဒါန်းလိုက်ရုံပဲပေါ့။
သို့သော်လည်းပဲ
ဘယ်သူမဆိုပေါ့။ ကိုယ့်မိဘဆွေမျိုးကို ချိးမြှောက်ချင်တဲ့စိတ်တော့
မရှိကြဘူးလား။ ရှိကြပါတယ်။ ကိုယ့်မိဘဆွေမျိုးပဲဥစ္စာ၊ သာသနာစိတ်၊ သဒ္ဓါစိတ်
တကယ်ရှိလို့ကတော့ ဘယ်ဆရာတော်၊ ဘယ်သံဃာတော်မဆို ချီးမြှောက်ချင်ကြတာပါပဲ။
“ရောနှောတယ်”၊
“ရောနှောတယ်”လို့ပြောလေ့ရှိကြပါတယ်။ ရောတော့ ရောပါ၊ မနှောပါနဲ့။
အသွင်ပုံစံအရ ရောချင်ရောပါ၊ အနှစ်သာရကတော့ မနှောလိုက်ပါနဲ့။ တဏှာနဲ့
မနှောဖို့ ပြောတာပါ။ မေတ္တာနဲ့တော့ တစ်သားတည်း နှောရမှာပေါ့။
လူဆိုတာ
တစ်ဦးတစ်ယောက်တည်း အမြဲနေလို့မရတဲ့အတွက် အခါအားလျော်စွာ၊
အတိုင်းအတာအားလျော်စွာအများနဲ့ ထိတွေ့ပတ်သက်နေရတာပါပဲ။ ဒါကိုပဲ အများထဲမှာ
ကျင်လည်နေရလို့ အများနဲ့ ရောတယ်လို့ ဆိုချင်ဆိုပေါ့။
ဒါပေမဲ့
တဏှာဒေါသနဲ့ ထိတွေ့တာ မဟုတ်ဘူး၊ မေတ္တာကရုဏာနဲ့ ထိတွေ့တာဆိုရင်…၊
အကုသိုလ်စိတ်နဲ့ ထိတွေ့တာ မဟုတ်ဘူး၊ ကုသိုလ်စိတ်နဲ့ ထိတွေ့တာဆိုရင်…၊
ကာမဂုဏ်အလုပ်နဲ့ ထိတွေ့တာ မဟုတ်ဘူး၊ ပါရမီအလုပ်နဲ့ ထိတွေ့တာဆိုရင်…
နှောတယ်(ကိလေသာနဲ့ နှီးနှောတယ်)လို့ လုံးဝ ပြောလို့မရပါဘူး။
ရောတော့
ရောတယ်၊ မနှောဘူးပေါ့။ လူချင်းတော့ ရောတယ်၊ စိတ်ချင်း မနှောဘူးပေါ့။
ကိုယ့်ဘေးမှာ လူရှိနေလို့ လူချင်းရောပေမယ့် ရောနေတဲ့လူအပေါ် ဘာကိလေသာမှ
မဖြစ်ဘူးဆိုရင်၊ ဘာကိလေသာနဲ့မှ မနှောဘူးဆိုရင် “ရောပေမယ့်
မနှောတဲ့သူ”လို့ခေါ်ပါတယ်။ လူချင်း ခန္ဓာနဲ့ ရောချင်ရောပါ။ စိတ်ချင်းတော့
ကိလေသာနဲ့ မနှောလိုက်ပါနဲ့။
ကိုယ့်ရဲ့
အလုပ်က အများနဲ့ မပတ်သက်မဖြစ်လို့ အလုပ်သဘောအရ ပတ်သက်နေရပေမယ့်
ပတ်သက်နေရတဲ့သူတွေအပေါ် သံယောဇဉ်မတွယ်ဘူး၊ တဏှာမငြိဘူး၊
ကိလေသာအဖြစ်ဘူးဆိုရင်… စိတ်မှာ ကိလေသာအရူပ်အထွေးတွေ၊ ဒုက္ခအရူပ်အထွေးတွေ
လုံးဝ ဖြစ်ပေါ်မလာနိုင်ပါဘူး။ အလုပ်သဘောမှာ အရူပ်မနှောတော့ဘူးပေါ့။
တကယ်တော့
အလုပ်သဘောမှာ အရူပ်မနှောဖို့က အဓိကပါပဲ။ ဘယ်သူနဲ့ပဲရောရော၊ အလုပ်သဘောအရ
(ကုသိုလ်အလုပ်သဘောအရ၊ ပါရမီအလုပ်သဘောအရ၊ တရားဓမ္မအလုပ်သဘောအရ)ပဲ
စိတ်သန့်သန့်လေးနဲ့ ရောတာဆိုရင် ကိလေသာအရူပ်လည်း မနှောနိုင်ပါဘူး။
ဒုက္ခအရူပ်လည်း မနှောနိုင်ပါဘူး။
အလုပ်သဘောမှာ အရူပ်မနှောပါစေနဲ့။
ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိက “အဝေးမှာမနေပါနဲ့” စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။
ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိက “အဝေးမှာမနေပါနဲ့” စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။
Comments
Post a Comment