သူခိုးမရှိသောနိုင်ငံ

ကမ္ဘာပေါ်တွင် သူခိုးမရှိသောနိုင်ငံတစ်နိုင်ငံ ရှိခဲ့ဖူးသည်။ ထိုနိုင်ငံသည်မြန်မာနိုင်ငံဖြစ်
သည်ဟုဆိုလျှင် လူအတော်များများက ကိုယ့်ငါးချဉ်
ကိုယ်ချဉ်သူ၊ ကိုယ့်ဘက်သို့ယက်သောလိပ်လိုလူဟု

ဆိုပေလိမ့်မည်။
သို့သော် ထိုစကားကိုပြောသူမှာ
  နိုင်ငံခြားသား
တစ်ယောက်ဟုဆိုလျှင်များစွာ အံသြကြပေ
လိမ့်မည်။
 ကမ္ဘာပေါ်တွင် သူခိုးမရှိသည့် တစ်ခုတည်း
သောနိုင်ငံကား မြန်မာနိုင်ငံသာ ဖြစ်သည်ဟူ၍ ရဲရဲဝင့်ဝင့်ပြောခဲ့သူကား
အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင်ဘဆေဆ်လာလ်ဂျီပင် ဖြစ်သည်။သူသည်
၁၈၅၉ ခုနှစ်တွင် မွေးဖွား၍ ၁၉၃၂ ခုနှစ်တွင်မှ ကွယ်လွန်ခဲ့သည်။ အိန္ဒိယနိုင်ငံ
အီဂတ်ပူရီပြည်နယ်တွင် ဗုဒ္ဓ၏၀ိပဿနာတရားတော်များကို ကမ္ဘာသို့ဖြန့်ဝေ
လျက်ရှိသော ဂုရုကြီးဦးဂိုအင်ကာ၏ အဘိုးတော်သူပင် ဖြစ်သည်။ အရောင်း
အ၀ယ်ကုန်သည်အလုပ်ဖြင့် ကမ္ဘာအနှံခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီ
သည် သူအမြတ်နိုးဆုံးဖြစ်သော မန္တလေးရတနာပုံ နေပြည်တော်တွင် အခြေ
ချနေထိုင်ခဲ့သည်။ ထိုအချိန်က အထက်မြန်မာပြည်သည် မြန်မာဘုရင်၏


လက်ထဲမှာသာရှိသေးသောကြောင့် သူခိုး လူလိမ်ဆိုသည်မှာ ချိုနှင့်လားဟု
မေးရလောက်အောင် မြန်မာတိုင်း စာရိတ္တသတ္တိအပြည့်ရှိနေချိန်ပင် ဖြစ်ပါ၏။
ဘဆေဆ်လာလ်ဂျီသည် ကုန်သည်ကြီးတစ်ဦးဖြစ်ရာ အထက်မြန်မာပြည်ရှိ
မြို့ကြီးအသီးသီးသို့ သွားရောက်ရောင်းဝယ်ရသည်။ အရောင်းအ၀ယ်လုပ်သော
ပစ္စည်းပစ္စယများသယ်ရန်အတွက် မြင်းငါးကောင်နှင့်အတူ မြန်မာမြင်းစီးသမား
ငါးယောက်ကိုလည်း တစ်ခါတည်း အသွားအပြန်ငှားလာခဲ့ရသည်။ အရောင်း
အ၀ယ်များသောကြောင့် ရက်ကြာလာသည်နှင့်အမျှ ဘဆေဆ်လာလ်ဂျီ၏
ပိုက်ဆံထည့်သည့်အိတ်ကြီးမှာလည်း ငွေဒင်္ဂါများနှင့်ပြည့်ပြည့်လာခဲ့သည်။
နောက်ထပ်မြို့သုံးမြို့၊ ငါးရက်ခရီးနှင်ပြီးလျှင် သည်တစ်ခေါက် အရောင်းအ၀ယ်
ကိစ္စပြီးဆုံးပြီဖြစ်၍ ဘဆေဆ်လာဂျီတစ်ယောက် အိမ်ပြန်ရတော့မည်ကို
တွေးပြီး ၀မ်းမြောက်ဝမ်းသာဖြစ်နေလေသည်။ နေ၀င်စပြုနေပြီဖြစ်သည့်
အတွက်လှမ်းမြင်နေရသော ဇရပ်တစ်ခုပေါ်တွင် တစ်ညအိပ်ရန် မြင်းသမား
များကို အချက်ပြလိုက်သည်။ ရှေးခေတ်ကဇရပ်ဆိုသည်မှာညအိပ်ညနေ
ခရီးသည်များအတွက် လမ်းဆုံလမ်းခွတွင် ဆောက်ထားသောဇရပ်မျိုးသာ
ဖြစ်ပေသည်။ အမိုးနှင့်အခင်းကို အကောင်းဆုံးလုပ်ထားသော်လည်း
အကာကားမရှိပေ။ အကာမထားခြင်းသည် အရပ်လေးမျက်နှာမှ ခရီးသွား
များ တံခါးမရှိ၊ ဓားမရှိ လွတ်လပ်ချမ်းသာစွာ တည်းခိုနိုင်သည်ဟူသော
အဓိပ္ပါယ်ကိုဆောင်သည်ဟု ယူဆရသည်။ တတ်နိုင်သော ဇရပ်အလှူရှင်
အချို့သည် ခရီးသွားများအတွက် ဆန်ဆီစသော စားသောက်ဖွယ်ရာများကို
ပင်ထားပေးကြောင်းသိရသည်။ ကား၊ မီးရထားစသောယာဉ်များမပေါ်သေး
သောခေတ်တွင် ခရီးသွားများအနေဖြင့် ခြေလျှင်နှင့် နွားလှည်းလောက်ကိုသာ
အားကိုးပြီးသွားကြရာ လမ်းခုလတ်တွင် တည်းခိုရန် ဇရပ်၊တန်ဆောင်းများကို
အမှန်ပင်လိုအပ်ပါသည်။ ချက်ပြုတ်စားသောက်ပြီး နေလည်းမရှိတော့ပြီဖြစ်၍
ဘဆေဆ်လာလ်ဂျီတို့ ထိုဇရပ်မှာပင် ညအိပ်လိုက်ကြသည်။ နောက်တစ်နေ့
မိုးမလင်းမီ မနက်စောစောခရီးဆက်ကြရန် မြင်းသများတို့ကို ညကတည်းက
ဆော်သြထားလိုက်သည်။ အရေးအကြီးဆုံးဖြစ်သည့် ငွေဒင်္ဂါးအိတ်ကြီးကို
ခေါင်းအုံးအိပ်လိုက်သည်။ မနက်စောစောခရီးဆက်သောအခါ မေ့ကျန်
ခဲ့မှာစိုးသောကြောင့်ဖြစ်သည်။ မနက်လေးနာရီလောက်ထပြီး မြန်မြန်ထက်
ထက်ပြင်ဆင်ကာ ရှေ့ခရီးကို ဆက်လာခဲ့ကြသည်။ ခြောက်နာရီခန့်ခရီး
ပေါက်ပြီးသောအခါမှပင် ခေါင်းအုံးအိပ်ခဲ့သည့်ငွေအိတ်ကြီးပါမလာမှန်း
ဘဆေဆ်လာဂျီသိသွားသည်။ ပြင်းထန်သော စိုးရိမ်သောကစိတ်ကြောင့်
နှလုံးသားမှာတဒိန်းဒိန်းခုန်လာပြီး အမောဆို့သလိုပင်ဖြစ်လာသည်။
ထို့ကြောင့် - “ဟေ့...အားလုံးရပ်လိုက်ကြဦး” သူ၏စကားကြောင့်မြင်းသမား
အားလုံးရပ်လိုက်ကြသည်။ ဘာများဖြစ်ပါလိမ့်ဟူသောအတွေးဖြင့် မြင်း
သမားများက သူ့ကိုလှမ်းကြည့်လိုက်ကြသည်။သူ က
“ကျွန်တော့်ငွေဒင်္ဂါးအိတ်ကြီး ညအိပ်ခဲ့ကြတဲ့ဇရပ်ပေါ်မှာ ကျန်နေခဲ့တယ်
ဒါကြောင့်နောက်လှည့်ပြန်ကြရမယ်” ဟုပြောလိုက်သော်လည်း မြန်မာ
လူမျိုး မြင်းသမားငါးယောက်လုံး တစ်ယောက်မှ တအံ့တသြတထိတ်
တလန့်ဖြစ်မသွားကြ။ သွားယူပေးမည့်အမူအရာလည်းမပြကြသဖြင့်
ဘဆေဆ်လာလ်ဂျီမနေနိုင်တော့ “ကဲ.. မြန်မြန်သွားယူဘို့ပြင်ကြလေ
ဘာလို့အေးတိအေးစက်ဖြစ်နေကြတာတုန်း” ဟုပြောလိုက်သောအခါ
တွင်မှ အသက်ခပ်ကြီးကြီးမြင်းသမားတစ်ဦးက
“မိတ်ဆွေကြီး ဘာမှစိတ်မပူပါနဲ့၊ ကိုယ့်ခရီးကိုသာ ပြီးဆုံးအောင်
ဆက်သွားပါ။ အပြန်ကျမှ ငွေအိတ်ကိုဝင်ယူပါ။မိတ်ဆွေကြီး ငွေအိတ်
ဘယ်မှထွက်မပြေးပါဘူး။ ဘယ်သူမှလည်းမယူပါဘူး” ဟုပြောလိုက်
သဖြင့် ဘဆေဆ်လာလ်ဂျီတစ်ယောက် ဒေါသထွက်သွားသည်။ လွယ်ရင်
သူကြွယ်တောင်မနေဘူးဟူသော စကားရှိနေရာ အဆင်သင့်တွေ့ရသော
ငွေဒင်္ဂါးအိတ်ကြီးကို ဘယ်လိုလုသည် မယူဘဲနေနိုင်ပါအံ့နည်း။ ဘယ်သူမှ
မယူဘူးဟု တာဝန်ခံနိုင်လောက်အောင် သူတို့မြန်မာလူမျိုးတွေက ဘယ်
လောက်များ စာရိတ္တကောင်းနေကြလို့နည်းဟုတွေးနေမိသည်။
ထိအတွေးနဲ့အတူ “အေးလေ...အခုငါတို့ထွက်လာကြတာလဲခြောက်နာရီ
ကျော်သွားပြီဆိုတော့ ဒီငွေအိတ်ကြီးကို ခရီးသွားတစ်ယောက်ယောက်က
ရပြီးယူသွားရောပေါ့။ ငါသွားနေလည်း ပင်ပန်းတာအဖတ်တင်မှာပဲ”
ဟု စိတ်ပျက်စွာနှင့် ဆက်ကာတွေးပြီး ရှေ့ မှာရှိသည့် မြို့ဈေးများသို့သာ
ဆက်သွားလိုက်ကြလေသည်။ ငါးရက်ခန့်ရှိမှ ပြန်လာကြသောအခါ
ဘဆေဆ်လာလ်ဂျီထားခဲ့သောငွေဒင်္ဂါးအိတ်ကြီးကို သူခေါင်းအုံးပြီး
အိပ်ခဲ့စဉ်ကအတိုင်းပင် လက်ရာမပျက်ပြန်တွေ့ရသည်။ ရေတွက်ကြည့်
သောအခါတွင်လည်း တစ်ပြားတစ်ချပ်မျှမလျော့။ ထို့ကြောင့်လည်း
ဘဆေဆ်လာဂျီက ကမ္ဘာ့ ၀ိပဿနာတရားပြဆရာကြီးဖြစ်လာမည့်
ဦးဂိုအင်ကာအလောင်းအလျာ သူ့မြေးလေးကို “ငါ့မြေးရေ၊အဘိုးတို့ဒီ
မြန်မာပြည်မှာနေခွင့်ရတာ သိပ်ကံကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့
တစ်ကမ္ဘာလုံးသူခိုးမရှိတဲ့ နိုင်ငံဆိုလို့ မြန်မာနိုင်ငံတစ်ခုပဲရှိတယ်” အဘိုး
ကိုယ်တွေ့ပါဟု သူ့မြေးကိုပြောပြခဲ့သည်ဟု ဖတ်ရှုလေ့လာမှတ်သား
ခဲ့ရပါသည်။
မေတ္တာရှင် (ရွှေပြည်သာ) သီလအစွမ်း အံ့မခန်းစာအုပ်မှ
Post By: Nyi Nyi

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)