ဆယ်ကျော်သက် အိမ်မက်မှား
ကောင်မလေးရဲ့ အသိတွေက
မြူနှင်းကျ မတက်ခင်းလို ဝေဝေဝါးဝါး
ဘဝဟာ ဘာလဲလို့ မသိနိုးနားနဲ့
လုပ်သင့်ခြင်း မလုပ်သင့်ခြင်းတွေလည်း
မှားမှားယွင်းယွင်း ရွေးချယ်လို့….
ကောင်းမလေးက လှခြင်းကို ကိုးကွယ်တယ် ကိုယ့်ကိုယ်ကို ခြယ်သလို့ တစ်မျက်နှာအလှကို ပီပီသသပြ စတိုင်ကလည်း ကျကျနနထုတ်လို့ အချစ်ခံရခြင်းတွေကို သဘောကျ လှလှပပ ကျေနပ်နေတဲ့အခါ ကိုယ့်ကိုယ်ကို စိတ်ကူးထဲက မင်းသမီးလေးလို့ ထင်တယ်…. ကောင်မလေးက လွတ်လပ်ခြင်းကို ကိုးကွယ်တယ် လူဆိုတာ လုပ်ချင်ရာ လုပ်သင့်သတဲ့ ဘောင်တွေကို မုန်းလာတဲ့အခါ စိတ်တွေက ဟိုမရောက် ဒီမရောက်နဲ့ သစ်ရွက်ကြွေတိုင်း ရယ်တတ်တဲ့ အရွယ်ကို ခုထိ မလွနမြောက်သေးသူ ဖြစ်နေတယ်….
ကောင်မလေးက အချစ်ကို ကိုးကွယ်တယ် အရွယ်တွေ အချိန်တွေ အခြေအနေတွေ ဘာကိုမှ ကြည့်စရာ မလိုဘူးတဲ့ အချစ်ကို အချစ်နဲ့ တုံ့ပြန်တဲ့အခါ လောကကြီးက သာယာတယ် ထင်သတဲ့….
လှပခြင်းနဲ့ အချစ်က ဘဝကို ချိုမြိန်စေတဲ့ အခိုက်အတန့်ကို ဓါးသွားပေါ်က ပျားရည်စက်လို မက်မောရင်း ကောင်မလေးက သူ့ကိုယ်သူ မမြင်တော့ဘူး ဘယ်အရွယ်မှာ ဘယ်အရာကို လုပ်သင့်တယ် ဘယ်အရာကို မလုပ်သင့်ဘူး ဆိုတာ….. တစ်သက်တာ စိတ်ချမ်းသာမှုက သူတစ်ပါးပေးမှ ရရမယ့် အရာ မဟုတ်ဘူးဆိုတာ ကောင်မလေး နားလည်ဖို့ ငယ်သေးတယ် ဆိုပေမယ့် တစ်သက်တာ စိတ်ချမ်းသာမှုက တန်ဖိုးရှိတဲ့ မိန်းကလေး တစ်ယောင်အနေနဲ့ရပ်တည်နိုင်မှုအပေါ်မှာ မူတည်တယ် ဆိုတာ ကောင်မလေး နားလည်စေချင်တယ်…
ကောင်မလေးတို့ အရွယ်မှာ သင်ယူသင့်တာတွေကို သင်ယူနိုင်ဖို့ ဘယ်လောက် အရေးကြီးတယ် ဆိုတာ ကောင်မလေး နားလည်စေချင်တယ်….
ပတ်ဝန်းကျင်လေးစားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးဟာ ပညာပြည့်ဝမှုနဲ့ ဣနြေ္ဒ သိက္ခာ ကိုယ်ကျင့်တရားပေါ်မှာ မူတည်တယ်ဆိုတာ ကောင်မလေး နားလည်စေချင်တယ်… သိင်္ဂါကျော်
Today Myanmar
Comments
Post a Comment