အစာမစားမီအသိဝင်... စားပါကျန်းမာရေး



အစားသောက်စားတော့မည်ဆိုပါက မစားမီ ရေကို အနည်းငယ်လေး သောက်ပြီးမှ စတင် စားပေးပါ ။
အဆီအဆိမ့်များသော အစားအစာများပါပါကချဉ်သောဟင်းရည် ၊အချဉ်ရည်ဖြင့် စားပေးပါ ။
အတက်စာများသော အစားသောက်များဖြစ်ပါက ကြက်သွန်နီ အဖြု ၊ ဂျင်း ၊ ငရုတ်သီး အနည်းငယ်စားပေးပါ ။
ဝမ်းကိုပုတ်စေသော အစားသောက်များပါပါက ခရမ်းချဉ်သီး ပါအောင် စားပေးပါ ။
ဒန်ပေါက် ၊ အုန်းထမင်း ၊ ထမင်းကြော် မာသော အစားသောက်စားပါက အချဉ်အနည်းငယ် ၊ ပူစီနံ များများ စားပေးပါ ။
စားသည့်အခါတိုင်းတွင် အသီးအနှံတစ်ပွဲလောက်တော့ ပါဝင်အောင် စားပေးပါ ။
အကင်ဟင်းလျာများတွင် မဲတူးနေသော အသားစ များလုံးဝ မစားဘဲ ဖယ်ရှာစားပေးပါ ။
စားဟင်းပွဲ စုံစုံလင်လင်စားတော့မည်ဆိုလျှင် ကန်စွန်းရွက် မဖြစ်မနေ စားပေးပါ ။
လက်လုပ်အချဉ်များစားပါက ကြက်သွန်ဖြူကြော် များများ စားပေးပါ ။
အဆီအဆိမ့်များသော အစားသောက် စားပြီးတိုင်း အေးသောရေ ၊ အေးသောအချိုရည်များ ချက်ခြင်းသောက်ခြင်းကို လုံးဝရှောင်ပြီး ရေနွေးကိုသောက်ပေးပါ ။
                                      နှင်းဆီဖူးလေးများ-Love BUDS

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)