မိန်းမသားများ၏ အသွားမတော် ခြေတစ်လှမ်း

မိန်းမသားများ၏ အသွားမတော် ခြေတစ်လှမ်း 
********************************
ဘ၀လမ်းခရီးကိုလျောက်လှမ်းနေကြတဲ့ ကျွန်မတို့ လူသားအားလုံး ယောက်ျားမိန်းမ မှန်သမျှဟာ သွားလာ
နေကြရင်း ခြေလှမ်းလေးတစ်လှမ်း မှားသွားလို့ပဲဖြစ်ဖြစ် ခြေချော်သွားလို့ပဲဖြစ်ဖြစ် ခြေလေးယိမ်းသွားလို့ပဲဖြစ်ဖြစ်
ခြေတစ်လှမ်း ဟန်ချက်ပျက်သွားတာနဲ့ လဲကျသွားနိုင်တယ် ကျိုးပဲ့သွားနိုင်တယ် ပွန်းပဲ့သွားနိုင်တယ် တခုမဟုတ်တခု
နာကျင်မူ့ကို ခံစားရစေပါတယ် ။

ဒါက လူတစ်ယောက်ရဲ့ ရပ်တည်မူ့ခြေလှမ်းလေးရဲ့ အသုံးဝင်ပုံနဲ့ခရီးသွားဟန်လွဲ ထိခိုက်တတ်မူ့လေးတွေပေါ့
သို့သော် .................... သွားရင်းလာရင်းခြေချော်သွားတဲ့ခြေတစ်လှမ်း အတွက်လူသားတွေ ပြုပြင်လို့ ကုသလို့ရပါတယ်။
အမာရွှတ်လေးမြင်တိုင်း အသိသတိလေးနဲ့ ထိန်းဖို့ အသိလေးဝင်လာတတ်ပါသေးတယ်ရှင် ။


ကျွန်မတို့ မိန်းမသားလေးတွေ ဘ၀ဆိုတဲ့ ခြေလှမ်းတစ်ခုကို စတင်ချိန်မှာတော့ ပျိုရွယ်သူရော နုနယ်သူ
ရော အရွယ်လွန်သူရော သတိတရားလေး တွေမြဲစေချင်ပါတယ် ။ ဘ၀နဲ့သက်ဆိုင်တဲ့ ခြေတစ်လှမ်းမှားသွားပြီဆိုရင်တော့
နှစ်ဦးနှစ်ဖတ်ရဲ့ နင့်နာဆုံးရူံးမူ့တွေက ဆေးကုသလို့မရသလို အသိဝင်လာလည်း ဒီအနာကိုမြင်တိုင်းတစ်ဘ၀လုံး တနုတ်
နုတ်နဲ့ နာကျင်စေလွန်းတတ်ပါတယ်ရှင် ။ဆုံးရူံးမူ့ နှစ်ခုကိုယှဉ်လိုက်ရင် ကျွန်မတို့ မိန်းမသားလေးတစ်ယောက်ရဲ့ ဘ၀ခြေ
လှမ်းက ပိုပြီး ရူံးနိမ့်မူ့ များလွန်းပါတယ် ။

ဒီဘ၀ ခြေလှမ်းလေးတစ်လှမ်းဟာ မိမိရဲ့ စိတ်စေတသိတ်ဆိုး မပါပါဘဲလျက် ဘ၀မှာ မိန်းမသားတွေ နင့်နာ
ဆုံးရူံးခဲ့ရတဲ့ ဘ၀ခြေလှမ်း သာဓကတွေ အများကြီးရှိပါတယ် ။

တခါက မိသားစု တစ်စုမှ သမီးပျိုလေးတစ်ယောက်ရှိခဲ့တယ် ။ ဒီမိန်းကလေး ၈ တန်းမှာ ဘေးပတ်ဝန်းကျင်
ရဲ့ အဆွယ်ကောင်းမူ့ကြောင့် ကောင်လေးတစ်ယောက်နဲ့ ရည်းစားဖြစ်သွားတယ် ။ကောင်မလေးနဲ့ အတန်းတူပေါ့ ။ကောင်းမ
လေးက ပြည့်စုံသူကောင်လေးကတော့သာမန်လခစားဝန်ထမ်းကမွေးဖွားလာသူ ။ ဒီလိုအခြေအနေမှာ ကောင်လေးမိဘများက
ကောင်မလေးကို အပိုင်ဖမ်းချင်တယ်။ ပတ်ဝန်းကျင်နဲ့ ပေါင်းကြံကြတယ် ။ ကောင်းမလေးက အိမ်ကထွက်တတ်တဲ့သူမဟုတ်
ကျောင်းနဲ့အိမ် ဆိုသလို ချစ်သူရည်စားကလည်း သူများအလှော်ကောင်းလို့သာ ဒီမှာ ကောင်မလေးမိဘတွေကလည်းယုံ
ကြည်ရတဲ့ သူငယ်ချင်းနဲ့ ပေါင်းပြီး အိမ်ပြင်ခေါ်ထုတ်ပြီး ဗေဒင်မေးရအောင်ဆိုပြီး ကောင်လေးမိဘအိမ်ကိုခေါ်သွားကြတယ်။
အကြံရှိသူတွေဆိုတော့ ကောင်မလေးကို အချိန်ကုန်အောင် တမျိုးပြီး တမျိုးနဲ့ဧည့်ခံ ဗေဒင်ဆရာမလာသေးသလို အချိန်ဆွဲ
အချိန်လွန်တော့ ကောင်မလေးက အိမ်ကြောက်ရသူဆိုတော့ အိမ်မပြန်ရဲတော့ဘူး ဒါကိုအခွင့်ကောင်းယူပြီး အပိုင်သိမ်းဖို့ပေါ့။

ဒါနဲ့ မိုးချုပ်လို့ ကောင်မလေးပြန်မရောက်တော့ မိဘတွေက ဆွေမျိုးအိမ်တွေရှာ မတွေ့ ဒီတော့ ဆွေမျိုးတွေက
ဝန်းရှာအားချင်းလိုက်ကြတော့ ကောင်လေးအိမ်ကဖွတ်ထားတယ် ။ မိန်းကလေးကအသက်မပြည့်သေးတော့ ပြန်လိုချင်တဲ့
အကြောင်း သူတို့ အထက်လူတွေကိုပြောတော့ မှ အလိုမတူပဲ ဖျားယောင်းမူ့ဆိုတာသိပြီး ခေါ်ထုတ်ပေးတယ် ။
ကောင်းမလေးကို ခြောက်ပြစ်ကင်းသဲလဲစင်ပြန်ရခဲ့ပါတယ် ။

သို့သော်.......................... ကောင်းမလေးရဲ့အသွားမတော်တဲ့ ခြေတစ်လှမ်းကြောင့် အဲဒီမိန်းကလေးအရွယ်
ရောက်လာ ပညာတတ်ဘွဲ့ရချိန်မတော့ ............................
ဟိုယောကျာ်းလေးကဖြင့်လည်း ဟာ ဒီကောင်မလေးက လိုက်ပြေးထားတာ ပြန်သိမ်းထားတာဆိုတဲ့ စကားတွေအောက်မှာ
ဘ၀ပျောက်နေရှာတယ် ။ တကယ်တမ်းဆို မိန်းကလေးက မှဲ့တစ်ပေါက်တောင် မစွန်းထင်းခဲ့သူ ပါ ဆိုညားသော်လည်း
မိမိရဲ့ အသွားမတော်တဲ့ ခြေတစ်လှမ်းက တကယ် ကိုယ်နှစ်သက်မြတ်နိုးတန်ဘိုးထားရတဲ့ နားလည်ပေးနိုင်တဲ့ ယောက်ျား
နဲ့ တွေ့ခဲ့တာတောင် ပတ်ဝန်းကျင်ရဲ့ ဝေဖန်မူ့စွပ်စွဲမူ့ဒဏ်ကို ယောကျာ်းရင့်မကြီးတွေကိုယ်တိုင်မခံစားနိုင်ခဲ့ကြပါဘူး။

((((( ချစ်သော်လည်း မညား ................. မညားသော်လည်းချစ်ခဲ့မိသူတွေရဲ့ ))))) ပေါ့လျော့တဲ့ ခြေတစ်
လှမ်းကြောင့် ဘ၀နောင်တကြီးစွာ ကုသလို့မေ့ပျောက်လို့မရတဲ့ ခြေတစ်လှမ်းကြောင့်ပေါ့ ။

နောက် ခဲအိုနဲ့ခယ်မတွေ အတူနေကြရာမှာ မှောက်မှားတတ်တဲ့ ခြေတစ်လှမ်း
ခဲအိုဆိုတာနဲ့ ခယ်မအတူနေထိုင်ကြရာမှာ ခဲအိုကလည်း အကိုပီသတဲ့ ခဲအိုစည်းရှိသင့်သလို ခယ်မကလည်း ညီမဆိုတဲ့
ခံယူချက်လေးနဲ့ စည်းကမ်းသေ၀ပ်စွာ နေတတ်ကြရမယ်လေ ။

လူ့စည်း ဘီလူးစည်းဆိုတာ ဒီနေရာမျိုးနဲ့ အလွန်သက်ဆိုင်ပါတယ် ရှင် ။ ခဲအိုက ခပ်ကမြင်းမြင်းဆိုရင်
တော့ ကိုယ့်ညီမတွေကို အတတ်နိုင်ဆုံးမထားသင့်ပါဘူး ။ ယုန်ကမတိုး သော်လဲ ပိုက်က၀င်တိုးတတ်တဲ့ သင်ခန်းစာတွေ
အများကြီးမို့ပါ ။

ရွာတစ်ရွာမှာ အမကြီးလင်မယားနဲ့ ညီမငယ်ဆုံးအပျိုလေးကအတူလိုက်နေတယ် ။အမက၀င်ငွေကောင်း
တယ် အလုပ်က ။ ခဲအိုကလည်း `ဟိုဟာလေးဝယ်ပေး ဟိုသွားခေါ်သွားပေါ့ ။ ကြာလာတော့ ဒီမိန်းကလေးရဲ့ ((((သာယာမူ့
ခြေတစ်လှမ်းက လိုအပ်တာထက် ပိုချင်လာတယ် )))) ခဲအိုကလည်း ရဟန္တာမှ မဟုတ်တာလေ ။ ကန်းစွန်းခင်းကလည်းရှိ
ညိကလည်းညိချင်ဆိုတော့ သိပ်မကြာဘူး ထွက်ပြေးသွားကြတယ် ။ အမကြီးမတော့ ကလေးတွေအုပ်အော်သောင်းနင်းနဲ့
ကျန်ရစ်ခဲ့ရ မိန်းသားစုဘ၀တွေလဲပြိုကွဲ ဆွေးမျိုးနဲ့ ပတ်ဝန်းကျင်မလည်း မျက်နှာငယ် ရ။

ဒီမှာ ကိုယ်ပြောချင်တာက မိန်းကလေးများပေါ့ အသိဥာဏ် မျက်စိလေး လင်းစေချင်တယ် (((( ညှော်မမိစေ
ချင်ဘူး ))))) ဒီလိုလုပ်ရပ်မျိုးကို လုပ်တဲ့သူတွေဟာ လူ့အလုပ်လားဆိုတာလေးပေါ့ ။ နောက် မိမိကိုယ်တိုင်ကသာ
((((( ဒီခြေလှမ်းကို မလှမ်းခဲ့ရင် တဖတ်သူကိုလည်း လှမ်းခွင့် မရအောင် တားဆီးတတ်ခဲ့ရင် အဲဒီလှမ်းလိုက်တဲ့ ခြေလှမ်း
အမှားအတွက် ဘယ်သူတွေ ခံစားကြမလဲ တဖတ်ကလင်ရူံးရုံတင်ပါ ။ အဲဒီ အမှားခြေတစ်လှမ်းကိုလှမ်းလိုက်တဲ့ မိန်းကလေး
မှာသာ အများဆုံးနင့်နာပါတယ် ။ ဒီလို မိန်းကလေးမျိုးကို လူ့ဘောင်လူ့လောကနဲ့ မိဘတွေ ပတ်ဝန်းကျင်အသိုင်းအ၀န်းက
ပယ်ကျင်ပြီး ဘ၀မှာ အထီးကျန်ဆန်စွာ နောင်တတွေ တပွေ့တပိုက်နဲ့ပေါ့ ။

အပျိုမလေးတစ်ယောက်ရဲ့ ခြေတစ်လှမ်း အမှားဟာ သူ့ဘ၀ရဲ့ နေ့ရက်တွေကို အမှောင်ဖုံးစေပြီး ဘ၀တခု
လုံးကျဆုံးစေတတ်တယ်ဆိုတာ သတိပြုပါ ။

((((( ခြေတစ်လှမ်း ကျူးချင်သူကို ခြေတစ်လှမ်း ကျူးခွင့် မပေးမိဖို့က တို့များမိန်းမသားလေးတွေ တာဝန်
ပါ ........... ရိက္ခာအတွက် ........... ကိုယ့်ရဲ့သိက္ခာတရားကို မလဲထပ်မိကြပါစေနဲ့ )))) ရရှိလိုက်တဲ့ ရိက္ခာတစ်ခွက်
အတွက်က ဘ၀တစ်ခုလုံးရဲ့ ခြေလှမ်းတွေကို ရိုက်ချိုးပစ်နိုင်လို့ပါရှင် ။

နောက် အဒေါ်ကို အားပြုလို့နေထိုင်ရတဲ့ အပျိုမလေးတွေ ခြေတစ်လှမ်းပြင်ခံတဲ့ ဖြစ်ရပ်လေးတစ်ခုပေါ့။
နယ်ရွာလေးတခုမှာ မိန်းမပျိုလေးက အဒေါ်အိမ်မှာ မှီခိုနေထိုင်ရတယ် ။ သူတို့မှာလည်း အရွယ်တူသမီးလေးတစ်ယောက်ရှိ
တယ် ။ ဒါပေမဲ့ အဒေါ်ခင်ပွန်းက ကိလေသာ အမှောင်ဖုံးသူမျိုး ဒီတော့ ဒီတူမလေးကို ကျားချောင်း ချောင်းနေတတ်သူ။

တူမလေးက လိမ္မာပါးနပ်သူမျိုးဆိုတော့ သူ့သမီးပျိုနဲ့ အတူအိပ်တယ် ။ မတော်တရော်နေ့ရက်ကိုရောက်တယ်
ဆိုပါစို့ ။ တူမလေးက အဲဒီနေ့က ဘတ်ပြောင်းအိပ်ဖြစ်တယ် ။အဖေတူသွေးပါတဲ့ ကိလေသာမီး စားချင်တဲ့ သမီးနဲ့
တည့်တည့်တိုးတယ် ............... မကောင်းတာလုပ်တဲ့သူကို မကောင်းတာလုပ်ချင်တဲ့ သူမျိုးကသာလကခံလေ့ရှိသလို
ကံတရားက တူမလေးကိုမျက်နှာသာပေးခဲ့ပြီး သမီးကို ပြန်စော်ကားမိတဲ့ အဖေ`ဟာ သမီးဆိုတာသိလိုက်တဲ့ခနမှာ
ကိလေသာမီးတောက်ရဲ့ ၀ါးမျိုထားမိတဲ့ အရှိန်မကုန်ခင်မှာ ရှက်ကြောက်ခြင်းအမူ့ကိုနောက်ကျစွာ
ပိုင်ဆိုင်လိုက်တဲ့ ခနမတော့ ၀တ်လစ်စလစ်နဲ့ ရွာရိုးကိုးပေါက် ဘ၀ပျောက်သွားလေရဲ့ ။

ဒီမှာ စာရေးသူက မိန်းမပျိုလေးတွေကို ပြောချင်တာက မိမိကိုတစ်စုံတစ်ယောက်က သွေးမတော်သားမစပ်
သူဖြစ်ဖြစ် သွေးတော်သားစပ်သူဖြစ်ဖြစ် ဒီလိုမကောင်းတဲ့ ဥာဉ်ဆိုးပါတဲ့ ယောက်ျားတွေရဲ့ သားကောင်တွေ အဖြစ်မခံမိပါ
စေနဲ့ ။ ကြောက်စရာ ရှက်စရာမလိုဘူးကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှကာကွယ်ရမယ် ။မိမိရဲ့ ကံကဆိုးဝါးလို့ ကူသူကယ်သူမဲ့
လို့တစ်ကြိမ်းတစ်ခါ ခြေတစ်လှမ်းကျူးခံရရင်တောင် ဒီတစ်လှမ်းနဲ့တင်ရပ်ပြစ်ပါ ။ နောက်ထပ် အကြိမ်ကြိမ် ခြေလှမ်းခွင့်
မပေးမိပါစေနဲ့ ။

လောကီလောကုတ် နှစ်ဖြာယုတ်စေတဲ့ကိစ္စတွေပါ ။ မိမိပေးလိုက်မိတဲ့ မိမိလှမ်းလိုက်မိတဲ့ ခြေတစ်လှမ်းအမှား
ကြောင့် ကျန်ဘ၀တွေဟာ ဘ၀ဆိုတဲ့ ခြေတစ်လှမ်းအတွက် ကျွမ်းထိုးမှောက်ခုံလန်ကုန်ပါတယ် ။

မိန်းမပျိုလေးလှမ်းလိုက်တဲ့ ခြေတစ်လှမ်းအမှားကြောင့် မိမိ မျိုးဆက်သစ် အသီးအပွင့်လေးတွေထိ ဘဝ
ဒုက္ခဆိုးတွေကို ခံစားရစေတတ်ပါတယ် ။

ဒီလိုသင်ခန်းစာတွေက အများကြီးပါ သူငယ်ချင်းအချင်းချင်း မိတ်ဆွေသားသမီးပျိုတွေထား၇င်း
ဖောက်လွဲဖောက်ပြန်ခြေတစ်လှမ်းတွေကြောင့် လူသားတွေဘ၀ စိတ်ရော ကိုယ်ရော စီးပွားရေး လူမူ့ရေး အစစအကုန်ထိ
ခိုက်ကျေကွဲကြရပါတယ် ရှင် ။

ဒါကြောင့် ကျွန်မတို့ မိန်းမပျိုလေးတွေဟာ မိမိပြင်လိုက်တဲ့ ဘ၀ခြေလှမ်းတိုင်းကို ကောင်းမွန်ခြင်းတွေကနေ
စတင်ကြပါ ။ မှားနေတဲ့ ခြေတစ်လှမ်းကို ချမိထားခဲ့ရင် ချက်ခြင်းခနနောက်ပြန်ဆုတ်နိုင်အောင် ကြိုးစားပေးကြပါ ။

မိမိလှမ်းလိုက်တဲ့ ဘ၀ခြေလှမ်းလေး မှန်ကန်နေစေဖို့ ဆန့်ကျင့်ဖတ်လိင်တွေရဲ့ အလိုဆိုးတွေကို လိမ္မာ
ပါးနပ်စွာရှောင်ရှားတတ်အောင် ရှက်ခြင်းကြောက်ခြင်းကို ကွဲပြားအောင် ဥာဏ်အလင်းတံခါးတွေ ဖွင့်ထားပေးကြပါ ။

မိန်းမသားလေးတစ်ယောက်ရဲ့ အသွားမတော်တဲ့ ခြေတစ်လှမ်းဟာ ဘ၀ဆိုတဲ့ နက်နဲ့တဲ့ချောက်ကမ်ပါးထဲကို
ကျသွားစေနိုင်သလို ပြန်တတ်နိုင်ခဲ့ရင်တောင် ဒဏ်ရာ အနာတရတွေနဲ့မို့ နေ့သစ်တိုင်းအတွက် မင်းတို့ရဲ့
ခြေလှမ်းလေးတွေ မှန်ကန်စွာ လျောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုရင်း ...........................................................။


******* မေတ္တာဖြင့် တော်ဝင်နှင်းဆီ

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)