Sexy အနမ်း အနမ်းခံလိုသည့် ဖွေးဖွေး ဇာတ်ညွှန်းမပြင်ပဲ ဇာတ်ကား ရိုက်မည်ဟု ဒါရိုက်တာ ၀ိုင်းပြောပြီ


ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားကို ရိုက်ကူးရန် ပြင်ဆင်နေသည့် ဒါရိုက်တာဝိုင်းသည် သက်မွန်မြင့်က သရုပ်ဆောင် ရန် ငြင်းဆန်ခဲ့ပြီးနောက် ယခု လာမည့် ဧပြီလတွင် သရုပ်ဆောင်မင်းသမီး ဖွေးဖွေးနှင့် ရိုက်သွား မည်ဖြစ်ကြောင်း မြန်မာ့ခေတ် သို့ပြောကြားသည်။


 
အဆိုပါ ဇာတ်ကားကို မင်းသမီး သက်မွန်မြင့်က ဇာတ်ဝင်ခန်းတွင် နမ်းရမည့်အခန်း ပါဝင်သောကြောင့် သူမ၏ ပရိသတ် ငြိုငြင်မည် ဆိုးသဖြင့်ငြင်းပယ်လိုက်ခြင်း ဖြစ်ကြောင်း ပြည်တွင်းသတင်း ဂျာနယ်များ ၏  ဖော်ပြချက်အရ သိရသည်။

“ဒီဇာတ်ကားကို ရိုက်မယ်ဆိုတုန်းက သက်မွန်မြင့်ကို ပြောခဲ့တယ်၊ နင့်ကို တကယ်နမ်းခိုင်းမှာမဟုတ်ဘူး၊ ဖလင် အရလုပ်သွား မှာလို့ ပြောခဲ့တယ်” ဟု ဒါရိုက်တာဝိုင်းက သက်မွန်မြင့် ငြင်းဆန်ခြင်းနှင့် ပက် သက်ပြီး မြန်မာ့ခေတ်၏ မေးမြန်းချက်အား ဖြေကြားခဲ့သည်။

 
သရုပ်ဆောင် မင်းသမီး ဖွေးဖွေးက "ဒီဇာတ်ကားလေးကို လက်ခံဖြစ်တာက ဇာတ်လမ်းက အရမ်းကောင်း တယ်။ ကိုယ်လည်း လုပ်နိုင်တယ်လို့ ထင်တယ်။ ကိုဝိုင်းက ကိုယ့်ရဲ့ဆရာထဲက တစ်ယောက် လည်း ဖြစ် တယ်၊ ကိုဝိုင်းသာ ရိုက်မယ်ဆိုရင် လုပ်ရဲပါတယ်။ ကိုဝိုင်းကို ယုံကြည်တာ လည်း ပါပါတယ်။ ဇာတ် လမ်းလေး ကိုလည်း ကြိုက်တဲ့အတွက် လက်ခံလိုက်တာပါ " ဟု ပြော ကြားသည်။

 
အဆိုပါ ဇာတ်ကားနှင့် ပတ်သက်၍ ဒါရိုက်တာဝိုင်းက “ ဒီကားကို ဖွေးဖွေးနဲ့ ရိုက်မယ်၊ ဇာတ်ညွန်းကို လုံးဝ မပြင်ဘူး။ ဧပြီလ ၂၀မှာရိုက်မှာပါ။ ဒီဇာတ် ကားကို အကောင်းဆုံးဖြစ်အောင် ရိုက်ကူးမှာပါ။ မရိုက် ခင် ဘေးကဝေဖန် တာကို ကိုယ်က လက်သင့်မခံဘူး။ ဒီဇာတ်ကားကို ရိုက်ကူး ပြီးမှ ပရိသတ် က ပြောတာ ကို ကိုယ့်အနေနဲ့ ကျေကျေနပ်နပ် ခံယူမယ်’’ ဟု ပြောကြားခဲ့သည်။
The Myanmar Age

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)