သေခြင်းက မြတ်ဖို့လိုတယ်


စဉ်းစား စရာလေး တစ်ခု ပေါ့ဗျာ ။
မောင်ဘဦး က ၆ လက်မ ရှိတဲ့ ဓားကို ကိုင်ထားတယ် ။
မစ္စတာ သောမတ် က လည်း ၆ လက်မ ရှိတဲ့ ဓား ကို ကိုင်ထားတယ် ။
ခင်ဗျား ကို ၁ ယောက် ၁ ချက်စီ ဓားနဲ့ ထိုးမယ် ဆိုရင် ဘယ်သူထိုးတဲ့ ဓားချက်က ဒဏ်ရာပိုနက် မယ်ထင်သလဲ ။

တပ်မတော် တစ်ခု အတွက် " ရန်သူ " ဆိုတဲ့ ဝေါဟာရ နဲ့ ပက်သက်လို့ စည်း ဝိုင်းတစ်ခုသားထားပြီးဖြစ်ပါတယ် ။
တပ်မတော်တစ်ခု ရဲ့ အလုပ်ဟာ နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာ ကို ကာကွယ်ဖို့ ၊ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အသက်အိုးအိမ် စည်းစိမ် ကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပါတယ် ။ အဲဒီ စည်းထဲ ကို ကျူးကျော်ဝင်ရောက်လာသူ ဟာ မောင်ဘဦး ၊ မစ္စတာသောမတ် ၊ လူဖြူလူမဲ ၊ လူကောင်း ၊ လူဆိုး မခွဲ ရန်သူပဲဖြစ်ပါတယ် ။ ပုဂ္ဂလ ပေါ် မှာ စဉ်းစား တာ မဟုတ်ပဲ ၊ အဲဒီ ပုဂ္ဂိုလ် က ပြုလုပ်တဲ့ လုပ်ဆောင် ချက် (action) ပေါ်မှာသာ မူတည်စဉ်းစားတာဖြစ်ပါတယ် ။ အဲဒါကြောင့် ပုဂ္ဂိုလ်ကို မုန်းခြင်း ၊
ချစ်ခြင်း ၊ သနားခြင်း ၊ ကြည့်မရခြင်း ဆိုတဲ့ ခံစားမှုတွေကင်းရတယ် ။

အဲဒါကြောင့်လည်း စစ်သည်တော်ကျင့်ဝတ် ရန်သူ့အပေါ်ထားရှိရမည့်သဘောထားမှာ

၁။ စစ်မြေပြင်တွင် ရန်သူကို နေလို/မီးလိုကျင့်ပါ။
၂။ ရန်သူကို ရန်သူလိုသဘောထားပါ။
၃။ ရန်သူက အညံ့ခံလျှင် မိမိက ခွင့်လွှတ်သည့်စိတ်ဖြင့် ပြုမူဆက်ဆံပါ။
၎။ ရန်သူကို အထင်လည်းမကြီး အထင်လည်းမသေးမိစေရန် သတိပြုပါ။
၅။ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် ရန်သူကို မတိုက်လျှင် မဖြစ်၍သာ တိုက်နေရကြောင်း နားလည်ပါစေ ....
လို့ ပညတ် ၊ ဖော်ပြထားတာဖြစ်ပါတယ် ။

ပြည်တွင်း / ပြည်ပ လက်နက်ကိုင်တွေကို ရန်သူလို့ သဘောထားတာ မဟုတ်သလို ၊ ဘာအဖွဲ့ ညာအဖွဲ့ ကို ရန်သူလို့ သဘောထား နေတာ မဟုတ်ပါ ။ ကြိုးဝိုင်းတစ်ခု အတွင်း မှာဝင်ပြီး မျက်နှာချင်းဆိုင် လက်ခမောင်းခတ် နေတာသည် ပြိုင်ဖက် ဖြစ်ပါတယ် ။ ကြိုးဝိုင်းက ထွက်ရင် အားကစားတစ်ခုရဲ့ ဝါသနာတူ မိတ်ဆွေဖြစ်ပါတယ် ။ စစ်မြေပြင် တစ်ခုမှာ သေနတ်ပြောင်း ကိုယ့်ဖက် လှည့်ထားတာသည် ရန်သူ ဖြစ်ပါတယ် ။ စစ်မြေပြင်ရဲ့ rule က မရှုပ်ဘူး ။ ရှင်းတယ် ။
kill or be killed ပါ ။ who is other side ? you should kill or not ? what will happen after battlefield ? ဆိုတာတွေဟာ စစ်မြေပြင်မဟုတ်တဲ့ တနေရာမှာ စဉ်းစား ဖို့ဖြစ်ပါတယ် ။ ဒါကြောင့်လည်း စစ်မြေပြင်မှာ မျက်နှာချင်းဆိုင်ဖို့ ထက် စားပွဲဝိုင်းမှာ မျက်နှာချင်းဆိုင် ဖို့ ပို လိုအပ်ကြတာပါ ။ battlefield ဆိုတာ Last choice ဖြစ်ပါတယ် ။

ဦးတည်ချက် မတူသူတွေဟာ မျက်နှာချင်းဆိုင်ဖြစ်တတ်ကြတယ် ။
အယူအဆ မတူသူတွေ ဟာ ထိပ်တိုက်တွေ့ တတ်ကြတယ် ။ conflict ရဲ့ အခြေခံသဘောကနေ စစ်ပွဲ တွေဖြစ်လာကြတယ် ။

အန္တိမ အမှန်တရား ဆိုတာ ဘယ်နေရာမှာ မှ မရှိပါဘူး ။ တစ်ဖက် မှာ မှန်နေပေမဲ့ တစ်ဖက်မှာ မှားနေပါလိမ့်မယ် ။ အမှန်အမှား ဆိုတာ တွေဟာ တိုင်းတာ တဲ့ field တွေ စံ နှုန်းတွေ ပေါ် မူတည်ပြီး ကွာခြားသွားကြလိမ့်မယ် ။ ဒါဟာ dogma ကနေ relativity ကိုပြောင်းလဲ လာရတဲ့ သဘောတရား ဖြစ်ပါတယ် ။

ကိုယ့်ကိုယ်ကို မချစ်တဲ့သူဟာ သူတပါးကိုချစ်ဖို့ ခက်တယ် ။ ကိုယ့် မိဘ ဆွေမျိုးကိုတောင် မချစ် တတ်သူဟာ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံကိုချစ်ဖို့ ခက်တယ်။
ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ တောင် မချစ်တတ်သူ ဟာ လူသားအားလုံးကိုချစ်ဖို့ခက်တယ်။
ကိုယ့်ကိုယ်ကိုချစ်သော ၊ ချစ်စဖွယ်မိဘတွေရှိတယ် ၊ နှစ်သက်ဖွယ် အသိုင်းဝိုင်းရှိတယ် ၊ ဂုဏ်ယူဖွယ် နိုင်ငံ ရှိတယ်လို့ ကိုယ့်ကိုယ်ကို လက်ခံယုံကြည်ကြသူများဟာ လူ့အသိုင်းဝိုင်း ကို ဒုက္ခဖြစ်စေတာ အလွန်ရှားတယ်လို့ စိတ်ပညာရှင်တွေက လက်ခံထားကြတယ် ။

ကိုယ်ပိုင်ဆိုင်တဲ့ အစားတစ်လုပ် ၊ ငွေးကြေးတစ်ချပ် ကို ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်အတွက် စွန့် လွှတ်ရဲ ပြီး တခြားတပါးသူတွေကိုချစ် တတ်တဲ့ စိတ်ထားရှိသူဟာ မေတ္တာ စိတ်ပိုင်ရှင် ၊ ပရဟိတစိတ်ပိုင်ရှင်ဖြစ်ပါတယ်။ အဲဒီထက်ပိုပြီး ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်း ၊ အသက် တွေ စွန့်ပြီး မိမိ ပတ်ဝန်းကျင် ၊ မိမိ အသိုင်းအဝိုင်း ၊ မိမိ ဆွေမျိုး ၊ မိမိ နိုင်ငံ ပေါ် မှာ ချစ်ခင် မြတ်နိုး စိတ် ထားနိုင်သူ ဟာ လူ သူတော်ကောင်းပဲဖြစ်ပါတယ် ။ လောကတ္ထစရိယာ ၊ ဥာတတ္ထစရိယာ ဆိုတဲ့ လောကကောင်းကျိုးအကျင့်မြတ်ကောင်းတွေ နဲ့ လည်း ကိုက်ညီပါတယ် ။

ကိုယ်ကျိုးအတ္တမဖတ်ပဲ မိမိနေထိုင်ရာ အဖွဲ့စည်း ၊ ပတ်ဝန်းကျင် ၊ အသိုင်းဝိုင်း ကို အသက်နဲ့ လဲ လို့ ကာကွယ်စောင့် ရှောက်သူ တွေ ဟာ ဘယ်လူမျိုးပဲဖြစ်ဖြစ် ၊ ဘယ်သူ့ကို ချစ်ခင်တာ ပဲ ဖြစ်ဖြစ် ၊ ဘယ်အဖွဲ့စည်း က ဖြစ်ဖြစ် ၊ ဘယ်လိုရပ်တည်ချက်ပဲဖြစ်ဖြစ် လေးစားဂုဏ်ယူဖွယ် လူသားတစ်ယောက်ဖြစ်ပါတယ် ။

သီဟသူရတပ်ကြပ်အောင်သိန်း နှင့် တကွ စစ်သည်အားလုံးကို အစဉ်ဦးညွှတ်လျှက်ပါ။

( အမဲမစားဝက်မစား ၊ ဆန်မရှိစောက်စား ကြီးတွေ ဘယ်လို ပြောပါစေ ၊ ခင်ဗျားတို့ ဟာ လူ့အဖွဲ့စည်းရဲ့ လူသူတော်ကောင်းတွေ ဖြစ်ပါတယ် )
~ရုပ်ဆိုး~

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)