မိန်းကလေးများအားလုံး တန်းတူညီမျှပညာသင်ကြားခွင့်ရမယ့်အခါ
ပြည့်ပြည့်ဝဝရရှိနိုင်မှာ ဖြစ်တဲ့အတွက် အလွန်ပဓာနကျတဲ့ အချက်ဖြစ်ပြီး နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးဖြစ်သလို နိုင်ငံရေးဆိုင်ရာအခွင့်အရေးလည်း ဖြစ်ပါတယ်။
ခွင့်အရေးကြေငြာစာတမ်းရဲ့ ပိုဒ်ခွဲ ၂၆မှာ လူသားတိုင်းပညာသင်ကြားခွင့်ရှိတယ်လို့ ဖော်ပြထားပေမယ့်
ဒီလူ့အခွင့်အရေးကို ချိုးဖောက်မှုကို ခံနေရတဲ့ မိန်းကလေးနဲ့ အမျိုးသမီးတွေ ကမ္ဘာအနှံ့မှာ ရှိပါတယ်။ ကမ္ဘာ့စာမတတ်သူလူဦးရေနဲ့ သုံးပုံနှစ်ပုံဟာ အမျိုးသမီးတွေ ဖြစ်ပြီး ဒါဟာ အမျိုးသမီးများ ခွဲခြားနှိမ့်ချခံနေရခြင်းကို ထင်ရှားသိစေတဲ့ သက်သေတစ်ခုလည်း ဖြစ်ပါတယ်။
ကုလသမဂ္ဂက ပြဋ္ဌာန်းတဲ့ လူ့အခွင့်အရေးကြေငြာစာတမ်းရဲ့ စာပိုဒ်(၂၆)မှာ
လူတိုင်းမှာ ပညာသင်ကြားဖို့ အခွင့်အရေးရှိတယ်။ အနည်းဆုံးတော့ မူလတန်းနဲ့
အခြေခံအဆင့်တွေမှာ ဒါ(ပညာသင်ကြားခွင့်)ဟာ အခမဲ့ဖြစ်သင့်တယ်လို့ဆိုထားပေမယ့်ကုလသမဂ္ဂရဲ့စစ်တမ်းများအရ၇၂သန်းမျှသော ကလေးတွေဟာ
ကျောင်းမှာမရှိဘဲအများစုဟာမိန်းကလေးတွေဖြစ်ပါတယ်။အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှု
ပပျောက်ရေးဆိုင်ရာ
ကုလသမဂ္ဂ သဘောတူစာချုပ် Convention on the Elimination of All Forms of
Discrimination Against Women (CEDAW) ၁၉၉၇ ခုနှစ်က အဖွဲ့ဝင်အဖြစ်
မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဆောင်ရွက်ရမည်။ အထူး သဖြင့် အမျိုးသားများ၊ အမျိုးသမီးများ တန်းတူ ညီမျှရေးအပေါ် အခြေခံ၍-
(င)အထူးသဖြင့် အစောဆုံးဖြစ်နိုင်သော အချိန်ကာလတွင် အမျိုးသား၊ အမျိုးသမီးများ အကြားတည်ရှိနေသည့် ပညာရေးကွာဟချက်များ လျော့ပါးရန် ရည်ရွယ်သည့်အရွယ်ရောက် သူဆိုင်ရာနှင့် လုပ်ငန်းဆိုင်ရာ စာပေသင်ကြား တတ်မြောက်ရေးအစီအစဉ်များတွင် သင်ကြားခွင့်ရရန် အခွင့်အရေးများ၊ တူညီသော အခွင့်အလမ်းများရရှိစေ ရမည်။
စွန့်ခွါသူမိန်းကလေးများနှင့်အမျိုးသမီးများအား စုစည်းဖွဲ့စည်းရန် အစီအစဉ်များကို အာမခံချက်ပေးရမည်။
အလက်များကို သင်ကြား ခွင့်ရှိရန် အာမခံချက်ရှိစေရမည်။ လို့ ပါရှိပါတယ်။ မြန်မာနိုင်ငံမှ အမျိုးသမီးများဟာ မမွေးခင်ကတည်းက အခွင့်အရေးအပြည့်အ၀ ရနေပြီး ခွဲခြားဆက်ဆံမှုမရှိဟု CEDAW ကော်မတီသို့ မြန်မာအစိုးရမှ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ အစီရင်ခံစာတွင် ဖော်ပြခဲ့ပါတယ်။
အချိုးဟာ ၇၂.၈% သာ ရှိပြီး အထက်တန်းအဆင့်မှာတော့ ၅၇.၉% သာ ကျန်ရှိပါတော့တယ်။ မိန်းကလေးတွေဟာ ပညာသင်ကြားတဲ့အခါ ခွဲခြားဆက်ဆံရမှုတွေ ရှိ၊မရှိကို သိဖို့ မေးခွန်းအချို့မေးရင်း အဖြေရှာနိုင်ပါတယ်။ ·
- ပညာသင်ကြားနိုင်ခွင့်ရှိတယ်ဆိုရင် စီးပွားရေး၊ ကျန်းမာရေး၊ နေရာဒေသအခက်အခဲတွေနဲ့ ပညားမသင်ကြားနိုင်ဘဲ ပျက်ကွက်နှုတ်ထွက်ရမယ့် ဘာအခက်အခဲတွေရှိလဲပညာသင်ကြားနိုင်ပါလျှက် မိန်းကလေးရဲ့ လုပ်အားကို ရယူဖို့ ၊စောစောစီးစီးအိမ်ထောင်ကျသွားလို့ ပညာသင်ကြားရေးမှာ ရပ်တန့်သွားခဲ့သလား။
မေးခွန်းအချို့မေးခဲ့ပါတယ်။ သူမက မူလတန်းအထိပဲ ပညာသင်ခွင့်ရခဲ့ပါတယ်။ အလယ်တန်းကျောင်းမတက်ရတဲ့ အကြောင်းပြချက်က သူမတို့ရွာမှာ အလယ်တန်းကျောင်း
မရှိသောကြောင့်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ကျောင်းထွက်ခဲ့ရကာ အသက်ဆယ်နှစ်အရွယ်ထဲကစ လယ်ထဲမှာ အလုပ်လုပ်ခဲ့တာ ယနေ့အိမ်အကူလုပ်သည့်တိုင် ဖြစ်ပါတယ်။ သူမလိုမျိုး သေစာရှင်စာတတ်ပြီးရောဆိုပြီး ကျောင်းကနေ နှုတ်ထွက်လိုက်ရတဲ့ မိန်းကလေးတွေဟာ
မြန်မာနိုင်ငံအနှံ့မှာ ရှိကြပါတယ်။
မထင်ကြပါဘူး။ဒါပေမယ့် အမျိုးသမီးတွေက ပညာမတတ်တဲ့အခါ အလုပ်အကိုင်ဈေးကွက်မှာ ခွဲခြားနှိမ့်ချမှုတွေပေါ်ပေါက်လာပြီး သူမရဲ့ မျိုးဆက်အတွက်လည်း ပိုမိုနိမ့်ကျဆိုးရွာလာစေပြီး ဆင်းရဲမွဲတေမှုသံသရာလည်နေဦးမှာ ဖြစ်ပါတယ်။
လေ့လာချက်များအရ ပညာတတ်သူအမျိုးသမီးအများစုဟာ နိုင်ငံရေးအသိ၊ လူမှုရေး ပညာ၊ သိပ္ပံပညာကို နားလည်စွမ်းရှိပြီး ကျန်းမာရေးလိုက်စားတဲ့အပြင် ကောင်းမွန်စွာ အမှုထမ်းနိုင်သူတွေဖြစ်ကြပါတယ်။
မွေးဖွားပေးနိုင်ကြောင်း တွေ့ရပါတယ်။ ထိုကလေးများမှာ ရှင်သန်မှုမှာလည်း ပညာမတတ်ဆင်းရဲသော
မိခင်မှ မွေးသောကလေးထက် မြင့်မားပြီး၊ ထိုကလေးများကို ပိုမိုကောင်းမွန်စွာ
စောင့်ရှောက်နိုင်ကြောင်းလည်း လေ့လာတွေ့ရှိရပါတယ်။
့အရပ်၊ကိုယ်အလေးချိန်အတိုင်း ရရှိစေပြီး ဒီအကျိုးသက်ရောက်မှုဟာ ဖခင်တစ်ယောက်က ဝင်ငွေကို ကိုင်ထားတာထက် လေးဆပိုပါတယ်။ အိမ်ထောင်ဗာရီရတွေမှာ မိခင်ရဲ့သုံးစွဲမှုဟာ ဖခင်နဲ့ကွဲပြားနေပါတယ်။
တဲ့ခြားနားချက်ဖြစ်စေပါတယ်။ ပညာတတ်မိခင်ဟာ ပညာတတ်ဖခင်ထက် ကလေးတွေရဲ့ကျန်းမာရေးနဲ့ ပညာရေးအပေါ်ပိုပြီး အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ပညာတတ်မိခင်တွေဟာ ပညာတတ်
ကလေးတွေဖြစ်လာဖို့လည်း ပိုမိုအားထုတ်ရည်သန်ပါတယ်။ဒီလိုနဲ့ အမျိုးသမီးတွေ ပညာတတ်တဲ့အခါ ဆင်းရဲမှုကို လျော့ကျစေနိုင်ပြီး၊ ကုန်ထုတ်လုပ်မှုတိုးပွားလာပြီး၊ လူဦးရေအုံကြွမှုကို လျော့ပါးစေမှာဖြစ်သလို ကလေးများအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
သမီးရဲ့ စွမ်းအင်ခြားနားမှုဟာလည်း လျော့ကျလာပါတယ်။ ယနေ့ခေတ်တိုင်းပြည်တွေဟာ ထုတ်ကုန်ကောင်းတွေကို နိုင်ငံခြားကိုတင်ပို့ရောင်းချနိုင်မှသာ တိုးတက်နေတဲ့ကမ္ဘာနဲ့ရင်ဘောင်
တန်းနိုင်မှာဖြစ်ပြီး ဒီဖြစ်စဉ်မှာ ပညာတတ်အမျိုးသမီးတွေရဲ့ အင်အားဟာ မဖြစ်မနေလိုအပ်ပါတယ်။ ပညာတတ်အမျိုးသမီးတွေ များပြားလာတာနဲ့အမျှ နိုင်ငံတော်ဝင်ငွေက တိုးပွားလာမှာ ဖြစ်ပါတယ်။
သန်ရပ်တည်အောင် ပိုမိုဆောင်ရွက်နိုင်စွမ်း ရှိပါလိမ့်မယ်။အိမ်ထောင်ထိန်းသိမ်းရာမှာလည်း အချိုးကျတဲ့အပြင် လုပ်ငန်းခွင်မှာလည်း ပိုမိုထုတ်လုပ်နိုင်စွမ်းရှိပြီး လခကို ပိုမိုကောင်းမွန်စွာ ရရှိနိုင်မယ်။ သူမရဲ့ ဘဝကိုသာမကဘဲ ရင်သွေးတွေရဲ့ဘဝကိုပါ ကောင်းမွန်စွာ ကာကွယ်နိုင်မယ်။ သူမရဲ့ အခွင့်အရေးတွေကို တောင်းဆိုနိုင်စွမ်းရှိလာပြီး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်စွမ်းရှိပြီး ဂုဏ်သိက္ခာရှိတဲ့ဘဝလုံခြုံမှုရမှာ ဖြစ်ပါတယ်။
မြန်မာမိန်းကလေးတွေဟာ ယနေ့ထက်တိုင် ပညာရွှေအိုးကို ယနေ့ထက်တိုင် တန်းတူညီမျှပိုင်ဆိုင်ခွင့်မရနိုင်သေးပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၈ က "နိုင်ငံတော်သည် မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဘာသာ၊ ဇာတိ၊ ကိုးကွယ်ရာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားခြင်းမရှိစေရန်" လို့ ပြဌာန်းထားတာရှိပေမယ့် မညီမျှမှုများရှိနေဆဲဖြစ်ပြီး ပညာရေးမှာ ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်ကအစ တူညီမှုမရှိတာကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တစ်ခါထောက်ပြခဲ့ဖူးပါတယ်။
တောခြုံအုံကြားနေရာတွေကို (ဆရာဝန်)အမျိုးသမီးတွေက တာဝန်မထမ်းဆောင်နိုင်လို့ပါတဲ့။ ထိုစကားမှာ မြန်မာပြည်အစွန်အဖျားဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ စာသင်ကြားပေးနေသော ဆရာမလေးများကို သွယ်ဝိုက်စော်ကားခြင်းဖြစ်တာမို့ အလွန်ပဲ အားနာစရာကောင်းလွန်းလှတာ။ အားလုံးသိတော်မူတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ ၇၆.၄၆% သော ဝန်ထမ်းတွေဟာ အမျိုးသမီးတွေဖြစ်ပြီး မူလတန်းကျောင်းမျှ အနိုင်နိုင်တည်ရတဲ့ ထိုကျေးရွာလေးများမှာ တိုက်နယ်ဆေးရုံဆိုတာ အဝေးဆုံးအရပ်မှာရယ်လေ။
အမှန်မှာတော့ ဆေးတက္ကသိုလ်ဝင်ခွင့်သာမကဘဲ အဆင့်မြင့်ပညာရေးနယ်ပယ်မှာ အမျိုးသမီးတွေက ခွဲခြားပယ်ဖျက်ခံနေရဆဲဖြစ်ပါတယ်။
၂၀၁၃-၂၀၁၄ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်ခွင့်ကိုပင် ကျား၊ မ ခွဲခြားကာ သတ်မှတ်မှုကြောင့်
ဆေးတက္ကသိုလ် ကျား (၄၉၀)၊ မ (၅၀၈)
ရန်ကုန်နည်းပညာတက္ကသိုလ် (အဆင့်မြင့်) ကျား ( ၅၀၀)၊ မ (၅၀၄)
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျား (၄၆၉)၊ မ (၅၀၁)
မန္တလေးနည်းပညာတက္ကသိုလ် (အဆင့်မြင့်) ကျား (၄၈၅)၊ မ (၄၉၇)
လို့စသည်ဖြင့် ကျား၊မ ဝင်ခွင့်အမှတ်မတူသည်ကို တွေ့ရှိရနိုင်ပါတယ်။
အစိတ်အပိုင်းမှာ ပါဝင်နေပါတယ်။ အလုံးစုံသောလူ့အခွင့်အရေးတွေဟာ တစ်ခုနဲ့တစ်ခုဆက်စပ်နေပြီး ၊ မခွဲခြားနိုင်ဘူးဆိုတာ ဒီပညာသင်ကြားနိုင်ခွင့်ဥပမာကသာ အကောင်းဆုံးသရုပ်ပြပေးနိုင်ပါတယ်။ ဒါပေမယ့် ပညာသင်ကြားခွင့်ကို မြန်မာမိန်းကလေးများအားလုံးမရရှိကြဘဲ ရရှိသောမိန်းကလေးများမှာလည်း ညီမျှမှုမရှိသော စည်းမျဉ်းများကြောင့် သူတို့လိုလားသော ပညာရေးအိပ်မက်ကို စွန့်လွှတ်နေရဆဲဖြစ်ပါတယ်။
ဗီယက်နမ် နိုင်ငံများကို လေ့လာချက်အရ အမျိုးသမီးပညာရေးမှာ ပိုပြီး ရင်းနှီးမြှပ်နှံလေ ဖွံ့ဖြုးမှုတိုးတက်လာလေဖြစ်ပြီး တစ်နှစ်ကို GDP ၀.၂ % တိုးတက်လာကြောင်း တွေ့ရပါတယ်။
ဖြစ်စေ ၊ အမျိုးသားရေးကြောင့် ဖြစ်စေ ၊ ကမ္ဘာကြီးပြောင်းလဲရေးအတွက် ဖြစ်စေ။ အမျိုးသမီးများအားလုံး သာတူညီမျှပညာသင်ကြားခွင့်ရရေးဟာ မဖြစ်မနေအကောင်အထည်ဖော်ရမယ့် လူ့အခွင့်အရေးဖြစ်
ပါတယ်။ ထို့အတွက် အစိုးရရဲ့ ကူညီမှုနဲ့ မိဘတွေ၊လူမှုအဖွဲ့အစည်းတွေဟာ ကျောင်းများနဲ့ပူးပေါင်းကာ မိန်းကလေးငယ်ပညာရေးရရှိအောင် ကြိုးစားရပါလိမ့်မယ်။ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ မာလာလာကို အတုယူပြီး ကျွန်မတို့ ဇွဲမလျှော့သင့်ပါဘူး။
နိုဝင်ဘာလ ၁၀ ရက် နေ့ကို မာလာလာနေ့ အဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့လည်း မိန်းကလေးငယ်တွေ (ညီတူညီမျှ) ပညာသင်ကြားခွင့် ရရှိရေးကို လှုပ်ရှားမှု တစ်ရပ်အဖြစ်၊ အမျိုးသားရေးဦးတည်ချက်အဖြစ် ချမှတ်ဆောင်ရွက်သင့်ပြီလို့ ထင်မြင်မိပါတယ်။
မရှိပါဘဲ တစ်ဦးတစ်ယောက်ကိုမှီခိုပြီး အရေပြားတစ်ထောက်ကို အခြေပြုပြီး ဘဝရပ်တည်ခဲ့မယ်ဆိုရင် ဒီမိန်းကလေးရဲ့ မိသားစုဘဝယို့ယွင်းရုံမျှသာ မဟုတ်ဘဲ လူအဖွဲ့အစည်းတစ်ခုလုံးရဲ့ ဆုံးရှုံးမှုဖြစ်ပါတယ်။
ပြည့်နေဦးမှာ ဖြစ်ပါတယ်။ ထို့အတွက် ကျွန်မတို့အားလုံးဟာ ‘မိန်းမတို့၏ အဆင်းကား ပညာတည်း။ မိန်းမတို့၏ ဥစ္စာကား ပညာတည်း။’ဆိုပြီး ဆိုရိုးအသစ်ရေးထိုးနားလည်ဖို့ အချိန်ကျပါပြီ။ ပညာသင်ကြားသော မိန်းကလေးများရဲ့ အဆင့်မြင့်ပညာသင်ကြားနိုင်ခွင့်စည်းမျဉ်းများကို ညီတူညီမျှပြုလုပ်ပြဠာန်းရမယ့်အချိန်လည်း ရောက်သင့်ပြီ ဖြစ်ပါတယ်။
မယ့်ကိုး
(လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ်။ နိုဝင်ဘာ၊ ၂၀၁၃)
Comments
Post a Comment