ပန်းညှိုး ပန်းသေခြင်းနှင့် သုတ်လွှတ်မြန်ခြင်း၏ ကွာခြားချက် (အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ)

အမျိုးသားများ၏ လိင်ဆက်ဆံမှုကို အဟန့်အတားဖြစ်စေ သည့်ရောဂါများတွင် ပန်းညှိုးပန်းသေခြင်း ရောဂါနှင့် သုတ်လွှတ်မြန်ခြင်း ရောဂါသည်တွေ့ရအများဆုံးဖြစ်သည်။

ထိုရောဂါများကိုလူအများစုသည်အပေါ်ယံမျှသာသိကြပြီးအသေးစိတ်နားမလည်ကြပါ။ပန်းညှိုး ပန်းသေခြင်းနှင့်သုတ်လွှတ်မြန်ခြင်းတို့သည်အဆက်အစပ်ရှိပါသည်။သုတ်လွှတ်မြန်ခြင်းသည်ပန်းညှိုးပန်း
သေခြင်း၏ပထမအဆင့်ဖြစ်ပါသည်။ သုတ်လွှတ်မြန်သောအခြေအနေဆိုးဝါးလာသောအခါပန်းညှိုးပန်းသေ  ခြင်းကိုဖြစ်စေပါသည်။
ပန်းညှိုးပန်းသေရောဂါဖြစ်လျှင်လည်းမကြာခဏသုတ်လွှတ်မြန်တတ်ပါသည်။
ထို့ကြောင့်ထိုရောဂါနှစ်ခုလုံးတွင်တူညီသောအချက်ရှိပါသည်။

ပန်းညှိုးပန်းသေခြင်းနှင့်သုတ်လွှတ်မြန်ခြင်း၏ပင်ကိုသဘာဝကွာခြားချက်
ပန်းညှိုးပန်းသေခြင်းဆိုသည်မှာကာမဆက်ဆံချိန်တွင် လိင်တံမထောင်နိုင်ခြင်း (သို့)ကြာရှည်စွာမ ထောင်နိုင်ခြင်း၊ ထောင်နိုင်ခဲ့သော်လည်းကာမဆန္ဒပြီးမြောက်အောင်မလုပ်ဆောင်နိုင်ခြင်း
ကိုခေါ်ပါသည်။
သုတ်လွှတ်မြန်ခြင်းဆိုသည်မှာလိင်ဆက်ဆံရာတွင်အမျိုးသမီးများကလိင်စိတ်အထွတ်အထိပ်သို့
မ ရောက်ရှိခင်အမျိုးသားများကနှစ်မိနစ်အတွင်းသုတ်လွှတ်ခဲ့ပါကလိင်သဘောအရမညီမျှသော
အဟန့်အတား ဖြစ်ခြင်းကိုခေါ်ပါသည်။

ပန်းညှိုးပန်းသေခြင်းနှင့်သုတ်လွှတ်မြန်ခြင်း၏ကုသမှုကွာခြားချက်
ရောဂါလက္ခဏာအရကာမစိတ်ပိုင်းဆိုင်ရာပန်းညှိုးပန်းသေခြင်းနှင့်လိင်အင်္ဂါအဖွဲ့အစည်းပန်းညှိုးပန်းသေခြင်း
တို့ရှိသည်။ကုသနည်းတွင်ကာမဆက်ဆံခြင်းဖြင့်ကုသနည်း၊ ရုပ်ပိုင်းဆိုင်ရာကုသနည်း နှင့် ခွဲစိတ် ကုသနည်းတို့ရှိသည်။

ပန်းညှိုးပန်းသေခြင်းကိုကုသသည့်အဓိကရည်ရွယ်ချက်မှာလိင်တံမာကျောလာစေခြင်း၊ လိင်တံပုံမှန်ကြွနိုင်ခြင်းနှင့် ကာမဆန္ဒကိုအပြည့်အဝခံစားနိုင်စေရန်ဖြစ်သည်။
ပန်းညှိုးပန်းသေရောဂါကုသနည်းကိုအသေးစိတ်ပြောရမည်ဆိုလျှင်စိတ်ပိုင်းဆိုင်ရာကုသနည်းသည် ကမ္ဘာပေါ်တွင်အတွေ့များဆုံးသောကုသနည်းတစ်မျိုးဖြစ်သည်။အဓိကအားဖြင့်လင်မယားလိင်ဆက်ဆံရာ တွင်လိင်တံပြန်လည်ကြွလာစေရန်ကုသသောနည်းလမ်းဖြစ်သည်။

ရိုးရာဓလေ့ထုံးတမ်းအရပန်းညှိုးပန်းသေခြင်းနှင့်သုတ်လွှတ်မြန်ခြင်းသည်ရောဂါအခြေအနေမတူ
 ခြင်းသာဖြစ်သည်။သုတ်လွှတ်မြန်ခြင်းသည်ပန်းညှိုးပန်းသေခြင်း၏ပထမအဆင့်ဖြစ်သည်။
ထို့နောက်ပန်းညှိုးပန်းသေခြင်းသည်သုတ်လွှတ်မြန်ခြင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်။

သုတ်လွှတ်မြန်ခြင်းရောဂါအလွန်ဆိုးဝါးလာသောအခါပန်းညှိုးပန်းသေအဆင့်ကိုရောက်ရှိနိုင်သည်။
ထိုသို့ဖြစ်ခြင်းကိုကြာရှည်စွာမကုသပါကအမျိုးသား များအတွက်စိတ်ပိုင်းဆိုင်ရာဖိအားများလာနိုင်သည်။
ထိုစိတ်ဖိအားမမျှတသောအချိန်တွင်စိတ်ပိုင်းဆိုင်ရာပန်းညှိုးပန်းသေရောဂါရရှိနိုင်သည်။

သုတ်လွှတ်မြန်ခြင်းသည်အချိန်တိုအတွင်းသုတ်ရည်ထုတ်ခြင်းနှင့်ပုံမှန်လိင်ဆက်ဆံခြင်းကိုမထိန်း ချုပ်နိုင်သောရောဂါလက္ခဏာတစ်မျိုးဖြစ်သည်။အနောက်တိုင်းနိုင်ငံများတွင်သုတ်လွှတ်မြန်ခြင်းကို
ဤသို့ရှင်း ပြထားသည်။သုတ်လွှတ်မြန်ခြင်းကြောင့်လိင်ဆက်ဆံမှုကိုအဟန့်အတားအလွန်ဖြစ်စေသည်။
ဆိုလိုသည်မှာလိင်ဆက်ဆံမှုမပြုခင်(သို့)လိင်ဆက်ဆံချိန်တွင်သုတ်ရည်ကိုမထိန်းနိုင်ဘဲတစ်မိနစ်အတွင်း
သုတ်လွှတ်သွား ခြင်းကိုခေါ်ပါသည်။ထို့နောက်စိတ်ရှုပ်ခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်မအီမသာဖြစ်ခြင်းနှင့်
လိင်ဆက်ဆံမှုကိုရှောင်လွှဲချင်သောလက္ခဏာများဖြစ်လာသည်။

ရောဂါအခြေအနေအရသုတ်လွှတ်မြန်ခြင်းတွင်လည်းစိတ်ပိုင်းဆိုင်ရာနှင့်လိင်အင်္ဂါအဖွဲ့အစည်း
ဟူ၍နှစ်မျိုးခွဲထားပါသည်။သို့သော်လည်းသုတ်လွှတ်မြန်ခြင်းနှင့်ပန်းညှိုးပန်းသေခြင်းကိုကုသသည့်
နောက်ဆုံး ရည်ရွယ်ချက်မှာမတူညီပါ။

သုတ်လွှတ်မြန်ခြင်းကိုကုသသည့်နောက်ဆုံးရည်ရွယ်ချက်မှာသုတ်လွှတ်ချိန်ကြာစေခြင်း(သို့) သုတ်လွှတ်ချိန် ကိုထိန်းချုပ်နိုင်ခြင်းနှင့်သုတ်လွှတ်အားကောင်းစေရန်ဖြစ်သည်။
ထိုကုသမှုအောင် မြင်ရန်အတွက်အမျိုးသားများနေ့စဉ်နေထိုင်မှုနှင့်ပတ်သက်၍ကျန်းမာရေးဗဟုသုတ
များကိုလေ့လာသင့်ပါ သည်။ အကယ်၍သုတ်လွှတ်မြန်ရောဂါဆိုးဝါးလာပါကအထူးကုဆေးရုံသို့အမြန်ဆုံးသွားရောက်ပြီးရောဂါအ
ခြေအနေအရကုသမှုခံယူသင့်သည်။
Shwe Padauk Yangon Hosital

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)