လူငယ်နှင့် နှလုံးသား

လူသားတွင် စိတ်ခံစားမှု (Feeling) နှင့် စိတ်လှုပ်ရှားမှု (Emotional) တို့ ရှိပါသည်။ ထို နှစ်ခုနှင့်ပင် နှလုံးသားသို့ ရိုက်ခတ်၍ အချစ် (Love)၊ ကြင်နာမှု (Kind) Loving Kindness (စာနာမှု)တို့ ဖြစ်လာပါသည်။ အခြားစိတ်ခံမှု များမှာလည်း ဖြစ်ပေါ်စေသည်။ ကျွန်တော်ပြောလိုသည် မှာ နှလုံးသားမှ ဖြစ်ပေါ်လာ သော Love ကို ကြည့်ကြရ အောင်။စွဲလမ်းမှုမှတစ်ဆင့် ဆန္ဒများဖြစ်ပေါ်၍ လက်တွဲ မိကြသည်။ထိုလက်များမှာ ကြာရှည်ခိုင်မြဲသန်မာလာသော အခါတွင်အချစ်၏ အဓိပ္ပာယ် ပြည့်စုံလာသည်ဟုဆိုကြပါသည်။ နှလုံးသည်မျက်လုံးမှ စတွေ့ သောရင်ခုန်သံကိုစတင် လက် ခံ၍ စိတ်မှအင်အားပြည့်၍ ဦးနှောက်၏ ဆုံးဖြတ်ချက်ဖြင့် အချစ်ကိုလက်ခံရယူကျေနပ် ခဲ့ကြသည်။သွေးသား ဆန္ဒ တောင့်တမှုဖြင့်အချစ်၏နက် ရှိုင်းမှုကို ရောက်ခဲ့ကြပါသည်။ ထိုအခါ ထိုလူသားနှစ် ယောက်သည် နှလုံးသားကို သံယောဇဉ်နှင့်နားလည်မှုဖြင့် ဖြည့်ဆည်းပြီးနှလုံးသားတံခါး ကို ခိုင်မြဲအောင် အနီးကပ် တည်ဆောက်ကြသည်။ ဆင် ခြင်တုံတရားအားကောင်းနှင့် အားမကောင်းခြင်းသည် သတ် မှတ်ချက်မဟုတ်ခဲ့လျှင် ထိုနှစ် ဦးနီးစပ်မှုရလဒ်သည် အဖြေ မဟုတ်ဘဲဘဝလိုအပ်ချက် တစ်ခုဟုယူဆသ ည်။ ကျွန်တော် ပြောလိုသည့် ထိုနှစ်ဦးမှာ အမျိုးသားနှင့်အမျိုးသမီးကို ဆိုလိုပါသည်။ မိသားစု၊ မောင်နှမသား ချင်း၏ သံယောဇဉ်ကို(၅၂၈)ဟု သတ်မှတ်မှုများရှိပါသည်။ ချစ်သူ၊အိမ်ထောင်ရှင်ချင်း များကို(၁၅ဝဝ)ဟု ဆိုကြပါ သည်။(၅၂၈)သည်လောကဖြစ် ပျက်မှုသဘာဝအရ ဖြစ်ပေါ် လာပြီး (၁၅ဝဝ)မှာ ထိုနှစ်ဦးက တည်ဆောက်ရယူခြင်းဖြစ် ပါသည်။ (၅၂၈)လက်ခံလိုချင်၊ လက်မခံလိုချင်နှင့်မဆိုင်ပါ။ မိသားစုသဘော မျိုးလည်းရှိပြီး နောက်တွင်မိမိဘာသာ တည် ဆောက်ထားသောအရွယ် ရောက်နားလည်မှုများလည်း ရှိပါသည်။ (၁၅ဝဝ)မှာ လက်ခံသော နှစ်ဦးစလုံးနှလုံးသား၊စိတ်၊ ဦး နှောက်နှင့်သက်ဆိုင်ပါသည်။ ယုံကြည်မှု၊နားလည်မှု၊ အလျှော့ အတင်းများလည်းရှိပါသည်။နှလုံသား၏သွေး၊ စိတ်၏ အ လျင်၊ဦးနှောက်၏ဆုံးဖြတ်မှု သည်တစ်ခါတရံတည်ငြိမ်၊ တစ် ခါတရံလှုပ်ရှား၍ လှိုင်းဂယက် ထနိုင်ပါသည်။ထိုနှစ်ဦးစလုံးထို သဘောကို လက်ခံလျှင်ခိုင်မြဲ သောလက်ဖြင့်ရေရှည်တူညီ တည်းလက်တွဲ နိုင်ပါသည်။ အပြုံး၊ အလိုက်သိမှု၊ ပေး ဆပ်မှုများသည်လည်း ချစ်သူအိမ်ထောင်ရှင် များအ တွက်အထူး အရေးပါသည်။ မည်သို့ပင် ဖြစ်စေထိုနှစ်ဦး မှအောက်ပါ(၃)ချက်ကို လက်ခံရှိနေပါက ထိုနှစ် ဦးမှာမကွဲမကွာအမြဲ ရှိနေ နိုင်ပါ သည်။ (၁) အပြန်အလှန် နား လည်မှုနှင့် သံယောဇဉ် (၂) လိုအပ်သော ပြည့်စုံမှု (သို့) ငွေကြေး (၃) စိတ်ဆန္ဒလိုအင်(သို့) Sex ထိုအချက်(၃)ချက်တို့ကို နှစ် ဦးစလုံးမှ အမြဲထိန်းသိမ်း ရရှိရန် ကြိုးစားနေပါက ထိုနှစ်ဦးမှာအမြဲလက်တွဲနေနိုင်ပါသည်။ (၁) အချက်မရှိပါက တဖြည်းဖြည်းဝေးနိုင်ပြီး (၂)အချက်မပြည့်စုံကဝေးကွာမှု အစဖြစ်ပြီး သုံးချက်စလုံးမဲ့နေ ပါက ကျောခိုင်းမှုအနေ အထားရောက် သွားနိုင်ပါသည်။ ကျောချင်းကပ် ထားခြင်းသည် ကောင်းပါသည်။ရပ် ခြင်းအပ်ထားခြင်းသည်လည်း တန်ဖိုးရှိပါသည်။သို့သော် ကျောခိုင်း၍ တဖြည်း ဖြည်းဝေး ကွာသွားလျှင်နှစ်ဦးစလုံး ၏နှလုံးသားတွင်ဒဏ်ရာတစ်ခု ကျန်ခဲ့ပါမည်။ဒဏ်ရာ အဖြစ်ထားခဲ့လျှင်ကောင်းပါသည်။နာကျင်မှု၊နာကြည်းမှုဖြစ်ပေါ် လာလျှင်မကောင်းနိုင်ပါ။နစ်နာမှုများ နှင့်အတူမျိုးဆက် ၏မေးခွန်းနှင့်မလိုလားအပ် သောနောက်ဆက်တွဲများရှိ လာနိုင်ပါသည်။ ပန်းသီးသည် အချစ် သင်္ကေတ၊လက်ဆောင်နှင့် အနမ်းတို့သည် အိမ်ထောင် သည် များ ၏ သက် သေဖြစ်နေ ပါကထိုအရာများကိုလည်း နှစ်ဦးစလုံး ကသိရှိလက်ခံ ဆောင်ရွက်ရန်လိုနေပါသည်။ နှလုံးသား၏ အနက်ရှိုင်း ဆုံးမှာပေးဆပ်မှုအများဆုံး ဖြစ်ပြီးနောက်တွင် နှလုံးသား၏ ပီတိမှာရယူခြင်း ဖြစ်ပါသည်။ ဂရုစိုက်မှုနှင့်တန်ဖိုး ထားမှုများမှာ ထို နှစ်ဦး၏ရေ ရှည် အလင်းရောင် များဖြစ်ပါ သည်။အချို့ သောသူများက ချစ်နေရင်ပြီး တာပဲဟုဆို သော်လည်း အခြားသော အရာများ ကိုလည်းရှိနေ အောင် ဆောင်ရွက်ဖို့လိုပါ သည်။စတင်တွေ့သောအချိန်၊ လက်ခံသောအချိန်၊ အမှတ်တရ ပစ္စည်းနေရာများကိုထိုနှစ်ဦး စလုံးကအမြဲအမှတ်တရထား လျှင်လက်တွဲသော ကာလမှာ သက်တမ်းကုန်ဆုံးသည်အထိ သွားနိုင်ပါသည်။ “အိုအောင်မင်းအောင် ပေါင်းရပါစေ” ဟူသော စကား များ အဓိပ္ပာယ်အလွန်ရှိပါသည်။ အချစ်၊ နှလုံးသား၊ စိတ်၊ ဦးနှောက်၊သံယောဇဉ်၊အ ကြင် နာ၊စာနာမှု၊နားလည်မှု၊ ပေး ဆပ်မှု၊ရယူမှုတို့ကိုကာလ ကြာ ရှည်စွာတည်ဆောက်ထား သောနှစ်ဦး၏သက်တမ်း တန်ဖိုးဖြစ်ပါသည်။ နေရာပေးမှု၊အမြဲ ဂရုစိုက် မှုသည်လည်း နှလုံးသား၏ အခန်းတစ်ခန်းဖြစ်ပါသည်။မိုးသည် အစဉ်မရွာပါ။ လသည် အမြဲမသာပါ။ သို့သော် နှလုံးသား၏ရင်ခုန်သံသည် လူသား များအတွက် အမြဲ အဆင်သင့်ရှိနေပါသည်။ နှလုံးသား၏တည်ဆောက် ထားသောအခြေခံအုတ်မြစ်နှင့် အရောင်တင်ထားသော ရင်းနှီး မှု၊အချိန်တို့နှင့်နှလုံး သား ပေါင်းစပ်ကျောက်တိုင်တစ်ခု တည်ဆောက်၍ ရပါသည်။ ချစ်သူဖြစ်ရန်၊ ချစ်သူအား လုံး အိမ်ထောင်သည်ဖြစ်ရန်၊ အိမ်ထောင်သည်အားလုံး အိုအောင်မင်းအောင်ပေါင်းနိုင် ရန်ထိုအချက်များလိုအပ် ပါသည်။ ယခုခေတ်တွင် လိင်တူ ချင်းများလည်းရှိကြပါသည်။ နောက်တစ်ခု မှာ (၉၇၂) သဘောဖြစ်ပါသည်။ (၅၂၈) ထက်လည်းကျော်ပြီး (၁၅ဝဝ) လည်းမရောက်သော နှလုံးသား ချင်း ထိစပ်နက်ရှိုင်းမှုမှာ ပါးပါး တိမ်တိမ်လေးဖြစ်ပြီး သံယော ဇဉ်အရတစ်စုံတစ်ခုကိုချည် နှောင်မှုဖြစ်ပါသည်။ လူငယ်များသည် မိမိဘဝ သက်တမ်းတွင် ထိုဖြတ်သန်း မှုများကိုကြုံတွေ့ရပါမည်။ အပျို၊လူပျို၊အပျိုကြီး၊လူပျို ကြီးဖြစ်ပြီးနောက်တစ်စုံတစ်ခု သောဒဏ်ရာများလည်း စွန်း ထင်ကောင်းစွန်းထင်နိုင်ပါသည်။ ဖြူစင်သောမေတ္တာနှင့် နှလုံးသား၏အရောင်မှာ လက် ခံသောနှစ်ဦး၏ ဆုံးဖြတ်ချက် နှင့်တွဲဆောင်သောသဘော ဖြစ်ပါသည်။အနု၊အရင့်၊အ ပြင်း၊အပျော့များဖြစ်လာနိုင် ပါသည်။နှလုံးသားပေးဆပ်မှု များမှာလည်းရှိသောလူသား များလည်း ရှိနိုင်ပါသည်။ လူငယ်များ နှလုံးသားကို ဗဟိုပြု၍ စိတ်အလိုဖြည့်ဆည်း သည့်မှန်ကန်သော ဦးနှောက် ဖြင့်အချစ်အိမ်များပုံဖော် ဖန်တီးတည်ဆောက်နိုင်ပါစေ။ အောင်ထွန်း

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)