အနမ်း (၁၀) မျိုး

အောက်ပါ အနမ်း (၁၀)မျိုးထဲက ကျနော့်ချစ်သူကို မေးကြည့်တယ်။ ဘယ်ဟာပိုကြိုက်သလဲလို့။ သူကတော့ တစ်မျိုးစီ ကြိုက်တာချည်းပါပဲ တဲ့။ အဲဒါကြောင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေးစားသုံးနိုင်ပါ စေကြောင်း ရည်စူးပြီး တင်ပြလိုက်ပါတယ်။ (၁) ရေတံခွန်အနမ်း= ချစ်သူနဲ့တွေ့တဲ့အခါ တောင်အမြင့်ပေါ်က စီးကျလာတဲ့ ရေတံခွန်လို ချစ်သူ့ကိုယ်လုံးလေးကို ခပ်ကြမ်းကြမ်း ပွေ့ဖက်ထားပြီး အားပါးတရ တရစပ် နမ်းခြင်း။ (၂) ရွှင်ပျော်ပျော်အနမ်း= ချစ်သူ့ကိုယ်ပေါ်မှာရှိတဲ့ ယားတတ်တဲ့ နေရာတွေကို လက်ချောင်းလေးတွေနဲ့ တို့ဆိပ်ရင်း ရယ်ရွှင်လာ အောင်လုပ်ပြီးမှ နမ်းခြင်း၊ (၃) ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀အနမ်း= ချစ်သူရဲ့နှုတ်ခမ်းကို ငုံစုပ်ပြီး မနမ်းပဲ အပေါ်ယံနှုတ်ခမ်းသားလေးတွေအပေါ် လျှာဖျားလေးနဲ့ တို့ထိကလိ ပေးလျှက် နမ်းခြင်း၊ (၄) စွမ်းအင်ပြည့်အနမ်း= နှုတ်ခမ်းကို လုံးဝမထိမိစေပဲ ချစ်သူ့တစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ကာ ချစ်သူ့ကျောပြင်ကို လက်ချောင်း များဖြင့် ပွတ်သတ်ပေးခြင်းဖြင့် နမ်းခြင်း၊ (၅) ရေခဲစိမ်အနမ်း= ပူအိုက်တဲ့ရာသီမှာ ချစ်သူနဲ့အတူ ရေခဲမုန့်စားခြင်းဖြင့်ဖြစ်စေ၊ အအေးသောက်ခြင်းဖြင့်ဖြစ်စေ၊ နှစ်ဦးစလုံးရဲ့ နှုတ်ခမ်းများကို အေးစက်အောင်လုပ်ပြီးမှ နမ်းခြင်း၊ (၆) မူဟန်ကြွယ်အနမ်း= ချစ်သူနဲ့အတူနေတဲ့အခါ အလျှင်စလိုမနမ်းမိစေပဲ ချစ်သူလိုလားမှန်းသိသည့်တိုင် မသိယောင်ဆောင်နေပြီး သူ့ဘက်က အငမ်းမရတောင်းတလာမှ နမ်းခြင်း၊ (၇) တူးတူပုန်းအနမ်း= ချစ်သူနဲ့ပြေးလွှားဆော့ကစားရင်း ကိုယ်အချင်းချင်းပွတ်သတ်ထိတွေ့စေပြီး ပျော်ရွှင်အူမြူးအောင်လုပ်ပြီးမှ နမ်းခြင်း၊ (၈) အာရှအနမ်း (သို့) မွှေးမွှေးပေးခြင်း= နှုတ်ခမ်းချင်းမထိစေပဲ ချစ်သူရဲ့ နဖူးပြင်၊ ပါးပြင်စသည်ကို မွှေးမွှေးပေးခြင်းဖြင့်နမ်းခြင်း၊ (၉) သကာစိမ်အနမ်း= ချော့ကလက်သကြာလုံးစသည်ကို တစ်ဦးပါးစမ်းထဲ တစ်ဦးပါးစပ်ဖြင့်ထည့်ပေးလျှက် အပြန်အလှန်နမ်းခြင်း၊ (၁၀) ငတက်ပြားအနမ်း= ချစ်သူနဲ့အတူ တွဲသွားတဲ့အခါ ပတ်ဝန်းကျင်လူ အခြေအနေကြည့်လျှက် လစ်ရင်လစ်သလို နမ်းခြင်း၊ ဟု အနမ်း (၁၀)မျိုးပါးကို မှတ်သားရပါကြောင်း။ နတ်လူသာဓုခေါ်စေသော် အလင်းတန်း

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)