တကယ့်တကယ်တော့

❀ လူတွေက သင့်ကို အကဲဖြတ်ဝေဖန်ကြလိမ့်မယ်
ဒါပေမယ့် - - - -
သင့် ရဲ့ အရည်အချင်းကိုတော့ တန်ဖိုးဖြတ်နိုင် ကြမှာ မဟုတ်ပါဘူး  ၊။
.
❀ လူတွေက သင့် ရဲ့ တက်လမ်းကို နှောင့် ယှက် ကြလိမ့်မယ်
ဒါပေမယ့် - - - -
သင့်ကို ရပ်တန့်အောင် တော့ မလုပ်နိုင်ကြပါဘူး ။
.
❀ လူတွေက သင့်ရဲ့ အမှားတွေကို ထောက်ပြကြလိမ့်မယ်
ဒါပေမယ့် - - - - -

အမှန်ပြင် ဖို့တော့ သူတို့လည်း စွမ်းနိုင်ကြမှာ မဟုတ်ပါဘူး ။
.
❀ လူတွေက သင် တိုးတက်ဖို့ အကြံဉာဏ်တွေ ပေးကြလိမ့်မယ်
ဒါပေမယ့် - - - - -
တကယ်တိုးတက်ဖို့တော့ သူတို့လည်းပဲ
မတတ်နိုင်ကြပါဘူး ။
.
❀ လူတွေက သင့် ရဲ့ ပြဿနာတွေကို နားထောင် ပေးကြလိမ့်မယ်
ဒါပေမယ့် - - - -
ဖြေ ရှင်းပေးဖို့တော့ သူတို့မှာလည်း ကိုယ်စီပြဿနာတွေ ရှိနေကြတာပဲလေ ။
.
🌼 တကယ့်တကယ်တော့
ထမင်းဆီစမ်းရွှေလင် ပန်းကို မေ မေကိုယ်တိုင် ပြင် ပေးပေမယ့် . . . .
သားကိုယ်တိုင် စားမှပဲ ဝမ်းဝမှာ အမှန်ပါပဲ ၊
.
🌼 တေးဆိုကာ အမေ သိပ်သော်လည်း
သားအိပ်မှ ပျော် မှာ မလွဲပါပဲ………

.
ငြိမ်းလဲ့

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)