အရက်နဲ့တူသော အချစ်


.
အချစ်ဆိုတာ အရက်နဲ့တူတယ်။
မေတ္တာတရားဟာ ပျားရည်နဲ့တူတယ်။
.
အရက်ဟာ လူတစ်ယောက်ကို ဖျက်ဆီးပြစ်နိုင်သလို
အချစ်ဟာလဲ နှလုံးသားတစ်ခုလုံးကို ပျက်ဆီးနိုင်ပါတယ်။
.
ပျားရည်မရောပဲသောက်တဲ့ အရက်ဟာ


ခွန်အားမဖြစ်သလို အချစ်တစ်ခုတည်းနဲ့
တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးဟာလည်း မတည်မြဲနိုင်ဘူး။
.
ပျားကောင်တွေဟာ ပျားရည်ဖြစ်အောင်
ပန်းဝတ်မှုံမှတဆင့် ဖန်တီးထားသလို
သာယာပျော်ရွှင်စရာကောင်းတဲ့
အိမ်ထောင်ရေးကိုလည်း မေတ္တာတရားက
ပြောင်းလဲပေးစေနိုင်ပါတယ်။
.
ပျားရည်ကို ဘာမှမရောပဲသောက်ရင်
သွေးသားတွေပူလာပေမယ့်
ခွန်အားဖြစ်စေသလို မေတ္တာတရားဟာလည်း
နူးညံ့သိမ်မွေ့တဲ့ နှလုံးသားဖြစ်အောင် ခွန်အားပေးပါတယ်။
.
အရက်ကို နေရာဒေသအလိုက်
အရက်အမျိုးမျိုးရနိုင်သလို အချစ်ဟာလည်း
နေရာဒေသလိုက်ပြီး ပုံစံအမျီုးမျိုးနဲ့ တွေ့ရပါတယ်။
.
ပန်းဝတ်မှုံမှ ပျားရည်ဖြစ်အောင်
ပျားကောင်ကသာလျှင် ဖန်တီးခဲ့သလို
သင့်ရဲ့နှလုံးသားထဲမှာ မေတ္တာတရား
ရှင်သန်နေဖို့အတွက် ကိုယ်ကိုယ်တိုင်က
ဖန်တီးယူရပါတယ်။
.
Credit: Pote Pote
.
.
                                                   Lutaw Lupyaw စာမျက်နှာမှကူးယူပါသည်

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)