တန် ဖိုး ထား ပါ
ကိုယ့်ကိုတန်ဖိုးထားပြီး ရိုးသားစွာချစ်နေပေးတဲ့
ချစ်သူတစ်ယောက် ရထားတဲ့အခါ
အရာအားလုံးထက်ပိုပြီး တန်ဖိုးထားပေးပါ...
.
အခုလိုခေတ်မျိုးမှာ ချစ်သူကောင်းတစ်ယောက်
ပိုင်ဆိုင်ဖို့ဆိုတာ ဘဝမှာဘာနဲ့မှအစားထိုးလို့
မရတဲ့အရာတစ်ခု ပိုင်ဆိုင်ထားရသလိုပါပဲ...
.
ကိုယ့်ပိုင်ဆိုင်ထားရတဲ့ ချစ်သူအပေါ်မှာလဲ
အကောင်းဆုံးနားလည်မှု ရိုးသားမှုလေးတွေနဲ့
ချစ်ပေးပါ...
.
သူ့နောက်ကွယ်မှာလဲစိတ်မကစားနဲ့
သူမကြိုက်တဲ့အပြုမှုလေးတွေကိုလဲရှောင်ပေးလိုက်ပါ
သူ့ကိုလဲ ထပ်တူတန်ဖိုးထားပေးဖို့မမေ့ပါနဲ့...
.
သင့်ရဲ့ကောင်းလှတဲ့ ကျန်းမာရေးတွေ
အလှတရားတွေ အရာအားလုံးအားလုံး
မရှိတော့တဲ့အချိန်ကြရင် . . .. .
အဲဒီအချစ်နဲ့ချစ်နေပေးတဲ့
ဘ၀လက်တွဲဖော်သာအနားမှာကျန်နေခဲ့မှာပါ...
.
Phoe Phyu
.
Poem
Comments
Post a Comment