အချစ်နှင့်အိမ်ထောင်ရေး


ငါတို့..လက်ထပ်ရအောင်လေ...
လက်ထပ်ချင်တာပေါ့ဟာ...ဒါပေမဲ့ လက်ထပ်ပြီးရင် အတူနေဖို့ '' ဘယ်မှာလဲ နေစရာအိမ် မိဘတွေဆီမှာလဲ့ ငါ ကပ်မနေချင်ဘူး ကိုယ့်အိုး ကိုယ့်အိမ်နဲ့ ခွဲပြီး နေချင်တယ်..'' နင်..အဲ့ဒါတွေ အဆင်သင့် ဖြစ်ပြီလား...
အဲ့ဒါတွေက...သူ့အလိုလို ဖြစ်လာမှာလေ..။
ငါ့မှာ အလုပ်ရှိတယ်...ငါ ကြိုးစားမယ် လက်ထပ်ပြီးရင် ငါ ဒီထက် အလုပ်ကြိုးစားမယ်ဟာ
မိဘအိမ်မှာ ၁ နှစ်လောက် နေပြီးရင် ကိုယ့်အိုး ကိုယ့်အိမ်နဲ့ ဖြစ်လာမှာပေါ့...
ဟင့်အင်း...မဖြစ်နိုင်ဘူး ။ လက်ထပ်ပြီးရင် ကလေးရလာမယ် ။ အခုထက်ပိုပြီးဆိုးသွားမယ် ။ ပိုက်ဆံစုဖို့ မဖြစ်နိုင်တော့ဘူး ။ ကလေး စရိတ်တိုးလာပြီလေ..။ အခုထဲက နင်နဲ့ငါ ကြိုပြီးစုကြမယ် ။ ပိုက်ဆံစုမိပြီဆိုမှ ဈေးသင့်တဲ့ အိမ်နဲ့ခြံဝယ်မယ် လက်ထပ်ကြမယ် ။ ပြီးမှ ကလေးစရိတ် ထပ်ရှာမယ် ။ လက်ထပ်ပြီးမှ ကလေးစရိတ်တွေ အိမ်နဲ့ခြံဝယ်ဖို့တွေ ဖြစ်လာမယ်ဆို မဖြစ်နိုင်တော့ဘူးလေ...
အခြားသူတွေဆို...ဘယ်လိုလုပ်မလဲ..။ အလုပ်မရှိ အကိုင်မရှိပဲနဲ့တောင် လက်ထပ်ကြတာ ။ ငါ့မှာ အလုပ်ရှိတယ် နင့်ကို မပူပင်အောင် ရှာကြွေးနိုင်ပါတယ် ။ နင်လိုချင်တဲ့ အိမ်နဲ့ခြံတော့ ဖြည်းဖြည်းချင်း ဖြစ်လာမှာပေါ့...
အဲ့ဒါက...အခြားသူ ။ ငါက ငါပဲ ။ သူများတွေလို ပြီးပြီးရော လက်ထပ်ချင်ရင် အခြားသူကိုယူ ။ ငါ့ကို မယူနဲ့တော့ ။ အေး...ငါ့ကို ငွေမက်တယ် ထင်ရင်လဲ့ နင့်သဘောပဲ..ကြိုက်သလို ဆုံးဖြတ်...
ဟာ...နင် စကားကို ကန့်လန့်မပြောပါနဲ့..။
ငါချစ်တာ နင်ပဲ ။ အခြားသူလဲ မယူနိုင်ဘူး ။ အဓိက တစ်ယောက်နဲ့တစ်ယောက် တစ်ကယ်ချစ်ပြီး ယုံကြည်မှု ရှိဖို့ပဲ မဟုတ်ဘူးလား...
ငါလဲ့ နင့်ကို အရမ်းချစ်တယ် ။ ဒါပေမဲ့ ဘယ်လောက်ချစ်ချစ် အိမ်ထောင်တစ်ခုကို လွယ်လွယ်နဲ့ မထူထောင်ချင်ဘူး ။ နင်ပြောပါ...အချစ်တစ်ခုတည်းနဲ့ ဘဝကို တည်ဆောက်လို့ရလား ။ အိမ်ထောင်တစ်ခု သာယာနိုင်လား...
အချစ်တစ်ခုတည်းနဲ့တော့..ဘဝကို တည်ဆောက်လို့ မရပါဘူး ။ အချစ်က ဘဝကို လှပအောင်ပဲ တန်ဆာ ဆင်ပေးနိုင်တယ် ။ သာယာအောင်တော့ မဖန်တီးပေးနိုင်ဘူး...
အေး..မှန်တယ် ။ အချစ်နဲ့လှပတဲ့ ဘဝတစ်ခုတည်ဆောက်လိုက်ပါပြီ ။ နင်က..လှပတာကို ထိုင်ကြည့်နေမှာလား ။ သာယာအောင် မလုပ်တော့ဘူးလား ။ သာယာတဲ့ အိမ်ထောင်တစ်ခုဖြစ်ဖို့ အချစ်နဲ့မရတော့ဘူး ။ ငွေကြေးလိုလာပြီ ။ နင်ပြောတယ်လေ...အချစ်က လှပအောင်ပဲ တန်ဆာဆင်ပေးနိုင်တယ်ဆို...
ဟုတ်ပါတယ်...ဒါပေမဲ့ဟာ ငါက မိသားစုကို ထောက်ပံ့နေရသူ ။ နင်ပြောတဲ့ အိမ်နဲ့ခြံ ဝယ်နိုင်ဖို့ဆို ကြာမှာပေါ့ ။ အဲ့ဒီချိန်ထိ စောင့်ရမယ်ဆို ငါတို့ ဘယ်တော့မှ လက်ထပ်ဖြစ်မလဲ...
အင်း...။ နင့် တစ်လ ဝင်ငွေ ဘယ်လောက်လဲ...
၂ သိန်း...
ငါ့..တစ်လ ဝင်ငွေက ၁ သိန်း ၅ သောင်း...
နင့်ရဲ့...တစ်လ ဝင်ငွေက အကုန်စုမလားရတယ် ။ ငါ့ရဲ့ ၁ လ ၂ သိန်းက မိသားစုကို ပေးရတာနဲ့ ကုန်နေတာဟ...
နင်...၁ လကို ၂ သိန်းရတယ် ။ ၁၀ လဆို သိန်း ၂၀ ။ နင် သုံးချင်တာသုံးလိုက်အုံး နင့်အိမ်ကိုလဲ ပေးလိုက်အုံး ၁၀ လ သိန်း ၂၀ ထဲက ၁၀ သိန်းလောက်တောင် မစုနိုင်ဘူးလား...
စုနိုင်ပါတယ်...ဒါပေမဲ့ အိမ်မှာက ငါ တစ်ယောက်ပဲ ဝင်ငွေရှိတာလေ အကုန်ပေးရမယ်ဆို ၁၀ လ ၁၀ သိန်းလဲ စုမိမှာ မဟုတ်ဘူး...မိသားစုသာ မထောက်ပံ့ရဘူးဆို ၁၀ လကို သိန်း ၂၀ ဆိုလဲ စုနိုင်တယ်...
နင်ကလဲဟာ...အရွယ်ရောက်နေတဲ့ လူငယ်တစ်ယောက် ကိုယ့်ရှေ့ရေးတွက် ငွေစုမှာပဲ ။ အိမ်ကို သေချာရှင်းပြပေါ့ ။ အဖေနဲ့အမေ ကျွန်တော် မိန်းကလေးတစ်ယောက်ဖို့ လက်ထပ်နိုင်ဖို့ ပိုက်ဆံစုရတော့မယ် အရင်လို အိမ်ကို ရတဲ့ပိုက်ဆံ အကုန် မအပ်နိုင်တော့ဘူး ၃ ပုံ ၁ ပုံတော့ စုချင်တယ်ပြောပေါ့...။ သေချာရှင်းပြရင် အိမ်က နင့်ရှေ့ရေးတွက် နားလည်ပေးမှာပါ ။ ဒီလိုမှ မဟုတ်ရင် နင် တစ်သက်လုံး မိသားစု တာဝန်အောက်မှာပဲ ပိနေလိမ့်မယ်...
အဖေနဲ့အမေက ငါ့သားရဲ့ ကောင်မလေး အိမ်မှာလိုက်ပြီး မနေနိုင်ဘူးလားဆို ငါဘာပြောရမလဲ...
နင်ကလဲ...ပြောကြည့်ပါအုံး...
အေးပါဟာ...ငါ ပြောကြည့်ပါမယ်...
ငါလိုချင်တဲ့ အိမ်နဲ့ခြံကလဲ သိန်း ၁၀၀ ၂၀၀ တန်တွေ မဟုတ်ဘူး ။ သိန်း ၂၀ ဝန်းကျင်လောက် အိမ်နဲ့ခြံလေးပါဟာ ။ နင်လဲစု...ငါက အိမ်ကို မပေးရတော့ ပိုစုမယ် ၁၀ လ ၁ နှစ်ဆို သိန်း ၂၀ တော့ စုနိုင်ပါတယ်...
အင်းပါ...။ ဒါပေမဲ့ ငါက နင့်ကို ငါ့မိသားစုနဲ့လိုက်နေပြီး ဘဝကို ရိုးရိုးရှင်းရှင်းပဲ ဖြစ်သန်းမဲ့ မိန်းကလေးပဲ ဖြစ်စေချင်တာ...
ဒါဆိုလဲ...နင့်အိမ်မှာ နင့်သဘောကျ လိုက်နေမဲ့ မိန်းကလေးမျိုး ရှာယူလိုက်တော့...
ဟာ...ငါက အခြားသူမှ မချစ်တာ...
အေး...ငါ့ကို ချစ်ရင်...ငါဖြစ်ချင်သလို ရအောင် နင်ကြိုးစားလေ...
ဟူး...နင်က ဖိအားတွေ ပေးတာပဲ...
ဒါဆိုလဲ...မိန်းမ မယူနဲ့တော့...တစ်သက်လုံး မိသားစုနဲ့ တူတွေ တူမတွေနဲ့ လူပျိုကြီး လုပ်လိုက်တော့...
မြူ

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)