မိန်းမတယောက်ရဲ့ဘဝ
မိန်းမတယောက်ရဲ့ ရုပ်ရည်ဟာ သူ့ခင်ပွန်းရဲ့ အရည်အချင်းပေါ်
မူတည်ပါတယ်တဲ့...မိန်းမတယောက် အဆင်းနဲ့ ခင်ပွန်းရဲ့အရည်အချင်း
သက်ဆိုင်တယ်ဆိုတဲ့ဟာကို
ကျွန်မတော့ သိပ်လက်မခံဘူးရှင့်...
နောက်ဆက်ဖတ်တော့...
အရည်အချင်းမရှိတဲ့ ခင်ပွန်းကို ပေါင်းသင်းနေရတဲ့ မိန်းမတယောက်ရဲ့ ရုပ်ဆင်းအင်္ဂါဟာ ပူလောင်မှု ဝမ်းနည်းအားငယ်မှု စိတ်ဓါတ်ကျမှု အဆင်မပြေမှူ တွေ ဖုံးလွှမ်းနေရလို့ ရုပ်ရည်ချောမောသော
မိန်းမပင်ဖြစ်စေ လှပတင့်တယ်မှုတွေပျောက်ဆုံးနေတတ်တယ် ဆိုတဲ့အချက် ကျွန်မပြောချင်ပါတယ်...

မိန်းမတွေရဲ့ရုပ်ရည်ဟာ စိတ်နဲ့ဆိုင်တယ်ဆိုပေမဲ့ ယောင်္ကျားမကောင်းတာနဲ့
ကိုယ့်အခြေအနေက တင့်တယ်မှူပျောက်ရလောက်အောင်ပဲ စုတ်ပြတ်ကျေမွနေရင် ဒီမိန်းမ စိတ်အင်အား အင်မတန်ပျော့ညံ့သူလို့ ပြောပါရစေ....
ယောင်္ကျားက အရက်သောက် မိန်းမပွေ ငွေမအပ် နဲ့ ကိုယ့်အပေါ် မကောင်းဘူးဆိုတာသိနေရင် မိန်းမတယောက်က ဘာဆက်လုပ်ရမလဲဆိုတာတော့ မွေးရာပါ အသိရှိနေရပါမယ်...သုံးစားမရတဲ့သူမျိုးကို ဆက်ပေါင်းစရာအကြောင်း လုံးဝမရှိပါ....
သို့သော် ထောက်ထားစရာ ကလေးသူငယ် မိဘဖိုးဖွားငဲ့နေရလျှင် တချက် အခွင့်အရေးပေးဖို့က ဒီယောင်္ကျားကို အသိရှိလာအောင် ကောင်းလာအောင် ဘယ်လို လုပ်ရမလဲဆိုတဲ့ နည်းလမ်းရှာကြည့်ခြင်း ဖြစ်ပါတယ်...
မကောင်းတဲ့သူမှန်းသိထားခဲ့ရင် ...
မိန်းမတယောက်ရဲ့ဘဝ လဲပြိုမကျဖို့ ကိုယ့်အရည်အချင်းနဲ့ စိတ်ထားကို ဓါးတချောင်လို မြိနေအောင် သွေးတတ်ရပါမယ်....ဒါသည် မိန်းမတယောက်၏ လျို့ ဝှက်ချက်ဖြစ်ပါတယ်...
ပြင်နိုင်ကောင်းနိုင်တဲ့သူကို ထပ်မဆိုးအောင် ထိန်းသိမ်းခြင်းအတတ်ပညာ
မပြင်နိုင်မကောင်းနိုင်တဲ့သူကို ဘယ်လို အပြစ်ပေး ထားပစ်ခဲ့ရမလဲဆိုတဲ့ ဟာကို ပြတ်သားစွာ တွေးထားရပါမယ်....
ဒီလို မှန်ကန်တဲ့ အတွေး တွေ မရှိသရွေ့ ကိုယ့်ကိုကိုယ်လည်း သွေးမထားသရွေ့ တော့ သေချာပါတယ် ဒီမိန်းမ လင်ဆိုးမယား တဖားဖားဘဝက ကျွတ်မှာမဟုတ်ပါဘူး.....
ကံမကောင်းတဲ့ အမတွေ ညီမတွေကို ပြောပြချင်တယ်
"မိန်းမတယောက်ရဲ့ဘဝဟာ အိမ်ထောင်ကျသွားခဲ့ရင်တောင် ရှင်တို့ဘဝကို တဝက်တော့ ပိုင်သေးတယ်"
Nannan Oo

Comments
Post a Comment