ယုတ်မာတဲ့ လူတွေကြောင့် ပျောက်ဆုံးသွားတဲ့ ဘဝလေးတစ်ခု
အနှီးထုပ်လေးထဲမှာ အိပ်ပျော်နေတဲ့ဒီကလေးလေးဟာ သူ့ဗိုက်ထဲကထွက်လာတာတဲ့လား
..အကြိမ်ကြိမ်ဖျက် ချဖို့ကြိုး စားခဲ့ပေမဲ့ ပျက်မကျခဲ့တဲ့
ကလေးလေးကခုတော့လည်း လူ့လောကထဲရောက်လာပြီပေါ့..။
သူမယုံနိုင်ဖြစ်နေသည်..သွေးပုပ်ကျဆေးကို အရက်နဲ့အကြိမ်ကြိမ်သောက်ခဲ့တဲ့ဒဏ်ကြောင့် ခေါင်းမှာဆံပင်လေးတွေ ပါး ကျဲကျဲဖြစ်နေတာကလွဲလို့ကလေးလေးက ကျန်းမာပြီး ထွားလိုက်တာ.. ။
ဘေးနားကုတင်က လူနာအမျိုးသမီးကြီးနဲ့တခြားလူတွေ တိုးတိုး တိုးတိုးပြောနေသံဟာတိုက်နယ်ဆေးရုံလေးရဲ့ ပူးပူးကပ် ကပ်ကုတင်တွေကြားသူ အကျယ်ကြီးကြားနေရပါသည်.. “ကလေးအမေက ငယ်ငယ်လေးပါလား””၁၃ နှစ်ပဲရှိသေးတ ယ်တဲ့””ဒါဆို အသက် ၁၂ နှစ်လောက်ထည်းက ဗိုက်ကြီးတာပေါ့””လင်ကောင်မပေါ်ဘဲမွေးတာတဲ့””သူ့လင်က ထောင် ကျနေတယ်လဲပြောတယ်””။
ငယ်ငယ်ရွယ်ရွယ်နဲ့ သနားပါတယ်””နန့်တာလည်းပါမှာပေါ့အေ..” “ရှူး တိုးတိုး..” အကြိမ်ပေါင်းများစွာကြားဖူးေ နကျ စ ကားသံတွေ..ဘယ်နှစ်ခါကြားကြား ရင်ထဲမှာ နာကျင်ရစမြဲ..ကိုယ်ဝန်
၇ လ ဗိုက်လေးပူလာထည်းက ကြားလာရတဲ့ပတ် ဝန်းကျင်က ကဲ့ရဲ့သံတွေ ၊ သူ့ကို စက်ဆုတ်သလိုကြည့်တဲ့အကြည့်တွေ ၊တဖြည်းဖြည်းနဲ့ စွန့်ခွာသွားတဲ့ ကစားဖော် သူင ယ်ချင်းတွေ ၊သူဘာမှားခဲ့လို့လဲ သူဘာများမှားခဲ့လို့လဲဟင်… ။
သူ့ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ဒီကလေးလေးရဲ့ ပါးရဲရဲလေးကိုကိုင်ပြီး “မောင်လေးရေ”လို့ခေါ်လိုက်ေ တာ့သူနာပြုဆရာမကြီးက”ဒါမောင်လေး မဟုတ်ဘူးလေသမီးရဲ့..ဒါသမီးရဲ့ သားလေးလေ ..သားလို့ခေါ်ရမယ်” ဟုပြော သည်..(အို..သားတဲ့လား..မခေါ်ရဲပါဘူးရှင်…)
ညရောက်တော့ အမေရောက်လာပါသည်..အမေတစ်ခု သမီးတစ်ခုဖြစ်တဲ့ သူတို့ဘဝမှာ အမေကသူများအိမ်မှာ နေ့ခင်း ဘက် ထမင်းချက် အဝတ်လျော်လုပ်လို့ သူ ကလေးမွေးတာတောင်မှ ဆေးရုံကိုချက်ခြင်းမလာနိုင်ပါ. လူရောစိတ်ပါနွမ်းန ယ်နေတဲ့အမေဟာ ကလေးကိုတစ်ချက်ပဲကြည့်ပြီးသူ့ကို သက်သာရဲ့လားဟု အေးစက်စက်နဲ့စကားပြောသည်..(ကေ လးမွေးထားတဲ့ ဒဏ်ရာကသက်သာပေမဲ့စိတ်ထဲမှာတော့ နာကျင်လှတယ်အမေ…)
အမေက သူ့အတွက်ထမင်းချိုင့်ထဲက ငါးခြောက်ဖုတ်နဲ့ ထမင်းကိုပန်းကန်ထဲပြောင်းထည့်နေရင်းက”ဆေးရုံကဆင်းတာနဲ့ ဒီကလေးကို သူများကိုပေးပြစ်ရမယ်..”ဟုပြောရင်း အမေငိုပါတော့သည်. အမေငိုတော့ သူလည်းငိုချင်သည်..။
ဒါပေမဲ့ မျက်ရည်ကထွက်မလာ..လွန်ခဲ့တဲ့ ၁၀ လ လုံးလုံးငိုကြွေးလာတဲ့ ဒီမျက်လုံးထဲ မျက်ရည်တွေလည်း ခမ်းပြီထင် ပါရဲ့.. လှုပ်လှုပ်ရွရွအသံများကြောင့် အိပ်နေသောကလေးလေးတအဲ့အဲ့ ဖြင့်နိုးလာသည်..စပ်စုနေသော မျက်လုံးပေါင်း များစွာတို့ကိုဥပက္ခာပြုရင်း ကလေးလေးကို နို့တိုက်ဖို့ သူကြိုးစားရအုံးမည်.. သူ့ရင်သားဆီမှ ထွက်လာသော နို့ရည် များ ကိုကလေးလေးက အငမ်းမရစို့လိုက်ချိန်မှာတော့သူ့ရင်ထဲလှိုက်ခနဲဖြစ်သွားခဲ့သည်..။
အမည်မဖော်ပြနိုင်သော ပီတိတစ်မျိုး သူခံစားလိုက်ရပါသည်.. သူများတွေ ပြောပြောနေတဲ့ မိခင်မေတ္တာဆိုတာဒါမျိုး လားဟုသူ့ဥာဏ်လေးဖြင့်တွေးနေမိသည်..ကလေးလေးကို ကြည့်နေရင်း ချစ်လာသလိုပဲ ..သူတိုးတိုးလေးခေါ်လိုက် သည်..”မောင်လေး..ရေ” ဘာလိုလိုနဲ့ဆေးရုံတတ်တာ ခုဆို ၆ ရက်လောက်ရှိပြီ..ဒီနေ့တော့ မနက်ထည်းက အမေေ ရာက်နေသည်..။
ခဏနေတော့ အိပ်ယာလိပ်တွေနဲ့ နွမ်းဖတ်ဖတ် အဝတ်အစားအနည်းငယ်ကို သိမ်းဆည်းပြီးသူတို့ဆေးရုံကဆင်းရပြီ.. ဆေးရုံကဆင်းဆင်းခြင်း အမေအိမ်သို့တန်းမပြန်ပါ..ဆိုင်ကယ်ကယ်ရီနှစ်စီးငှါးပြီး သူတို့မြို့နှင့်အနည်းင ယ်မျှသာဝေးေ သာYGW ဟုခေါ်သည့်မိဘမဲ့ကျောင်းတစ်ခုသို့ သွားသည်..အဆောက်အဦးထဲဝင်ဝင်ခြင်း ကလေးတွေအများကြီးကိုေ တွ့ရပါသည်.. ဘုန်းဘုန်းတစ်ပါးထွက်လာသည်..အမေနဲ့စကားတွေ အများကြီးပြောကြပြီးမှသူ့လက်ထဲက ကလေးလေး ကိုလှမ်းချီကာ”ချစ်စရာလေးပါလားကွယ်..ဒုက္ခ ဒုက္ခ ဒုက္ခ..အင်း..ဘုန်းဘုန်းတို့စောင့်ရှောက်ပေးပါ့မယ်.. ။
ကလေးအဖေကလည်းထောင်ကျနေတာဆိုတော့တကယ်လို့ထောင်ကလွတ်လာရင်ကလေးကို လာပြန်တောင်းမှာလား ကွယ်”ဟုမေးသည်..အမေက ငိုပါသည်..ရှိုက်ကာ ရှိုက်ကာငိုသောကြောင့်အမေ့ခန္ဓာကိုယ်သည် တုန်ရီနေပါသည်.. “အမလေး ဥူးဇင်းဘုရား..ဒီကောင်က ထောင်ကလွတ်လာလည်းကျမသမီးလေးဆီကို ပြန်လာမှာမဟုတ်တော့ ပါဘူး ဘုရား..သူထောင်ကျတာ မုဒိန်းမှုနဲ့ကျတာပါဘုရား.ကျမရဲ့ဟောဒီ အသက် ၁၂ နှစ်သမီးလေးလယ်ထဲမှာငါးမျှားနေတုန်း စော်ကားလိုက်လို့ သက်ငယ်မုဒိန်းမှုနဲ့ထောင်ကျသွားတာပါ.. ။
ကျမသမီးလေးခမျာ ဒီအဖြစ်ဆိုးကြောင့်ကိုယ်ဝန်ရသွားပြီး လင်ကောင်မပေါ်ဘဲ ကလေးမွေးလိုက်ရတာပါ ဘုရား… အီး ဟီးဟီး..အမလေး ဘယ်လိုအကုသိုလ်ကြောင့် ကျမသမီးလေး အဖြစ်က ဒီလောက်ဆိုးရတာတုန်း.” “အော်..ကံကြ မ္မာ ဆိုးလိုက်တာ ဒကာမလေးရယ်..အင်းအင်း..ထားခဲ့ ထားခဲ့ ..ဒီကလေးကို လူတစ်လုံး သူတစ်လုံး ပညာတတ်ဖြစ်ေ အာင် ဥူးဇင်းစောင့်ရှောက်ပါ့မယ်..” အိုး….ကလေးလေးကို သူထားခဲ့ရတော့မှာပါလား..။
ဟင့်အင်း မထားခဲ့နိုင်ပါဘူး လို့ ပြောချင်ပေမဲ့စကားလုံးက ထွက်မလာခဲ့..ဘုန်းဘုန်းလက်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ေ ပျာ်နေတဲ့ ကလေးလေးနိုးလာလို့ သူ့ကိုမတွေ့ရင် ငိုမှာပေါ့…ဗီဒီယိုတွေထဲကလို ကလေးလေးကိုသူနာ မည်ပေးရအုံးမ ယ်လေ.. ကလေးလေးကြီးလာရင် သူနဲ့ကစားရအုံးမှာ..ဟုတ်တယ်..ကလေးလေးကို သူမခွဲနိုင်ပါဘူး..သူ့ရင်ထဲမှာ အေ တွးပေါင်းများစွာနဲ့ ရှုပ်ထွေးနေချိန်မှာပဲအမေက သူ့လက်ကိုဆွဲပြီး ပြန်ဖို့ပြင်လိုက်သည်.. ။
ဘုန်းဘုန်းကလည်း ကလေးလေးကိုချီပြီး လှည့်ထွက်သွားချိန်မှာတော့ ကလေးလေးရဲ့အူဝဲ အူဝဲဆိုတဲ့ ငိုသံစူးစူးလေး ထွ က်လာပါတော့သည်..ထိုငိုသံလေးသည်သူ့ရင်တွေ တစ်စစီကြေမွသွားသလို ခံစားရစေပါသည်.. တစ်တောက်တော က်နှ င့် သက်နေသော သူ့ရင်နှစ်မွှာမှ နို့ရည်များနှင့်အတူ သူ့မျက်လုံးမှမျက်ရည်များမှာပေါက်ခနဲ ပေါက်ခနဲကျလာ ပါတော့သ ည်..။
လှမ်းလုဆဲဆဲခြေလှမ်းကိုရပ်ပြီး သူသည်ကလေးလေးရှိရာသို့ လှမ်းကြည့်ကာဆို့နင့်လွန်းသောအသံဖြင့် ”သားလေးေ ရ..အမေ့ သားလေးရဲ့”ဟုနာကျင်စွာ ခေါ်လိုက်ပါတော့သည်.. ။
Credit to SoeHtike (Base On True Story)

Comments
Post a Comment