စမီး ယောက်မမြင်းစီးထွက်တယ်ဆိုတာ ဂလိုလား ဒါမှမဟုတ် မေမေဂျီးမွှေးကျေးဇူးဆပ်တာလား ?
သို့/… အမေ
သမီး ခိုးရာလိုက်သွားပါပြီ။ သမီးကို မိဘတွေ ပြုစုနေရမှာ အားနာလာလို့ပါ။ အမေတို့ ဆင်ပေးထားတဲ့ လက်စွပ် ဆွဲကြှိုး လက်ကောက် တွေကို မယူချင်လို့ အိပ်နဲ့ထည့်ပြီး သမီးမှန်တင်ခုံပေါ်မှာ တင်ထားပြီးမှ သမီးတို့ စားဝတ်နေရေး အဆင် မပြေရင် အမေတို့ပဲ စိတ်ဆင်းရဲမှာ စိုးလို့ အကုန်ယူသွားပါပြီ။
ATM card လေးလည်း ယူသွားတယ် အမေ။ သိတယ် မဟုတ်လား။ လမ်းခရီးမှာ ငွေကိုင်တာ အန္တာရယ် များတယ်လေ အသက်ကို ဥာဏ်စောင့်လို့ အမေတို့ သင်ပေးခဲ့တာ သမီး မမေ့ဘူး။
သမီး ချစ်သူကလည်း ရိုးရိုးသားသားပါ။ စိတ်မပူပါနဲ့။ ယောင်္ကျားလေး ဆိုတော့လည်း နည်းနည်းပါးပါးတော့
သောက် တတ် စားတတ်တာပေါ့နော။ အားကစားလည်း သူ ဝါသနာပါလို့ ဘောလုံးပွဲလည်း လောင်းတယ်လေ။ မကောင်းတဲ့ မိန်းမတွေနဲ့လည်း သူ မရှုပ်ဘူးတဲ့။ ကောင်းတဲ့ မိန်းမတွေနဲ့ပဲ ရှုပ်တာတဲ့။
ဘာပဲဖြစ်ဖြစ် သမီးကို သူ ချစ်သလို သမီးကလည်း သူ့ကိုချစ်တယ်။ သူက ကြင်နာတတ်ပါတယ်။ ဂရုလည်းစိုက်တယ်။
ဟိုနေ့ကဆို သမီး ပါးမှာ ခြင်တစ်ကောင် နားနေလို့ သမီးကို ခြင်ကိုက်မှာ စိုးလို့ သူ ဖျန်းကနဲ ရိုက်ပလိုက်တာ သွားတစ်ေ ချာင်း ကျွတ်တယ်။
မိဘဆိုတာ သားသမီးကို စိတ်ဆိုးလည်း ခဏ တဲ့။ရွာဦးကျောင်းဆရာတော် ရှင်ပညာသာမိ ပြောဖူးတယ်။ မြေးမျက်နှာ မြင်ရင် အရည် ပျော်ရောတဲ့။ ဒါကြောင့်လည်း အမေတို့ မြေးချီနိုင်အောင် သမီးတို့ ကြိုးစားပါမယ်။
အမေတို့ ဒီစာကို ဖတ်နေချိန်မှာ သမီးက လေယာဉ်ကြီး စီးပြီး ဟိုး အဝေး ကို သွားနေပြီ မထင်လိုက်ပါနဲ့။ သမီး အခု စီးေ နတာ နွားလှည်း ပါ။
ကျေးလက် သဘာဝ ကို သမီး ချစ်တယ်လေ။ ပကာသန မမက်ပါဘူး။ တစ်နေ့ကျ သမီး ပြန်လာခဲ့ပါမယ်။ သူနဲ့ကွဲရင်ပေါ့။
သမီးမိုက်
crd . . . Chic Snow

Comments
Post a Comment