လေးစားစရာ မြန်မာ့ မျိုးဆက်သစ်လေးများ
လေးစားစရာ မြန်မာ့ မျိုးဆက်သစ်လေးများ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မေတ္တာပေါင်းကူတံတားအဖွဲ့ပခုက္ကူမြို့ရှိခုနှစ်အိမ်တန်းကျေးရွာမှ
အနာကြီးရောဂါသည်များကိုသွားရောက်လှူဒန်းခဲ့စဉ်က
အသက်အကြီးဆုံးအဖွား ဒေါ်ပေါမြိုင်(၈၄)နှစ်ကိုအိမ်တိုင်
ရာရောက်သွားရောက်တွေ့ဆုံခဲ့ပါတယ်။
အလှူရှင်များမှလာရောက်လှူဒန်းမည့်နေ့ကိုကြိုတင်
အကြောင်းကြားထားခြင်းရှိပါကထိုခုနှစ်အိမ်တန်းကျေးရွာလေး
မှရောဂါသည်များအားလုံးအပြင်သို့သွားရောက်တောင်ရမ်းခြင်း
မပြုပဲအလှူရှင်များနှင့်တွေ့ဆုံရန်ရွာတာဝန်ခံ
မှအကြောင်းကြားပေးထားပါသည်။
အဖွှားဒေါ်ပေါမြိုင်မှာမျက်စိနှစ်ကွင်းအလင်းကွယ်ပြောက်ခဲ့ရပြီးကိုယ်အောက်ပိုင်းသေကာ
လမ်းမလျှောက်နိုင်တော့တဲ့ဘဝရောက်ခဲ့ပြီးဖြစ်ပါတယ်။အလှူရှင်များရောက်ရှိလာပါက
ကိုလိုနီရိပ်သာသို့အားလုံးလာရောက်ကြပါရန်ကျေးရွာတာဝန်ခံမှအသံချယ့်စက်ဖြင့်အကြောင်းကြားပေးပါတယ်။
အဖွားကတော့လမ်းမလျှောက်နိုင်တော့သဖြင့်ကျွန်မတို့အဖွဲ့လေးအဖွှားရှိရာသို့သွားရောက်တွေ့
ဆုံဖြစ်ခဲ့ကြပါတယ်။အဖွှားကိုပျော်ရွင်္ှင်စရာဟာသများလဲပြောဖြစ်ခဲ့ကြပါသေးသည်။
အဖွား၏ခင်ပွန်းဖြစ်သူမှကြင်ကြီးကြင်ငယ်သန့်ရှင်းရေးကူညီပေးပြီးသားဖြစ်သမှလုပ်ကြွေးစောက်ရှောက်
ပါကြောင်းနှင့်သားဖြစ်သူလိမ္မာသိတတ်ကြောင်းကိုလဲပြောပြပါသေးတယ်။
အဖွား၏သားဖြစ်သူကျေးရွာတာဝန်ခံကိုညွှန့်ဝေပြောပြချက်အရခုနှစ်အိမ်တန်းမှလူများအဖို့အလုပ်ရှာရန်
ခက်ခဲကြပြီးသူဌေးများကမခိုင်းချင်ကြဘူးဆိုပါတယ်ဘယ်ဘဝဘယ်ကံအကြောင်းကြောင့်ယခုလို
ဘဝပိုင်ဆိုင်ထားသော်ငြှားလူသားခြင်းစာနာသောအားဖြင့်ဤကဲ့သို့ချို့တဲ့ဆင်းရဲမပြည့်စုံသော
ဘဝလေးများဆီသို့တခေါက်တခါသွားရောက်လှူဒန်းပေးကြဖို့နိုးဆော်ပေးလိုက်ပါသည်။
ပိတောက် *မေတ္တာပေါင်းကူးတံတားအဖွဲ

Comments
Post a Comment