သူ.....
- Get link
- X
- Other Apps
နီကယ်ရောင်ပျောက် ၊ သံရောင်ပေါက် ဆေးလွင့်နေတဲ
မားကက်မပါတဲ့
မောင်မြန်မာစက်ဘီး
တစ်စီးနဲ့ ..... သူ.....။
မူလတန်းပြကျောင်းဆရာလေး မောင်စောရှိန်မှသည် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးစောရှိန် ဆိုတဲ့ တာဝန်ထိ သူထမ်းဆောင်ခဲ့.......။
(၁ရ)မိုင်ခရီးကို နှစ်နာရီနဲ့ လေးဆယ့်ငါးမိနစ်ကြာအောင်မောင်း
မှ ရောက်တဲ့မြို့.....ကားနှစ်စီးရှောင်ရခက်နေတဲ့ မြို့ရဲ့
ကျက်သရေဆောင် လမ်းမကြီးနဲ့ ....လူကုံတန်ဆိုတာ ရွှေလိုရှားတဲ့မယ့်မြို့
-တကယ့် ဘုရားစူးမြို့ပါ....။ဒီမြို့ရဲ့ အစွန်အဖျား ချောင်ကျကျ
လှည်းလမ်းလောက်လမ်းဘေးက ဈေးပေါပေါမြေတကွက်နဲ့
ယိုင်နဲ့နဲ့ အိမ်လေးတစ်လုံးတောင် သူမပိုင်ခဲ့တာက-
လုပ်သက်နှစ်(၄၀)ကျော် ၀န်ထမ်းတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့ ကိုယ့်ကျင့်တရားကို ပြဆိုခြင်းတစ်ခုလား......။
သိက္ခာတရားအပြည့်နဲ့ ထုံမွှမ်းနေတဲ့ သူ က ဘာပိုင်ဆိုင်မှုမှ မရှိပေမယ့် သာပေါင်းသင်္ချိုင်းမှာ တစ်ကိုယ်စာမြေကွက်လေးတစ်ခုတော့  ပိုင်သွားရှာလေရဲ့ .....။
လူတစ်ကိုယ်စာ ၀ါးကပ်အခင်း ၊ ဖျာဟောင်းလေးတစ်ချပ် နဲ့..... အော်
....အသစ်ဆိုလို့ ရေအိုးလေးတစ်လုံးတော့ပါလေရဲ့ .... တမလွန်ခရီးအတွက်
အသုံးအဆောင်တွေ ....။
အသက်ဝိဥာဉ်မဲ့နေတဲ့ ဘကြီးမျက်နှာက
အေးချမ်းလိုက်တာ .... ထုထဲရှည်လျားတဲ့ မျက်ခုံးနဲ့ အားကောင်းတဲ့
မေးရိုးတစ်စုံက တည်ကြည်ခန့်ညားမှုနဲ့ သမာဓိကို ပြဆိုနေတုန်းပဲ
လေးစားပါတယ်ဘကြီး..။
ဘကြီးကိုကြည့်ပြီး .... ကျွန်တော်လို အသေးစားကိုယ်ပိုင်လုပ်ငန်းလေးလုပ်ကိုင်နေသူတစ်ယောက်က
အတွေးနယ်ချဲ့မိတယ် ..... ထားခဲ့တဲ့ သင်ခန်းစာတွေက တစ်ဘ၀စာတွေပါ .... ဘ၀နဲ့
ရင်းပြီး လုပ်ပြခဲ့တာပါ ..... ဒါပေမယ့် ကျွန်တော်- လူကြီးမင်းများခင်ဗျာ.....
နှစ်လေးဆယ်ကျော် ၊ ကိုယ်ကျင့်တရားစောင့်ထိန်းတဲ့ ရိုးရိုးကြီးကြိုးစားလုပ်ကိုင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ယောက် အတွက်က ဒီလောက်ပဲလားခင်ဗျာာ.....။
ဒါကို သုံးသပ်ပြီး တလွဲ အနက်ဖွင့်မိမယ့် နောက်မျိုးဆက်တွေ
ရှိမှာကိုတောင် စိုးရိမ်မိတယ် .... ဘကြီးရေ .....။ ရှေ့ကသွားနှင့်ပါ ....
အကြောင်းသုံးပါးတိုက်ဆိုင်တဲ့ တစ်နေ့ ကျွန်တော်တို့ နောက်က လိုက်ခဲ့မယ်။
မျိုးသက်ဆွေ
မူလတန်းပြကျောင်းဆရာလေး မောင်စောရှိန်မှသည် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးစောရှိန် ဆိုတဲ့ တာဝန်ထိ သူထမ်းဆောင်ခဲ့.......။
(၁ရ)မိုင်ခရီးကို နှစ်နာရီနဲ့ လေးဆယ့်ငါးမိနစ်ကြာအောင်မောင်း
လုပ်သက်နှစ်(၄၀)ကျော် ၀န်ထမ်းတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့ ကိုယ့်ကျင့်တရားကို ပြဆိုခြင်းတစ်ခုလား......။
သိက္ခာတရားအပြည့်နဲ့ ထုံမွှမ်းနေတဲ့ သူ က ဘာပိုင်ဆိုင်မှုမှ မရှိပေမယ့် သာပေါင်းသင်္ချိုင်းမှာ တစ်ကိုယ်စာမြေကွက်လေးတစ်ခုတော
လူတစ်ကိုယ်စာ ၀ါးကပ်အခင်း ၊ ဖျာဟောင်းလေးတစ်ချပ် နဲ့..... အော် ....အသစ်ဆိုလို့ ရေအိုးလေးတစ်လုံးတော့ပါလေရဲ့ .... တမလွန်ခရီးအတွက် အသုံးအဆောင်တွေ ....။
အသက်ဝိဥာဉ်မဲ့နေတဲ့ ဘကြီးမျက်နှာက အေးချမ်းလိုက်တာ .... ထုထဲရှည်လျားတဲ့ မျက်ခုံးနဲ့ အားကောင်းတဲ့ မေးရိုးတစ်စုံက တည်ကြည်ခန့်ညားမှုနဲ့ သမာဓိကို ပြဆိုနေတုန်းပဲ လေးစားပါတယ်ဘကြီး..။
ဘကြီးကိုကြည့်ပြီး .... ကျွန်တော်လို အသေးစားကိုယ်ပိုင်လုပ်ငန်းလေ
နှစ်လေးဆယ်ကျော် ၊ ကိုယ်ကျင့်တရားစောင့်ထိန်းတဲ့ ရိုးရိုးကြီးကြိုးစားလုပ်ကို
ဒါကို သုံးသပ်ပြီး တလွဲ အနက်ဖွင့်မိမယ့် နောက်မျိုးဆက်တွေ ရှိမှာကိုတောင် စိုးရိမ်မိတယ် .... ဘကြီးရေ .....။ ရှေ့ကသွားနှင့်ပါ .... အကြောင်းသုံးပါးတိုက်ဆိုင်တဲ
မျိုးသက်ဆွေ
- Get link
- X
- Other Apps
Comments
Post a Comment