စုန်ရေမေတ္တာ
စုန်ရေမေတ္တာ
***********
ချစ်သမီးလေးရေ.....
ဖေဖေ သမီးကို ဆရာလုပ်တာမပာုတ်ဘူး
နော်။သမီးလေး မေ့လျော့ပြီး သတိမမူမိတာ
တွေကို သတိပေးချင်တာပါ။
ဥပမာဆိုကြပါစို့။ မွေးကင်းစ ကလေးကိုမိဘတွေ
ဘယ်လောက် ချစ်သလဲဆိုတာ ကိုယ်တိုင် မိဘဖြစ်မှ သိတာသမီး။မိဘမေတ္တာပာာ စာပေတွေဖတ်ရုံနဲ့
မသိနိုင်ဘူးသမီး။သမီးမွေးဖို့ တစ်ရက်အလိုထိအောင်
ဖေဖေပာာ ကိုယ်ကိုယ်ကို လူပျိုပဲထင်နေတာ။
သမီးမျက်နှာကို မြင်ရတဲ့အချိန်က စပြီး
အသဲတွေကို ဓာတ်လိုက်သွားသလိုပဲ။ကြက်
သီးတောင် ဖြန်းဖြန်းထတယ်။ အဲ့လောက်ထိ
သားသမီးကို ချစ်သွားတာ။ သမီးမေမေဆိုရင်
အသက်တောင် ပေးရတော့မလို့ ။အသက်ငင်
နေတဲ့ သမီးမေမေပာာ သမီးမျက်နှာကိုကြည့်
ပြီး ကြည်နူးနေလိုက်တာ။
သမီးက ရက်သားပဲရှိသေးတော့ မသိနိုင်တာတွေရျှတယ်။
သမီးရဲ့ အညစ်အကြေးတွေကို မရွံမရှာ သုတ်သင်ပေး
ရတာ ကြည်နူးပြီး ပျော်နေတယ်။ဒါကလည်း
မိဘပာာ ကုသိုလ်မရဘူးနော်။
မိဘ အလှည့်ကျတော့ အဲ့လိုမပာုတ်ဘူး
သမီး။သေခါနီး ရက်ပိုင်းပဲ ကျန်တော့တဲ့ မိဘကို သားသမီးတော်တော် များများက ရွံတတ်ကြတယ်။အညစ်အကြေးတွေကို စင်
အောင် မသုတ်သင်ပေးတဲ့ သားသမီးတွေ အများကြီးရှိတယ်။သားသမီးက မိဘကို ပြုစုတာ ကုသိုလ်ရတယ်သမီး။ ဘယ်လောက်
ပဲ ကုသိုလ်ရရ သေခါနီးတဲ့ မိဘမှာတော့ အားကိုးစရာမရှိဖြစ်ရတယ်။
သားသမီးတွေ ငယ်ငယ်က ဘယ်လောက်
ပဲ အညစ်အကြေးတွေ သုတ်သင်ခဲ့ပါစေ။မိဘ အလှည့်ရောက်တော့ သုတ်သင်ဖို့ဝေးလို့ အနားတောင် ရောက်မလာကြဘူး။
သားသမီး၁၀ယောက်ကို မိဘပာာ ကျွဲပခုံး
ဖြစ်အောင် ရှာကျွေးတယ်။အဆင်မပြေလို့ ခိုးပြီး ရှာကျွေးတဲ့ မိဘတွေလည်းရှိတယ်။တောင်းပြီး ရှာကျွေးတဲ့ မိဘတွေလည်းရှိ
တယ်။မိဘပာာ ကိုယ့်ဒူးကို မသယ်နိုင်တဲ့ ဇရာအရွယ်ရောက်
ရင်တော့ သားသမီးတွေလည်း ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတတ်ကြတယ်။ထမင်းတောင် ၀လင်အောင် မစားရတဲ့ မိဘတွေလည်းရှိ
တယ်။ဘယ်လောက်ပဲငတ်နေပါစေ။ မိဘပာာ
သားသမီးငြိုငြင်မှာကြောက်လို့ လက်ဖြန့်ပြီး
မတောင်းကြဘူး။ဒါပေမယ့် မျှေိာလင့်မိတာပေါ့
သမီးရယ်။သမီးအလှည့်ကျတော့ ဖေဖေနဲ့မေမေအ
ပေါ် တာဝန်ကျေတဲ့ သမီးရတနာဖြစ်မလားဆို
တာ မသိပေမယ့် သမီးမိုက်မဖြစ်စေချင်ဘူး။
မိဘကိုလုပ်ကျွေးတဲ့အတွက် သားသမီး
ပာာ အကောင်းဆုံး ဆုလာဘ်ပြန်ရတယ်။အဲ့
ဒါက အရိမေတ္တေယျ ဘုရားကို ဖူးတွေ့ရခြင်းပါပဲ။
သမီးရတနာဖြစ်ဖို့ ဆုတောင်းပါတယ်သမီး။
အားလုံး မိဘကျေးဇူးကို သိတတ်နိုင်ပါစေ
ပြည်ငြိမ်း

Comments
Post a Comment