ဘယ်တော့မှ...အညွန့်မညှိုးတော့မယ့် အလံရှင်.....


နေထွက်နေဝင် ရှုရှိုက်နေကြတဲ့ လေတွေတောင်
စည်းချက်မမှန် ကတိုက်ကရိုက် ၊
မိုးလင်းမိုးချုပ် စဉ်းစားမိတာတိုင်းက
ငါတို့ မြန်ပြည် ...
သာယာလှပအေးချမ်းစေဖို့...တဲ ၊

နယ်ချဲ့ဆို ဘွာမခတ်
တတ်သမျှ ရသတွေနဲ့ တွန်းလှန်
"ချွန်း"မကျန်တော့တောင်မှ တံတောင်နဲ့ ခရီးဆက်မယ့် သခင်၊
နေဝန်း ဆိုတာ
သဘာဝ မို့ ရှိစေတော့
ပုထုဇာဉ် လောကသားမပီသ
အချီအချ အခိုက်လေးမှ အံကိုခဲ
ခြင်္သေ့မင်းတို့ အားမာန် နဲ့
ဘဝတိုက်ပွဲ ဝင်နေခဲ့ကြသူများ။
သိကြလား၊မြင်ကြလား ညီငယ်တို့
အတုယူစရာ လက်ခမောင်းခတ်
တို့အမျိုးဘာသာ ၊ သာသနာ၊ပြည်မြန်မာ အရေး
သူတို့ သွေးခဲ့တဲ့ ဓါးတိုက်ချက်ပေါင်းက
ကောင်းကင်ထက်မှာ ခြိမ့်ခြိမ့်ညံ...
တစ်ခဏလေးလောက်မျှ အိမ်ပြင်ထွက်ကြည့်ကြပါလား
ဘယ်တော့မှ မပျက်နိုင်လောက်တဲ့ ရာဇဝင်တွေနဲ့
သူရဲကောင်း တို့ရဲ့ စာမျက်နှာ တစ်ရွက်
မီးတိုက်ကြစေဦးတော့...ဘယ်တော့မှ...အညွန့်မညှိုးတော့မယ်
အလံရှင်.....
(လေးစားသက်ဝင်မိသူတိုင်း မျှဝေနိုင်ပါသည်။)
ကဗျာ ရှင့် 
                            ကဗျာရွာငယ်လေး

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)