အဆင်သင့်ဖြစ်နေကြပြီလား

" အဆင်သင့်ဖြစ်နေကြပြီလား " (အယ်ဒီတာထံပေးစာ)

ကလေးရှစ်ယောက်အမေ မုဆိုးမကြီးအား အပျိုနှင့်တူအောင် ပြန်လုပ်နေ ရသည်မှာ မလွယ်ကူပါ။ ထိုနည်းအတိုင်းပင် ရန်ကုန်မြို့တော်ကြီးအား လွန်ခဲ့သည့် ၇ နှစ်ကျော် ၈ နှစ်တာကာလ အတွင်း လျစ်လျူရှုပစ်ထား ခဲ့ကြသည်။ ယခု ၂ နှစ်တာကာလအတွင်းပစ်ထားခဲ့သည့် ရန်ကုန်မြို့တော် အား ပြန်လည်တည်ဆောက်ပြုပြင်နေသည်မှာ ဆင်းရဲချို့တဲ့စွာ ကလေးများနှင့် ရုန်းကန်နေရသော မုဆိုးမကြီးအား အပျို နှင့်တူအောင်ပြန် လုပ်နေရသည်နှင့်တူပေသည်။
ယခု အပျိုနှင့်တူမည်ကြံ ကာရှိရုံရှိ သေး သည်။ ယောက်ျားအတင်းပေး စား နေကြသည်။ အဆင်သင့်မဖြစ်သေးသည့် အချိန်တွင် အစိုးရက ကားကောင်းစီးစေချင်သော၊ သင့်တင့်သောဈေးနှုန်းဖြစ်စေရန် တင်သွင်းခွင့်ပြုခဲ့မှုအပေါ်ပြောင်း လဲလာသော စီးပွားရေးဈေးကွက်အရ ''ငါးပွက်ရာ ငါးစာချ''တင်သွင်းခဲ့ သောကားများကြောင့်ပြဿနာပေါင်းစုံ ကြုံတွေ့နေရသည်။
ကားဝယ်စီးနိုင်သူလည်း ဒုက္ခ၊ မဝယ်စီးနိုင်သူလည်း ဒုက္ခ၊ ရုံးတက်ရုံးဆင်းသူများ၊ ဖယ်ရီစီးသူများလည်း ဒုက္ခ၊ နေ့စားအလုပ်သမားများ လည်း ဒုက္ခ၊ ဈေးရောင်းဈေးဝယ်သူများလည်း ဒုက္ခ၊ ကျောင်းသားကျောင်း သူများလည်း ဒုက္ခ နေ့စဉ်လူထုလူတန်းစားပေါင်းစုံ ဒုက္ခခံစားနေရသည်။
အဆင်သင့်မဖြစ်သေးသော လမ်းပန်းဆက်သွယ်ရေးအပေါ် အပြစ်ပုံချနေ ကြရသည်။ယခုလည်း ထပ်ပြီး ယောက်ျားအတင်းပေးစားဖို့ ကြံနေကြပြန်ပြီ။ တိုးတက်လာသော စီးပွားရေးမဟာဗျူဟာ အရ နေရာတကာ အထပ်မြင့် အဆောက် အအုံများ ဆောက်ရန်ပြင်ဆင်နေကြ သည်။ ဆောက်သင့် ပါသည်။ ဆောက် ရန်လိုအပ်ပါသည်။ ဒါပေမဲ့ အဆင်သင့် ဖြစ်ပြီလား။
ရေ၊ မီး၊ မိလ္လာ၊ ရေဆိုးစွန့်ပစ်မှု၊ ရေစီးရေလာရေမြောင်း၊ ကားရပ်နား ရန်နေရာ၊ အမှိုက်စွန့်ပစ်မှုစနစ်၊ သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့်အ ချက်များ အားလုံးစဉ်းစားဖို့လိုပေသည်။ နည်းပညာ၊ ဗဟုသုတ၊ အတွေ့ အကြုံအများကြီးလိုအပ်ပါသည်။
ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အများကြီးစဉ်းစားဖို့လိုအပ်ပါသည်။
သာမန် ၆ ထပ်၊ ၈ ထပ်အတွေ့ အကြုံလောက်နှင့်တော့ မရနိုင်ပါ။ ပြီးစလွယ် ရပါတယ်ကွာဟု လုပ်ချင်နေသူများ၊ လုပ်နေသူများရှိနေပါ သေးသည်။ အလွန်အန္တရာယ်များပါ သည်။ စီးပွားရေး လုပ်ငန်းရှင်များ၊ အသိပညာရှင် များ၊ အတတ်ပညာရှင်များ၊ အင်ဂျင်နီယာများ ဂရုပြုမိစေရန် ရည်ရွယ်ရေးသားပါသည်။ မိမိတို့ကြောင့်လည်း ရန်ကုန်မြို့ ကြီးခေတ်မမီမှာ မလိုလားပါသော်လည်း မိမိတို့ကြောင့် ရန်ကုန်မြို့ကြီးကို ထပ်မံ ဒုက္ခတွေ ပင်လယ်ဝေနေသော မုဆိုးမ (သို့မဟုတ်) လင်ဆိုးမယားတဖားဖား မဖြစ်စေချင်ပါ။ အချိန်မတိုင်ခင် အဆင် သင့်မဖြစ်ခင် စဉ်းစဉ်းစားစား လုပ်စေ ချင်ပါသည်။
ညီညီ(မြို့ပြ)                                         Popular Myanmar

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)