နင်းမိသူနှင့် မနင်းမိသူ

နင်းမိသူနှင့် မနင်းမိသူ
အမျိုးသမီးသုံးဦးဟာ အက်ဆီးဒန့်တစ်ခုမှာ အတူတူသေဆုံးသွားကြပြီး ကောင်းကင်ဘုံကိုရောက်သွားတယ်။ အဝင်ဝကျတော့ စိန့်ပီတာက သူတို့ကိုမှာတယ်။
"ဒီမှာ ဘဲတွေ ရှိတယ် အဲဒီဘဲတွေကို မနင်းမိစေနဲ့ နင်းမိရင် အပြစ်ပေးခံရမယ်" လို့ ပြောတယ်။
ဒါနဲ့ သူတို့လည်း အထဲမှာ လိုက်ကြည့်တော့ ဘဲတွေ အများကြီးရှိနေတာကို တွေ့ရသတဲ့။
သူတို့လည်း အပြစ်ပေးခံရမှာကြောက်ပြီး သတိနဲ့သွားလာပါတယ်။
ဒါပေမဲ့ ကံဆိုးချင်တော့ သူတို့ထဲက တစ်ယောက်က ဘဲတစ်ကောင်ကို နင်းမိသွားတယ်။ ချက်ချင်းဘဲ စိန့်ပီတာရောက်လာပြီး သူ့ကို ခေါ်သွားကာ ရုပ်ဆိုးတဲ့ ယောကျာ်းတစ်ယောက်နဲ့ လက်ဆက်ပေးလိုက်သတဲ့။
နောက်ရက်များမှာတော့ ဒုတိယအမျိုးသမီးဟာ ဘဲတစ်ကောင်ကို နင်းမိပြန်ပါရော။စိန့်ပီတာရောက်လာပြီး
သူမကို ရုပ်အရမ်းဆိုးလွန်းတဲ့ ယောက်ျားနဲ့ ပေးစားလိုက်ပြန်ပါတယ်။
နောက်ဆုံးကျန်တဲ့အမျိုးသမီးဟာ ရှေ့က အခြင်းအရာတွေကို မြင်တွေ့ထားပြီး ရုပ်ဆိုးတဲ့သူ ယူရမှာစိုးလို့ ပိုပြီး သတိထားနေထိုင်နေပါတော့တယ်။
ဒီလိုနဲ့ လပေါင်းများစွာ ကြာလာပြီး တစ်နေ့မှာတော့ စိန့်ပီတာက သူမဆီကို ချောမောလှပပြီး ယောက်ျားပီသတဲ့ ပုရိသတစ်ယောက်ကို ခေါ်လာပြီး သူမနဲ့ လက်ဆက်ပေးလိုက်ပါတယ်။
ဘာမှတော့ မပြောပါဘူး။ ဒါနဲ့ သူမလည်း မနေနိုင်တော့ပဲ ထိုပုရိသကို မေးလိုက်ပါတယ်။
"ကျမ သတိနဲ့နေပြီး စည်းကမ်းလိုက်နာလို့ ဆုလာဘ်အနေနဲ့ ရှင်နဲ့ လက်ဆက်ပေးတာမလား"
ထိုအခါ အမောင်ပုရိသက ညှိုးငယ်သောမျက်နှာထားဖြင့်
"ကျနော်ကတော့ ခင်ဗျားအကြောင်း နကန်းတစ်လုံးတောင်မသိပါဘူး။ ဒါပေမဲ့ ကျနော် ဘဲတစ်ကောင်တော့ နင်းမိသွားတယ်ဗျာ " ဟု ပြောလိုက်ပါတယ်။…………
Thet Lwin.

Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

တစ်ကိုယ်ရည် အာသာဖြေခြင်း(အမျိုးသားများအတွက်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်