“အဖော်ငါးကလေး အမှတ်တရ”

အဖော်ငါးကလေး အမှတ်တရ

တစ်ခါက ကျမမွေးနေ့မှာ အိမ်မှာအလှမွေးဖို့ ရွှေငါးလေးနှစ်ကောင်
လက်ဆောင်ရခဲ့ဖူးပါတယ်..

တစ်ယောက်ထဲနေရတဲ့ ကျမအတွက်
အဖော်ရအောင်လို့တဲ့လေ.. ။
သူတို့လေးတွေဟာ ကျမအတွက်
တစ်ကယ်ပဲအဖော်ဖြစ်ခဲ့ပါတယ်..

သူတို့လေးတွေကို ကျမအိပ်ယာဘေးက
စားပွဲပေါ်မှာ ဖန်အိုးလှလှလေးနဲ့ထည့်ပြီး နေရာပေးထားခဲ့ပါတယ်

ကျမအိပ်ယာပေါ်မှ ကြည့်လျှင် သူတို့ကိုမြင်နိုင်သလို သူတို့ကလဲ
ကျမကိုမြင်နေရပါတယ်.. ။
ကျမအိပ်ယာနိုးချိန်တိုင်းမှာ သူတို့လေးတွေကို


အချိန်မှန်အစာကျွေးပါတယ်။
တစ်ခါတစ်လေ ကျမအိပ်ယာထ နောက်ကျတဲ့အခါ
သူတို့လေးတွေက ကျမကို အသံပေးနှိုးပြီး အစာတောင်းတတ်ပါတယ်..

မယုံမရှိနဲ့ ကျမကိုယ်တွေ့ပါ.. ငါးကလေးများ oxygen ရဖို့ ရေမျက်နှာပြင်ပေါ်ကို
တက်ပြီးလေရှူတဲ့အခါ ထွက်လာတဲ့အသံဟာ ကျမကိုနိုးထစေပါတယ်..

ကျမအိပ်ယာထတာကိုမြင်ရင်လဲ ဖန်အိုးထဲကနေကျမကိုကြည့်ရင်း
ပြာယာခတ်နေတတ်ပါတယ်..
သူတို့လေးတွေကို အစာမကျွေးခင်မှာ
အစာဘူးလေးကိုလှုပ်ပြရင်း ကျီစယ်တဲ့အခါ ဖန်အိုးလေးထဲကနေ
အစာနောက်ကိုအငမ်းမရလိုက်တတ်တဲ့ သူတို့ကိုကြည့်ရင်း
ကျမ ကြည်နူးခဲ့ရပါတယ်..

တစ်ခါတစ်လေ ကျမရဲ.သူငယ်ချင်းများရှိရာကို ညအိပ် သွားလည်တတ်ပါတယ်..
နောက်တစ်နေ့ ကျမအခန်းထဲကိုပြန်ရောက်ချိန်မှာ သူတို့လေးတွေကျမကိုမခေါ်ပဲ စိတ်ကောက်နေတတ်ပါတယ်..(ငါးကစိတ်ကောက်တတ်သလားလို့ မမေးပါနဲ့
အိမ်မွေးတိရစ္ဆာန်မွေးဖူးသူတိုင်း သူတို့လေးတွေရဲ.စိတ်ကို ဖတ်တတ်ပါတယ်..

ကျမအလုပ်ထဲမှာအဆင်မပြေလို့ စိတ်ညစ်တဲ့အခါမျိုးမှာ သူတို့လေးတွေကို
တိုင်တည်ပြီးပြောပြတတ်ပါတယ်.. ။


သူတို့လေးတွေကျမပြောတာကို
နားလည်လို့ပဲဖြစ်ဖြစ် အစာကျွေးမယ်ထင်ပြီး ကျမကိုကြည့်နေတာပဲဖြစ်ဖြစ်
ကျမကတော့ ကျမပြောပြနေတာတွေကို နားထောင်နေတယ်လို့ယူဆပါတယ်..

အဲဒီလိုနဲ့ ၁နှစ်ကျော်လောက်မှာ ငါးလေးတစ်ကောင်သေသွားခဲ့ပါတယ် ..
အဲဒီနေ့က ကျမ..သူငယ်ချင်းအိမ်က ညအိပ်ပြီးပြန်လာတဲ့နေ့ပေါ့..
ရေပေါ်မှာဘောလောပေါ်နေတဲ့ ငါးလေးကိုကြည့်ပြီး ကျမငိုလိုက်ရတာ....
ကျန်ခဲ့တဲ့ငါးလေးအတွက်ရော.. .သေသွားတဲ့ငါးလေးအတွက်ရောပေါ့...။

ငါးအသေလေးကို ကဒ်ထူဘူးလှလှလေးထဲမှာ နှင်းဆီပွင့်ဖတ်လေးတွေနဲ့
အတူထည့်ပြီး ပင်လည်ထဲကို ကျမသွားမျှောခဲ့ပါတယ်..အဲဒီနေ့က
ကျမအလုပ်မသွားနိုင်ခဲ့ပါဘူး..ရောင်ကိုင်းအောင်ငိုထားတဲ့ ကျမမျက်နှာကို
သူငယ်ချင်းတွေမြင်တော့ ကျမကိုလှောင်ပြောင်ကြပါတယ်..
(ကျမနဲ့ငါးလေးတွေရဲ.သံယောဇဉ်ကို သူငယ်ချင်းတွေ မသိကြလို့ပါ..)..

အဲဒီနေ့က..စပြီး ကျန်ခဲ့တဲ့ငါးလေးဟာ သိပ်မလှုပ်ရှားတော့ပဲ
အမြဲတန်းငြိမ်နေတတ်တာကို သတိထားမိပါတယ်..အစာလဲမတောင်းတော့ပါဘူး..
အစာဘူးကိုပြရင်လဲ အနားကိုမလာတော့ပါဘူး..၁လလောက်အကြာမှာပဲ..
အဲဒီငါးလေးသေသွားခဲ့တယ်..

တစ်ကောင်သေလို့ နောက်ကောင်လိုက်သေတာလား..
အသဲကွဲပြီးသေသွားတာလား..
သူတို့လေးတွေရဲ့ သက်တမ်းကုန်ဆုံးသွားတာလား..
ဆိုတာ အတိအကျမသိရပေမဲ့ အဲဒီအချိန်ကစပြီး ဘာအိမ်မွေးတိရစ္ဆာန်ကိုမှ
ကျမ ..မမွေးတော့တာ အခုချိန်ထိပါပဲ..။
ပထမ ငါးသေလေးကို
မျှောခဲ့တဲ့ ပင်လယ်ထဲမှာပဲ...ဒုတိယ ငါးသေလေးကိုမျှောပေးခဲ့ပါတယ်..
"သူတို့လေးတွေ ပြန်ဆုံနိုင်ကြပါစေလေ"..........
 
 နမ်းမ၀(အဖြူရောင်နတ်သမီး)

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)