ရန်ကုန်-ဒလ ကြိုးတံတား တကယ်ဆောက်မှာလား

ဒီသတင်းကြောင့်ဒလ မြေဈေး လှုပ်လာလေမလား စဉ်းစားမိပါတယ်။သွားလာရေး အချိန်ကန့်သတ်ချက် ရှိနေတာရယ်၊
 ရေရှားပါးတာရယ်ကြောင့် ရန်ကုန်တဖက်ကမ်းက ဒလမှာ မြေဈေး၊ အိမ်ဈေး၊  အိမ်ငှားဈေးတွေလည်း ရန်ကုန်ရဲ့ တခြားမြို့နယ်တွေနဲ့ ယှဉ်ကြည့်ရင် အတော် နိမ့်တယ်လို့ ဆိုနိုင်ပါတယ်။  သို့ပေမယ့် ဒီနေ့ (၂၁-၈-၂၀၁၃) ကြေးမုံသတင်းစာမှာ ပါတဲ့ သတင်းတခုကြောင့် ဒလမြေဈေး၊ အိမ်ဈေး၊ အိမ်ငှားဈေး လှုပ်လာလေမလား လို့ပါ။ ရန်ကုန်-ဒလ ကြိုးတံတား အတွက် Topographical Map (မြေပြင်အနေအထားကွင်းဆင်းတိုင်းတာမှု)
 များကို သြဂုတ် ၁၇ ရက်နေ့က ဒလမြို့ ကမာကဆစ်ရပ်ကွက်
ဗိုလ်မင်းရောင်လမ်းတွင်  ပြုလုပ်ခဲ့သည်ဟု တော့ပ်ကုမ္ပဏီမှ တိုင်းတာရေး တာဝန်ခံ (Chift Surveyor) ဦးသန်းလွင်က ပြောကြားကြောင်း
ဖော်ပြထားပါတယ်။ ဦးသန်းလွင် ဆက်လက်ပြောပြ တာက “ကျနော်တို့က တံတားကိစ္စ  Toppgraphical map  အတွက် အခုလို မှန်ပြောင်းနဲ့ မြေပြင်အနေအထားကို ကွင်းဆင်း တိုင်းတာနေတာပါ။
ဒီလို တိုင်းတာချက်တွေနဲ့ပဲ တံတားဒီဇိုင်းကို ထုတ်မယ်၊ အဲဒီ အပေါ် မူတည်ပြီး တံတားဆောက်လုပ်ဖို့ စဉ်းစားရမယ်” ဟု

မှန်ပြောင်းတိုင်းတာရင်း ပြောပြခဲ့သည် လို့လည်း
သတင်းစာမှာ ဖော်ပြထားပါတယ်။ဓာတ်ပုံနဲ့တကွ ရေးသားပြထားတဲ့ ဒီသတင်းက တိတိကျကျ ခိုင်ခိုင်မာမာလို့တော့ ဆိုရမှာပါ။ ဒါပေမယ့် ဘယ်အချိန်မှာ ဘာတွေလုပ်မယ်၊ ဘယ်လို ပြင်ဆင်ထားတယ်၊
ဘယ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ် စသည်ဖြင့် စာဖတ်သူအတွက်တော့ ရေရေရာရာ ဖော်ပြ ပေးမထားပါဘူး။ ဒါကြောင့် “ဗြုန်း ကနဲ ၀မ်းသာ၊ ဗျာကယာ ၀မ်းနည်း” ဆိုသလို မတင်မကျ မအီမလည် ဖြစ်သွားရတယ်လို့ ဒလမြေဈေး နားစွင့်နေသူ တဦးက ပြောဆိုကြောင်းပါ ခင်ဗျား။
The Irrawaddy



Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)