မေတ္တာ ဂရုဏာတွေအပြည့်နဲ့ ကြင်နာစွာ ကြည့်တတ်တဲ့ အမေ့

မေတ္တာ ဂရုဏာတွေအပြည့်နဲ့ ကြင်နာစွာ ကြည့်တတ်တဲ့
အမေ့ရဲ့  မျက်ဝန်းတစ်စုံကို လွမ်းတယ်..........
အမြဲတမ်း စိုးရိမ်စိတ်တွေအပြည့်နဲ့  စိတ်ပူနေတတ်တဲ့
အမေ့ရဲ့ ဂရုစိုက်မှုတွေကို သတိရတယ်..........
အားငယ်တဲ့ အချိန်တိုင်း အားမငယ်ပါနဲ့ အမေ ရှိတယ်လို့ 
အမြဲ ပြောတတ်တဲ့ အမေ့ရဲ့ စကားသံလေးကို ကြားချင်မိတယ်...
အခက်အခဲတွေနဲ့ ကြုံလာရတဲ့အချိန်တိုင်း အမြဲတမ်း ဆုပ်ကိုင်ပေး
ထားတဲ့ နွေးထွေးတဲ့ အမေ့ရဲ့ လက်တစ်စုံကို တမ်းတမိတယ်.......
အနားမှာရှိစဉ်က နားမလည်ခဲ့တဲ့ အမေ့မေတ္တာ...အမေ့ကျေးဇူး


အခုတော့ နားလည်မှုတွေအပြည့်နဲ့  အမေ့ရဲ့ အဝေးကနေ
မျှော်လင့်ရင်းတမ်းတနေတတ်ပီ.......အမေ
အမေ ကျန်းမာပျော်ရွှင်စွာနဲ့ အသက်ရာကျော်ရှည်ပါစေလို့ 
ဆုတောင်းရင်း အမေ့ရဲ့ အနား အမြန်ဆုံး ရှိနေခွင့်ရ ရပါစေလို့ လဲ
ဆုတောင်းနေပါတယ်............................
Khin Myo Aye
Poem

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Faceboook ကြောင့် သင့်ဘဝတိုးတက်နိုင်လား