မိဘလုပ်ကျွေး ကောင်းကျိုးပေး
“မာတာပိတု ဥပဋ္ဌာနံ နာမ ပုညံ သဂ္ဂသံဝတ္တနီက ကာရဏံ”
မာတာပိတုဥပဋ္ဌာနံ နာမ= မိဘတို့အား လုပ်ကျွေးပူဇော်ခြင်းမည်သော ၊
ပုညံ= ကုသိုလ်ကောင်းမှုသည် ၊ သဂ္ဂသံဝတ္တနိကကာရဏံ= နတ်ပြည်ရောက်ကြောင်း
အမှုကောင်း အလုပ်ကောင်း မည်ပါပေ၏။ ကျေးဇူး ကြီးလှ မိဘတို့အား အစစအရာရာ
ဆောင်ရွတ်ပြုစုလုပ်ကျွေးပူေ ဇ်ာခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုသည် (ဝါ) မိဘလုပ်ကျွေးတဲ့
မာတာပိတုဥပဋ္ဌာနံ နာမ= မိဘတို့အား လုပ်ကျွေးပူဇော်ခြင်းမည်သော
ကုသိုလ်သည် ဘေးခပ်သိမ်း ရန်ခပ်သိမ်း ကင်းလွတ်ငြိမ်း၍ မင်္ဂလာအဝဝ စေ့ငလောက်လုံ ပြည့်စုံတတ်ပါပေတယ်။
“ဓနကာမာနံ ဥပ္ပ့န္တွံ ဓနမ္ပိ မာတာပီတုနံ အပဋိဇဂ္ဂန္တာနံ နဿတိ”
ဓနကာမာနံ=စီးပွားဥစ္စာ မင်္ဂလာကျက်သရေ တက်နေလင်းသကဲ့သို့ ထွေထွေလောက်လုံ ပြည့်စုံလိုကြကုန် သော သားသမီးတို့အား ၊ ဓနံ= စီးပွားဥစ္စာသည် ၊ ဥပ္ပန္တွမ္ပိ=ဖြစ်ပေါ်ပါသော်လည်း ၊ ၊
မာတာပိတုနံ= ကျေးဇူး ကြီးမားလှ မိနှင့်ဘတို့အား၊ အပဋိဇဂ္ဂန္တာနံ= မပြုစု
မလုပ်ကျွေး မပူဇော်ကြကုန်သည်ရှိသော်၊ တံ=ထိုဖြစ်ပေါ် လာသော စီးပွားဥစ္စာ
အဖြာဖြာသည် ၊ နဿတိ= ပျက်စီးတတ်ပါပေ၏။
လောကမှာ ဝီရိယ ရှေ့ထားကြိုးစားရှာဖွေထားတဲ့  စီးပွားဥစ္စာများသည် အကြောင်းအကျိုးညီညွတ်လို့ မိမိ တို့ရဲ့ လက်ဝယ်ဖြစ်ပေါ်ရရှိပါသော်လည်း ထိုစီးပွားဥစ္စာတို့ဖြင့် မိဘတို့ကို မလုပ်ကျွေးရင်၊ မပြုစုရင် ၊ မပူဇော် ရင် ထိုစီးပွားဥစ္စာများ မိမိတို့လက်ဝယ်ကြာရှည်မတည်တံ့ဘဲ ပျက်စီးကုန်ဆုံးတတ်ပါတယ်။
အဓိပ္ပါယ်ပြောင်းပြန် ပြန်ပြောမယ်ဆိုရင် စီးပွားဥစ္စာတိုးတက်ချင်ရင် စီးပွားဥစ္စာ ချမ်းသာချင်ရင် စီးပွားဥစ္စာ မြဲချင်ရင် ရှာဖွေလို့ရတဲ့ စီးပွားဥစ္စာဖြင့် မိဘတို့ကို လုပ်ကျွေးပါ။ ပြုစုပါ။ ပူဇော်ပါ။ထိုသို့ “မိဘနှစ်ပါးတို့အား
“ဓနကာမာနံ ဥပ္ပ့န္တွံ ဓနမ္ပိ မာတာပီတုနံ အပဋိဇဂ္ဂန္တာနံ နဿတိ”
ဓနကာမာနံ=စီးပွားဥစ္စာ မင်္ဂလာကျက်သရေ တက်နေလင်းသကဲ့သို့ ထွေထွေလောက်လုံ ပြည့်စုံလိုကြကုန် သော သားသမီးတို့အား ၊ ဓနံ= စီးပွားဥစ္စာသည် ၊ ဥပ္ပန္တွမ္ပိ=ဖြစ်ပေါ်ပါသော်လည်း
လောကမှာ ဝီရိယ ရှေ့ထားကြိုးစားရှာဖွေထားတဲ
အဓိပ္ပါယ်ပြောင်းပြန် ပြန်ပြောမယ်ဆိုရင် စီးပွားဥစ္စာတိုးတက်ချင်ရင် စီးပွားဥစ္စာ ချမ်းသာချင်ရင် စီးပွားဥစ္စာ မြဲချင်ရင် ရှာဖွေလို့ရတဲ့ စီးပွားဥစ္စာဖြင့် မိဘတို့ကို လုပ်ကျွေးပါ။ ပြုစုပါ။ ပူဇော်ပါ။ထိုသို့ “မိဘနှစ်ပါးတို့အား
စေတနာပါပါ ရိုရိုသေသေ ပြုစုလုပ်ကျွေးပူဇော်မယ်ဆို ရင်
စီးပွားဥစ္စာတွေ တစ်နေ့ထက်တစ်နေ့ တစ်လ ထက် တစ်လ တစ်နှစ်ထက်တစ်နှစ် သိသိသာသာ
တိုးတက်ချမ်းသာလာမှာ အမှန်ပါပဲ။” ဘာကြောင့်လဲဆို တော့ မိဘတို့ရဲ့
စစ်မှန်အေးမြ များပြားလှတဲ့ အနန္တမေတ္တာ စွမ်းအားသတ္တိကြောင့် ဖြစ်ပါတယ်။
ဥပမာ သက်သေထူရမယ်ဆိုရင် သုဝဏ္ဏသာမ သားကောင်း
ဥပမာ သက်သေထူရမယ်ဆိုရင် သုဝဏ္ဏသာမ သားကောင်း
ရတနာ ဇာတ်တော်မှာကြည့်လိုက်မယ်ဆိုရင်
လိမ္မာရေးခြားရှိတဲ့ သုဝဏ္ဏသာမဆိုတဲ့ သားရတနာလေးတစ်ယောက်သည် မိအို ဖအို
မျက်မမြင်ဒုက္ခိတ ဒုကူလ၊ ပါရိကာမိဘနှစ်ပါးတို့အား စားဖွယ် သောက်ဖွယ် ဝတ်ဖွယ်
အသွယ်သွယ်တို့ဖြင့် ရှာဖွေကျွေးမွေး ဆင်မြန်းတဲ့အပြင် ကျင်ကြီးကျင်ငယ်
ရှင်းလင်းသုတ်သင် ရေမိုးချိုးပေးလေ့ရှိပါတယ်။ အမြဲထာဝရ မိဘတို့ အား စိတ်လက်ပါပါ ကြည်ကြည်ဖြူဖြူ မငြူစူဘဲ အလေးမူပြုစုလုပ်ကျွေးခဲ့တဲ့ အတွက်ကြောင့် သစ်သီးရှာဖွေ တဲ့အခါ အန္တရာယ်တစ်စုံတစ်ခု မတွေ့ကြုံခဲ့ပါဘူး။သွားလမ်း သာလို့ လာလမ်း ပြန်လမ်းလည်း သာခဲ့ပါတယ်။
မိဘများအတွက် ရေဆိပ်ရေသွားခပ်တဲ့အခါမှာလည်း
ထိုးနည်းအတူပါပဲ။ အန္တရာယ်ကင်းရှင်း ကျန်းမာခြင်း ချမ်းသာခြင်းနှင့်အတူ
ပြန်လာနိုင်ခဲ့ပါတယ်။ အဲဒီလို ပြုစုလုပ်ကျွေးရင်းနဲ့ တစ်နေ့သော အခါမှာတော့
မိဘ လုပ်ကျွေးတဲ့ကုသိုလ်ဟာ ဒီထက်ပိုမို အစွမ်းပြအားရပါးရ
အကျိုးပေးချင်လို့လားတော့မသိဘူးပေါ့။
သုဝဏ္ဏ သာမ ရေဆိပ် ရေသွားခပ်ရင်းနဲ့ ယောဂီရောင် ဝတ်ဆင်ထားတဲ့ သုဝဏ္ဏာသာမကို
ပီဠိယက္ခမင်းက သမင် အမှတ်ဖြင့် အဆိပ် လူးမြားဖြင့်
ပစ်ခဲ့ပါတယ်။အဆိပ်လူးမြားဒဏ်ရာဖြင့်
လဲလျောင်းနေတဲ့ သုဝဏ္ဏသာမကို ပီဠိယက္ခက သွားရောက်တောင်းပန် အကျိုးအကြောင်း
မိဘများအတွက် ရေဆိပ်ရေသွားခပ်တဲ့အခါမှာလည
ပြောပြချက်အရ သုဝဏ္ဏသာမသည် သူ့မှာ မြားမှန် တာ ကိစ္စမရှိ ကြောင်း၊
မျက်မမြင်ဒုက္ခိတ မိဘနှစ်ပါးအတွက်သာ စိတ်ပူပန်ကြောင်း ပြောပြခဲ့ပါတယ်။
ပီဠိယက္ခမင်းသည် ဒုကူလ ပါရိကာတို့ထံ သွားရောက်
ပီဠိယက္ခမင်းသည် ဒုကူလ ပါရိကာတို့ထံ သွားရောက်
အကျိုးအကြောင်း ပြောပြတဲ့အခါ
မင်းတရားအပေါ်
မေတ္တာမပျက်တဲ့အပြင် သူတို့သားရှိရာသို့
ပို့ပေးစေ
လိုကြောင်းပြောဆို ချက်အရ
ပီဠိယက္ခမင်းက ဒုကူလ ပါရိကာတို့ကို သုဝဏ္ဏသာမထံ အရောက်ပို့ဆောင်ခဲ့ပါတယ်။
မိဘများရောက်လာချိန်၌ သုဝဏ္ဏသာမခမျာ စကားမပြော
နိုင်တော့ဘဲ သွေးအိုင်ထဲမှာ
လဲလျောင်းမူးမေ့လို့နေပါတယ် ။
ထိုအခါမှာ “သူတော်ကောင်း နတ်ကောင်းမ”ဆိုတဲ့ စကားအတိုင်း မိဘတို့ကို ပြုစုကျွေးမွေးတဲ့ပုဂ္ဂိုလ် ဒုက္ခ ရောက်တာမကြည့်ရက်တဲ့ အတိတ်က အမိတော်ခဲ့ဖူးတဲ့ ဗဟုသုန္ဒရီနတ်သမီးရောက်လာပြီး ဒုကူလ၊ ပါရိကာ တို့အား လိုရာဆုတောင်းကြရန် ပန်ကြားခဲ့ပါတယ်။
တောင်းရန်ဆုကတော့ သင်တို့မျက်စိ မြင်ချင်သလား(သို့မဟုတ်) သား မြားဒဏ်ရာမှ ချမ်းသာစေချင် သလား (သို့မဟုတ်) ရွှေအိုးလိုချင်သလား။ ဒီသုံးမျိုးထဲမှ ကြိုက်ရာကိုတောင်းရန်ပြောဆိုခဲ့ပါတယ်။
အမြော်အမြင်ကြီး အသိဥာဏ်ကြွယ်ဝတဲ့ ဒုကူလ ပါရိကာတို့က
သားရွှေအိုးထမ်းလာတာကို မြင်ချင်ပါတယ် လို့တစ်ပြိုင်တည်း တစ်သံတည်း
စိတ်တူကိုယ်တူ တောင်းခဲ့ကြပါတယ်။ ထိုအခိုက်မှာပဲ သုဝဏ္ဏသာမလည်း
လဲလျောင်းရာမှထပြီး ဒဏ်ရာမှ ချမ်းသာရာရခဲ့ပါတယ်။ ဒုကူလနဲ့ ပါရိကာတို့လည်း
မျက်စိပြန်မြင်လာပါ တယ်။ ရွှေအိုးကိုလည်း ရခဲ့ပါတယ်။
ဤသို့ ရွှေအိုးရခြင်း မိဘများ မျက်စိပြန်မြင်ခြင်း၊ မြားဒဏ်ရာ ဒုက္ခမှလွတ်မြောက်လာခြင်း၊ နတ်တွေ စောင့်ရှောက်ကူညီခြင်းဆိုတဲ့  အကျိုးတရားများကို ရရှိတာကတော့ ကျေးဇူးရှင်မိဘနှစ်ပါးတို့အား ပြုစု
ထိုအခါမှာ “သူတော်ကောင်း နတ်ကောင်းမ”ဆိုတဲ့ စကားအတိုင်း မိဘတို့ကို ပြုစုကျွေးမွေးတဲ့ပုဂ္ဂိုလ် ဒုက္ခ ရောက်တာမကြည့်ရက်တဲ့ အတိတ်က အမိတော်ခဲ့ဖူးတဲ့ ဗဟုသုန္ဒရီနတ်သမီးရောက်လာပြီ
တောင်းရန်ဆုကတော့ သင်တို့မျက်စိ မြင်ချင်သလား(သို့မဟုတ်) သား မြားဒဏ်ရာမှ ချမ်းသာစေချင် သလား (သို့မဟုတ်) ရွှေအိုးလိုချင်သလား။ ဒီသုံးမျိုးထဲမှ ကြိုက်ရာကိုတောင်းရန်ပြောဆု
ဤသို့ ရွှေအိုးရခြင်း မိဘများ မျက်စိပြန်မြင်ခြင်း၊ မြားဒဏ်ရာ ဒုက္ခမှလွတ်မြောက်လာခြင်း၊ နတ်တွေ စောင့်ရှောက်ကူညီခြင်းဆိုတဲ
ကျွေးမွေးစောင့်ရှောက်ပူဇော်တဲ့ ကုသိုလ်ကောင်းမှုကြောင့်သြာ ဖစ်ပါကြောင်း၊ ဒါကြောင့် အားလုံးသော ပုဂ္ဂိုလ်များလည်း မိဘနှစ်ပါးအား အသက်ထက်ဆုံး ပြုစုလုပ်ကျွေးသင့်ကြောင်း၊ ထိုသို့ပြုစုလုပ်ကျွေးမည်ဆို ပါက ယခုဘဝရော နောက်ဘဝမှာပါ
ကောင်းကျိုးချမ်းသာအဝဝ ပြည့်စုံခံစား စံစားရမည်ဖြစ်ပါတယ်
ဆိုတဲ့ အကြောင်း အသိပေးရေးသား လိုက်ရပါသည်။.
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ
Young Buddhist's Association
Comments
Post a Comment