မိန်းမသားမို့ပါ

မာယာ လေးဆယ်
ပရိယာယ် တစ်ရာ
အလိမ်အညာ တစ်ထောင်
အယောင်ဆောင် တစ်သိန်း
အပလိန်း နန္ဒ.....
ညွှန်းလိုက်တဲ့စကားလုံးတွေ။တစ်ဖက်သတ် စွဲချက်တွေ
မိန်းမကောင်းကြောင်းလည်းမပါပါလား။တကယ်ဆိုရင် ဒီလိုမဖြစ်သင့်ဘူး။လောကမှာ မကောင်းသူရှိသလို
ကောင်းသူတွေလည်း ရှိပါသေးတယ်။
တစ်ယောက်မကောင်းတာနဲ့ အပေါင်းကို ၀ါးလုံးနဲ့ဆော်တာ မဖြစ်သင့်ပါဘူး။
မကောင်းတဲ့လူတွေပာာ ယောက်ျားတွေ ပိုများပါတယ်။ အရက်မူးပြီး လမ်းဘေးမှာ
အိပ်ပျော်။ ငယ်ပါလည်း ပေါ်လို့ပေါ်။ ဖင်ဆော် သွားတာတောင်မသိ။ ဒီလိုဖြစ်တာ
ယောက်ျားတွေပါ။ အဲ-လူကောင်း ယောက်ျားတွေလည်း အများကြီးပါ။ပြောကြသေးတယ်။ မင်းတို့ မိန်းမတွေက ခွေးထီးလောက်တောင် မမြတ်ဘူးတဲ့။
ကိုယ့်အမေတောင် အား မနာဘဲ ပြောလိုက်တာ။ ဒါဆို ခွေးထီးနဲ့ပဲ လက်ထပ်လေ။
ဘာလို့ မိန်းမတွေကို လာယူလဲ။မိန်းမသားမှာလည်း ချစ်တတ်တဲ့ နှလုံးသားနဲ့ပါ။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို
ဘယ်တော့ဖွင့်ပြောမလဲ ဆိုတာ အမြဲထိုင်စောင့်နေရတာ။ ထီထိုးသလိုပဲလေ။ ထီကလည်း
ပေါက်ဖို့မသေချာ။ ချစ်သူကလည်း ဖွင့်ပြောဖို့ မသေချာ။မိန်းမတွေ ကိုယ့်ချစ်သူနဲ့ လွဲရရင် ဘာမှ အသံ မကြားရဘူး။
ယောက်ျားတွေလွဲရင်တော့ အရက်ဆိုင်မှ မှောက်တော့တာပဲ။ ဂစ်တာလေး
တဒေါင်ဒေါင်နဲ့ အသည်းကွဲ သီချင်းတွေ အော်လို့အော်။အို-ရှုပ်နေတာပဲ။
ဘယ်လောက်ပဲ မာယာနဲ့ ဆွဲဆောင်နေပါစေ။
မိန်းမကစပြီးဖွင့်မပြောပါဘူး။မိန်းမတိုင်းမှာ မာယာသုံးစွဲခွင့်ရှိပါတယ်။
ဒါကြောင့် မိန်းမတွေကို မာယာများ တယ်လို့ ဘယ်တော့မှ အပြစ်မတင်ပါနဲ့။
သဘာဝလေ။
မိန်မသားမို့ပါ။
မိန်းမတွေဘက်က ခံစားရေးဖွဲ့ပါသည်။
ပြည်ငြိမ်း
အခမဲ့ ကြော်ငြာ
Comments
Post a Comment