လမ်းခွဲကြစို့ ( က ဗျာ )

လမ်းခွဲကြစို့

မဖြစ်နိုင်မှန်းသိရက်
ရှေ့ဆက်မတိုးချင်နဲ့။

မင်းလျှောက်မဲ့လမ်းနဲ့
ငါ့ရဲ့လမ်းက တခြားစီမို့
မင်းနဲ့ ငါ့ရဲ့ အနာဂတ်ကို

Sorry ပြောလို့ လမ်းခွဲစို့ ...

နေနဲ့လ ကို ပေါင်းစည်းပေးဖို့
ကြိုးစားသူလို မရူးမိုက်ချင်နဲ့ ....

မဖြစ်နိုင်တာမရှိဘူးဆိုတဲ့
နပိုလီယန်ရဲ့ စကားကိုလဲ
ပုံသေ မှတ်ယူမနေနဲ့ ....

သတ္တိမရှိတဲ့ ယောက်ျားလို့
မင်း သတ်မှတ်သွားပါစေ
ငါ ပြုံးလို့နေလိုက်မယ် ...

မင်းအတွက် နစ်နာမဲ့အရာ
ဘာဆိုဘာမှ မလိုလားတာ
ငါ့ရင်ထဲက စေတနာ . . .

ဇာတ်လမ်းထဲကလို
မင်းမုန်းတယ်ပြောလို့
လှည့်ထွက်သွားပါ.....

ဖလန်းဖလန်းထနေတဲ့မင်းနဲ့
ဂွမ်းပြီး မလန်းတဲ့ ငါ့ဘ၀က
ရေလည် မမိုက်တာကို
မင်းလဲ သိနေတာပဲလေ.........

ဒါကြောင့်
တစ်ခါမှမနိုးထဘူးသေးတဲ့
ကြေကွဲမှုနဲ့ လွမ်းဆွတ်မှုကို
အသက်သွင်းဖို့ မင်းနဲ့ငါနဲ့
ဆန့်ကျင်ဘက်ကို ဦးတည်လို့
လမ်းခွဲလိုက်ကြပါစို့ .............

လင်းရန်

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

တစ်ကိုယ်ရည် အာသာဖြေခြင်း(အမျိုးသားများအတွက်)