အသားဖြူရန် ဆေးထိုးမှုအမျိုးသားများပါ ပြုလုပ်လာကြ
အသားအ ရေဖြူဖွေးကြည်လင်တောက်ပ စေရန်ဆေးထိုးမှုကို မိန်းကလေး များသာမက အမျိုးသားများပါ ပြုလုပ်မှုများလာကြောင်း Ama-ra International Company Limited မှ သိရသည်။
မြန်မာလူမျိုးအများစုမှာ အများအားဖြင့် အသားဖြူလိုကြ လေ့ရှိသော်လည်း
နေရောင်ခြည် ကိုအများဆုံးခံရလေ့ရှိသဖြင့
ယင်းမှာ အကြောအတွင်း သို့ ထိုးဆေးကဲ့သို့သွင်းရသော ဆေးတစ်မျိုးဖြစ်ပြီး ယိုးဒယား နိုင်ငံတွင် အဓိကအားဖြင့် ခေတ် အစားဆုံးအသုံးပြုကြလေ့ရှိပြ
မဟုတ်သော် လည်း အာဟာရ ဖြည့်တင်းပေး သောအနေဖြင့် ယင်းဆေးကိုအ သုံးပြုကြခြင်းဖြစ်ကာ ဘေးထွက် ဆိုးကျိုးမရှိကြောင်း သိရသည်။
''ငါးခါလောက်ထိုးပြီးရင် တော့တော်တော်လေးကို သိသာ သွားပါတယ်။ တစ်ခါသွင်းလိုက် တာနဲ့တင် သိသာပါတယ်။ ငါးခါ လောက်ဆိုတော့ ပိုပြီးတော့ သိ သိသာသာကြီးကို အသားအရေ က ကြည်လင်တောက်ပသွားတယ် ပေါ့။ ယိုးဒယားနိုင်ငံမှာတော့ ဒီလို ဆေးမျိုးကို နှစ်နဲ့ချီပြီးတော့ ထိုး ကြတယ်။ တစ်နှစ်လောက်ကို ထိုး ကြတယ်။ အထူးသဖြင့် သရုပ် ဆောင်တွေ၊ မော်ဒယ်တွေက အ ဓိကအသုံးများကြတယ်၊ အရင်တုန်း က သိပ်မသိဘူး။ လုပ်လေ့မရှိကြ ပေမယ့် အခုဆိုရင် အမျိုးသမီး တွေသာမက အမျိုးသားတွေပါ လုပ်လာကြပါတယ်''ဟု ဒေါက်တာ ရဲအောင်က ပြောသည်။
အဆိုပါဆေးသည် အသား ကိုဖြူစေရုံမက အသားအရေကျန်း မာရေးကိုကောင်းစေသည့်အပြင် ခန္ဓာကိုယ်တွင်ရှိသည့် အသည်း ကျောက်ကပ်တို့ကို အားကောင်း စေပြီး အားဆေးသဘောမျိုးနှင့် လည်းအသုံးပြုကြောင်း သိရသည်။
''ဒီဆေးက အသားကိုဖြူ စေတယ်၊ အသားအရေကျန်းမာ ရေးကို ကောင်းစေတဲ့အပြင် ခန္ဓာ ကိုယ်မှာရှိတဲ့ အသည်း၊ ကျောက် ကပ်တို့ကိုအားကောင်းစေတယ်။ အားဆေးသဘောမျိုးနဲ့လဲ အသုံး ပြုကြတယ်။
ဆေးကို ပုံမှန်တော့ တစ်ပတ်ကို တစ်ခါ ဒါမှမဟုတ် ရင်လဲ နှစ်ပတ်ကိုတစ်ခါလောက် သွင်းကြတယ်''ဟု ပြောသည်။
တစ်နှစ်ခန့်သွင်းပါက ခန္ဓာ ကိုယ်အတွင်းရှိ အစိတ်အပိုင်း များကိုကာကွယ်ပေးသည့်အပြင် အရေပြားကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးကြောင်း၊ အခြား သောနိုင်ငံများတွင် လွန်စွာခေတ် စားနေပြီး မြန်မာနိုင်ငံတွင်လည်း ယခုနောက်ပိုင်းမှာ ခေတ်စားလာ ခြင်းဖြစ်ကြောင်း သိရသည်။
''လာပြကြတဲ့ ကာစတန်မာ တွေကလဲ ဒါကိုပိုပြီးစိတ်ဝင်စား လာကြပါပြီ။ အသားဖြူအောင် လုပ်လာကြပါတယ်။ အောင်မြင် ပြီး ပြုလုပ်ပြီးသူများလဲ စိတ်ကျေ နပ်မှုကိုရကြတော့ အမျိုးသားများ၊ အမျိုးသမီးများပါ ပြုလုပ်သူများ လာပါတယ်။ အခုခေတ်က ခေတ် အခြေအနေအရ အသားဖြူချင် ကြတယ်။ ယောက်ျားလေး၊ မိန်း ကလေးလုပ်ကြတယ်။ ဆရာဝန် ကိုယ်တိုင်မှကြီးကြပ်ပြီး သွင်းပေး တယ်၊ ဆေးသွင်းချိန်မှာ မိနစ် ၂၀၊ နာရီဝက်အတွင်း ကြာမြင့်ပြီး တော့ ထိုးရုံနဲ့ သိသိသာသာကြီး
ဖြူဖွေးသွားခြင်းမျိုးမဟုတ်
ပထမအကြိမ်ထိုးပြီးသည် နှင့် ဆေး၏အကျိုးသက်ရောက်မှု သည် ဒုတိယအကြိမ်မထိုးမီ လေး ငါးရက်ခန့်တွင် အကျိုးသက်ရောက် မှုအနေဖြင့် အသားပိုဖြူလာပြီး လက်ဖဝါးများ လက်ဖျံများတွင် ပိုမိုသိသာလာကာ တစ်ပတ်တစ် ခါသွင်းသူများသည် အသားအ ရေဖြူဖွေးကြည်လင်မှုကို ပိုမိုသိ သာစေနိုင်ကြောင်း သိရသည်။
ဆေးသွင်းလိုက်သည့်သ ဘောသည် ဆေးမှာ ခန္ဓာကိုယ် တွင်ရှိသောဆဲလ်များကိုပြောင
အဆိုပါဆေးမှာ တစ်လုံး လျှင် လေးသောင်းဝန်းကျင်ခန့် ကျသင့်မည်ဖြစ်ပြီး ဆေးထိုးပြီးသူ များသည် နေရောင်ခြည် တိုက် ရိုက်ထိတွေ့မှုများကို ရှောင်ကြဉ်ရ မည်ဖြစ်ကြောင်း သိရသည်။
by pyae phyo
yangon media group
Comments
Post a Comment