တစေ့တစောင်း သွေး အကြောင်း (သင့်ရင်မှဖြစ်သောသွေးအကြောင်း)
ဒီဘလော့လေးကို ကျနော်တင်မလို့ဆိုပြီး လုပ်ထားတာ ၂ နှစ်ကျော်ပြီ
ကျနော်အကိုတ၀မ်းကွဲ ဂျပန်မှာနေနေတုန်းက အွန်းလိုင်း ဘလော့တစ်ခုမှာ(မြန်မာချစ်သူဆိုက်မှာ)
သူ့ကလေး အကြောင်းမေးလို့ ကျနော်တွေ့ခဲ့ရက ဒီဘလော့တင်ဖို့လုပ်ခဲ့တာပါ
အခု သူသာ မြန်မာပြည်ပြန်ရောက်လို့ အဲဒီအကြောင်း ဘီယာဆိုင်မှာတောင်ပြောခဲ့ကြပေမယ့်
မတင်ဖြစ်ခဲ့တာခုတော့ တင်လိုက်ပါပြီဗျာ
ကျနော်တို့လူတွေမှာအစောဆုံးပေါ်ခဲ့တာ အိုသွေးပေါ့ဗျာ သူက ကံဆိုးတဲ့သွေး
လူတိုင်းကိုသာ သူ့သွေး ပေးလှူနိုင်ပြီးတော့
သူကတော့ သူနဲ့မျိုးတူကိုသာ လက်ခံတဲ့ တစ်ယူသန်တစ်ဇောက်ကန်းသွေးပေါ့
( ကိုယ်က အေးသွေးဆိုတော့ ကိချမချိဘူးဟိဟိဟိ)
နောက်အကျဆုံးခေတ်အမှီဆုံးသွေးကတော့အေဘီသွေးပေါ့
ဒီကောင်က လူပါးဝတဲ့သွေးလေ လူတိုင်းက သူ့သွေးကိုလက်မခံနိုင်ပေမယ့်
သူကတော့လူတိုင်းရဲ့သွေးကိုလက်ခံနိုင်တာ့ အေဘီ သွေးရှိတဲ့သူ ဖြစ်တဲ့သူက တော့ ကံကောင်းတာပေါ့ဗျာ
ကျနော်ပြောမဲ့အကြောင်းအရာက ယောက်ျားလေးတွေအတွက် အဓိက အရေးပါတဲ့ ရင်သွေးငယ် ကလေးအတွက်ပါ
မိန်းမနဲ့ယောက်ျား ပေါင်းသင်းနေထိုင်ပြီးမွေးဖွားလာမယ့် ကလေးရဲ့ဖြစ်နိုင်ခြေသွေးပါ
အစကတော့ သွေးအကြောင်းသေချာရေးမလို့ပါပဲ
ကိုယ်က ဆရာဝန်လည်းမဟုတ် ဆေးပညာသည်လည်းမဟုတ်တော့
ရှက်စရာကောင်းလို့မရေးတော့ပါဘူးနော်...
ပုံလေးတွေတော့နည်းနည်းလေ့လာလို့ရပါတယ်
အဲတာက အိုသွေးက ဘာလို့ တခြားသွေးတွေကိုလက်မခံလည်း
အေဘီသွေးက ဘာလို့သွေးတိုင်းကိုလက်ခံနိုင်တာလည်း အောက်မှကြည့်လိုက်ပါဗျာ


တကယ်တော့ကလေးဆိုတာ ယောက်ျားရဲ့ သုတ်ကောင်ကနေသာလူဖြစ်လာပြီး
မိခင် မမျိုးစေ့အိမ်က ကလေးဖြစ်လာအောင်ကူညီစောင့်ရှောက်ပေးတဲ့ သဘောပါ
မ မျိုးအိမ်ကလည်း တချိန်ထဲမှာ အသန်စွမ်းဆုံးသုတ်ကောင် တစ်ကောင် ဒါမှမဟုတ် နှစ်ကောင်သာလက်ခံပြီး
ကလေးရနိုင်တာမို့ မိန်းမတစ်ယောက်က ယောက်ျားတွေဘယ်လောက်အများကြီးနဲ့ဆက်ဆံဆက်ဆံ
ကလေးတစ်ယောက်ရဲ့အဖေဟာ ယောက်ကျားတစ်ယောက်ပဲရှိပါတယ်
မိန်းမမြင်သွားလို့အထှာပေါက်ပြီးလှိမ့်ကျွေးနေရင်တော့မတတ်နိုင်ဘူးဗျာ
လောလောဆယ်သင့်သွေးကဘာသွေးဆိုရင်
သင့်မှာ အခွင့်ရေးဘယ်လောက်ရှိလည်းအောက်မှာကြည့်ကြရအောင်ဗျာ

သင်လက်ခံနိုင်တဲ့သွေး မျှဝေပေးနိုင်မယ့်သွေးအမျိုးစားတွေကို
အောက်က ပုံလေးတွေမှာကြည့်လိုက်နော်
ကိုယ်နဲ့ကိုယ့် ချစ်သူကဘာသွေးဆိုရင် ကိုယ့်ကလေးရှိရမယ့်သွေးပေါ့
ယောက်ျားလေးပဲမဟုတ်ဘူးနော်သိသင့်တာ မိန်းကလေးလည်းသိသင့်တယ်
ရှိရမယ့် ဖြစ်ရမယ့်သွေးမဟုတ်ရင် ကိုယ့်ကလေးသေချာပေါက်မဟုတ်ဘူးဆိုတာပဲ
မိန်းကလေးကလည်းတခြားဘယ်သူနဲ့မှမဆက်ဆံပဲ ကွုလွဲနေရင်တော့ သေချာတယ် ဆေးရုံမှာ ကလေးမှားတာပေါ့
တကယ်လို့ ကိုယ့်မိဘတွေနဲ့ ကိုက်ကြည့်လိုက် ကိုယ့်သွေးက ဘာသွေး အဖေ အမေ သွေးကဘာသွေး
အဲ....မကိုက်ရင်တော့ ကိုယ့်အမေသာမေးကြည့်ပေတော့ ( မွေးစားသားလား အမီးလားမေးခိုင်းတာပါဗျာ)
(အဲသွေးချင်း ကိုက်နေရင်တောင် မသေချာဘူးနော် သွေးတူတွေအများကြီး ဒီအန်အေ စစ် ဤကား စကားချပ် ဟိဟိဟိ)
(ဒီအန်အေတောင် ချွတ်စွတ်အမွှာရှိနေရင် မစစ်နဲ့တော့ အလုပ်မဖြစ်တော့ဘူး
သုတ်ကောင်တစ်ကောင်ထဲကနေ မျိုးဥ ကွဲသွားပြီး အမွှာမွေးတဲ့သူတွေ ဤကား စကားချပ် ဟိဟိဟိ)
ပြောရင်းရှုတ်ကုန်ပြီ အောက်မှာကြည့်လိုက်ပါဗျာ....
ကျန်နောက်တစ်ယောက်က ဘီသွေး ဆိုရင် ကံကာင်းတယ်ဗျ
ဘာမှအလုပ်မရှုတ်တော့ဘူး စစ်စရာကိုမလိုတော့ဘူး (စစ်လို့လည်းမရဘူးလေ)
ကလေးက သွေးတိုင်းဖြစ်နိုင်နေတဲ့ဟာ
ဒီတော့ လွှတ်ကဲပေတော့ဗျာ အဲလေ ဟုတ်ပေါင် ဒီအန်အေ သာစစ်ပေါတော့ဗျာ
အဲအဖေလည်းအို အမေလည်းအို အသက်ကြီးမှယူတာကိုး အိုမှာပေါ့ အာ...မှားကုန်ပြီ
အဖေလည်းအိုသွေး အမေလည်းအိုသွေး ဖြစ်နေပါလျှက်
ကလေးက အိုသွေးမဟုတ်ပဲတခြားသွေးဆိုရင်
ပုခက်လွှဲတဲ့အခါ
တို့သွေးလည်းမဟုတ် တို့သားလည်းမဟုတ် တို့အမျိုးလည်းမဟုတ်တယ်
ဆိုတဲ့ သီချင်းလေးနဲကချော့သိပ် ကလေးချက်ချင်းအိပ်ပျော်တယ်တဲ့ဗျ
( အမှန်က အိပ်ချင်ယောင်ဆောင်တာ ဟိုက်သိသွားပြီ ငါတော့ကန်ချခံရတော့မယ် )
အဲလိုမလုပ်ကြပါနဲ့ မြက်တောင်နံနံပင်ဆိုပြီးနေ့တိုင်းစားနေတယ်ပဲမှတ်လိုက်ပါဗျာ..
By သိဘူးကွာ
http://www.fusarshinlay.net


















Comments
Post a Comment