အွန်လိုင်းပေါ်က အချစ်ဇာတ်လမ်း


အွန်လိုင်းပေါ်က အချစ်ဇာတ်လမ်း
ရာသီဥတုလေးက အရမ်းကို သာရာနေပြီး ဆောင်းနှင်းတွေ တဖွဲဖွဲ ကြွေကျဆင်းနေတဲ့ မနက်ခင်းလေးရဲ့ အလှပက ကဗျာ ဆရာတွေတောင် လက်ဖျားခါလောက်အောင်ပါ။တစ်ကြိမ် တစ်ခါက လူတစ်ယောက် အမြဲပြောခဲ့ဖူးတဲ့ ဆောင်းနှင်းကြွေ ချယ်ရီမြေ အိပ်မက်ကလေးပါ။
ဆောင်းနှင်းတွေကြားထဲ လမ်းလျောက်ရင်းနဲ့ တစ်ကြိမ် တစ်ခါက အတိတ်အကြောင်းတွေကို ပြန်လည်တွေးမိရင်း နှင်းဖြူရဲ့ မျက်ဝမ်တစ်စုံက ငွေပုလဲဥ ဖြူဖြူလေးများ စတင်ကြဆင်းလာပါတော့သည်။
တစ်ချိန်က နှင်းဖြူရဲ့ ဘဝလေးသည် အရမ်းကိုအေးချမ်း သာရာလှပါသည်။အပူသောကတွေ ကင်းဝေးပြီး တည်ငြိမ်နေတဲ့ နှင်းရဲ့ ဘဝထဲကို အပူမီးဖွဲလေးတစ်ခု အမှတ်မထင် ဝင်ရောင်လာခဲ့ပါသည်။
(၂)...ဆောင်းနှင်း တစ်ယောက်ထဲထိုင်နေရင်း ဖုန်းကလေးကိုဖွင့်ကာ ဟိုဟိုဒီဒီနှိပ်ရင်းနဲ့ ကစားနေစဉ် လူတစ်ယောက် သူငယ်ချင်းလုပ်ရန်အတွက် facebook မှ အကောင့် လာအပ်သည်။
ပုံမှန်ဆို ဘယ်သူအကောင့် လာအပ်ပါစေ လက်မခံဖြစ်ပါ။သို့သော်
ဒီနေ့တွင် ထူးခြားစွာ အကောင့်လေးကို လက်ခံလိုက်မိသည်။
သိပ်မကြာပါ စာများစတင်ပို့လာသည်။
....“ဟိတ်...နေကောင်းလား”
..“ကောင်းပါတယ်...နင်ရော“
ဒီလိုနဲ့ စကားတွေ အပြန်အလှန်ပြောကြရင်းနဲ့ အချိန်တို ကာလလေးအတွင်းမှာ သံယောဇင်တွေ ချည်နှောင်လာခဲ့ပါသည်။
သူ့ရဲ့နာမည်က “မုန်တိုင်း”တဲ့ နာမည်ကကြမ်းသလိုဘဝလဲ
ကြမ်းတဲ့သူပါ။ဒါပေမယ့် သူ့ရဲ့ စိတ်နှလုံး သားက နာမည်နဲ့မလိုက်
ဖက်အောင်ကို နူးညံ့သိမ်မွေ့လှပါတယ်။နေထိုင်သွားလာပုံက
အစပေါ့။သူ့ရဲ့ စကားသံ သူ့ရဲ့အားမာန်တွေကစကားတွေပြော
နရင်းနဲ့ ကျွန်မရင်တွေကို တလှပ်လှပ်နဲ့ါရင်ခုန်မှုတွေမြန်
လာစေခဲ့ ပါတယ်။ ဒီလိုနဲ့ပဲ ရင်ထဲမှာ အချစ်တွေကို သိမ်းဆည်း
ထားရင်းနဲ့ နေ့ရက်တွေကို ကျော်လွန်ဖြတ်သန်း လာခဲ့ကြတယ်။
...(၃)..နှင်းဖြူရယ် နင့်ရင်ထဲမှာ ဘာတွေရှိနေတယ်ဆိုတာ ငါခံစားနားလည်လို့ရသလို ငါ့ရင်ထဲမှာဘာတွေရှိနေတယ်
ဆိုတာ နင်ရောခံစား နားလည်နိုင်မှာလားကွယ်။
ငါ့နာမည်ကမုန်တိုင်း၊ငါ့ရဲ့ဘဝကလဲ မုန်တိုင်းလိုပဲ ကြမ်းတမ်းခဲ့တာ၊
ချစ်ခြင်းမေတ္တာတွေကို ငါဘယ် လိုပေတံတွေ နဲ့ တိုင်းထွာရမှာလဲ။
အချစ်ဆိုတာကရောဘာလဲ။ကြားဖူးနားလည်ထားတာကတော့ ချစ်သူ သာပျော်ရွှင်အေးချမ်းတဲ့ ဘဝလေးထဲမှာရှိနေရင်
 နှလုံးသားကိုလဲ စတေးရဲရမယ်တဲ့။ကျွန်တော် ဒီဆုံးဖြတ် ချက်အတိုင်း နေထိုင်သွားဖို့ စိတ်ကူးထားတာပါ။
ဒါပေမယ့် ငယ်ရွယ်သူ သာမန်လူသားရဲ့ဘဝက ရင့်ကျက်မှုတွေ နည်းနေသေးတော့ နှလုံးသားရဲ့စေ ရာ မဖြစ်နိုင်တာသိလျက်
နဲ့ ရှေ့ဆက်တိုးခဲ့တော့ ချစ်သူတွေ ဖြစ်လာခဲ့ကြတယ်။ ဒါပေမယ့် ဘဝနှစ်ခုရဲ့ ကွာဟ မှုတွေကြောင့် ပတ်ဝန်းကျင်ရဲ့
 ဝေဖန်ပြစ်တင်ခြင်ူတွေကိုလဲ ခံလာရတယ်။
အွန်လိုင်းပေါ်မှာတွေ့ပြီး ချစ်ခဲ့ကြ တာကြောင့် တစ်ဥိးတစ်ယောက်ကမှ လက်ခံယုံကြည်မှုတွေမပေးခဲ့ကြပါ။
ဒါပေမယ့် နှစ်ဦးစလုံးရဲ့ ချစ်ခြင်းက အရမ်းကို ခိုင်မြဲခဲ့ကြတာပါ။
အနေတွေ မိုင်တွေထောင်ချီဝေးနေ လဲ ပင်လယ်ကြီးတွေ
 ခြားနားနေသော်လည်း နှလုံးသားခြင်းက ဘာအရာတွေကမှ ကာဆီးမနေပါ။ ရင်ထဲမှာ ထာဝရ နီးနေလျက်။ အွန်လိုင်းပေါ်မှာ တစ်ညလုံးပဲ စကားတွေပြောခဲ့ကြတာပါ။အချိန်ကြာ လာလေလေ အချစ်တွေကလဲ ပိုခိုင်မြဲလာခဲ့တယ်။နှစ်ဦးသား ရဲ့ချစ်ခြင်းကြားမှာ မုန်တိုင်း ဘက်ကဘာမှပြောစရာ မရှိခဲ့ပေ မယ့် ဆောင်းနှင်း
ဘက်က တားဆီးပိတ်ပင်မှုတွေ ရှိနေပါသည်။
(၁) အွန်လိုင်းပေါ်မှာတွေ့ကြသူ
(၂) ငွေကြေးမရှိသူပေါ့
ဒါပေမယ့်ဗျာ လောကကြီးကို ပြောပြခွင့်ရရင် ပြောချင်ပါတယ်။ဟောဒီ အွန်လိုင်းပေါ်မှာ မုန်တိုင်းနဲ့နှ င်းဖြူလို ပဲ တကယ်ချစ်ကြတဲ့ ချစ်သူတွေ အများကြီးရှိနေအုံးမှာပါ။
(၃) အွန်လိုင်း ထဲမှာလဲ အချစ်စစ်တွေ ရှိကြပါတယ်။
အချစ်ဆိုတာ ဒေသတိုင်းမှာ ပေါက်ဖွားနိုင်တာကို အွန်လိုင်းပေါ်က သူငယ်ချင်းတွေ သိအောင်ပြောပြချင်ပါတယ်း
(၄)စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာက အရာရာကိုကျော်ဖြတ်နိုင်ပေမယ့် မတူညီတဲ့ဘဝနှစ်ခုကို ညီမျှခြင်ြး ဖစ်အောင်လုပ်တဲ့အခါမှာတော့ ခက်ခဲမှုတွေရှေိလာတယ်။
ဆောင်းနှင်းရဲ့ဘဝမှာ ချည်နှောင်ထားပြီးသားဆိုတာကို သိလိုက်ရ
ချိန်မှာ မုန်တိုင်းရဲ့ရင်ထဲ “နာဂိ” တိုက်ခတ် သွားသလိုပါပဲ။
ဒါပေမယ့်ယောက်ကျားဆိုတာ တစ်ခါတစ်လေမှာ ခံစားချက်တိုင်းကို ထုတ်ဖော်ပြလို့မရဘူးလေ အရာရာ ကိုဆင်ခြင်နိုင်ရမယ်၊ဖြစ်ခြင်တာထက် ဖြစ်သင့်တာတွေကို လက်ခံနိုင်ရမယ်။ဒါကြောင့်လဲလောကမှာ ယောက်ကျား ကို အိမ်ထောင်ဦးစီးတင်ကြတာပေါ့။ကျွန်တောင် ဆောင်းနှင်းရဲ့ ခံစားချက်ကို နားလည်ပါ သည်။ ကျွန်တော့ရဲ့ ဘဝထဲကို
ဆွဲခေါ်လျှင် သူလိုက်မှာသေချာပါတယ် သို့သော် ကျွန်တော်မခေါ်
ရက်ပါ။နှစ်ဦးစလုံးအတွက် သေချာနိုင်တဲ့ အဖြေတစ်ခုကို စဉ်းစားဆုံးဖြတ်ခဲ့ပါသည်။
(၅)..တစ်နေ့မှာ ရှေ့ဆက်ရမယ့် ဘဝခရီးအတွက်
ချစ်သူနှစ်ယောက်တိုင်ပင်ခဲ့ကြပါသည်။
..“မုန်တိုင်း..နင်ငါ့ကို တကယ်ချစ်လား”
သူဘာကိုဆိုလိုပြီးမေးနေတယ်ဆိုတာ ကျွန်တော်သဘောပေါက်
နားလည်နေပါသည်။ ကျွန်တော် ဆောင်းနှင်းကို အရမ်းချစ်တာပါ။
တစ်ဘဝလုံးအတွက် ရှိသမျှအချစ်တွေကို ပုံပေးပြီး ချစ်ခဲ့တာပါ။
“ချစ်တာပေါ့ ဆောင်းနှင်းရယ်..ဘာလို့လဲ”
...“ငါ့ကိုတစ်ကယ်ချစ်ရင် လက်ထပ်ယူနိုင်လား”
ကျွန်တော် မဖြေနိုင်ပါ ..မိန်းမတစ်ယောက်ကို လက်ထပ်ယူဖို
့ဆိုတာ မုန်တိုင်း လက်ရှိဘဝအချိန်မှာ မတတ်နိုင်သေးသော အရာပါ။မုန်တိုင်း လိုကြမ်းတမ်းလှတဲ့ဘဝထဲကို
 ဆောင်းနှင်းမှုံလို နူးညံ့နေတဲ့ ဘဝလေးကို မခေါ်ရက်ပါ။
“ဆောင်းနှိင်း..ငါနင့်ကိုလက်ထပ်ယူဖို့ဆိုတာ လက်ရှိဘဝနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး..နင်နဲ့ငါ အတူနီးစပ်နေရုံနဲ့ မပြီးပြည့်စုံနိုင်သေးဘူး...အနာဂါတ်ဆိုတာရှိတယ် နင့်ရဲ့တောက်ပနေတဲ့ အနာဂါတ် ကိုရိုက်ချိုးပြီး စိတ်ကို အလို
လိုက်မယ့်အစား ငါတစိယောက်ထဲပဲ အဝေးမှာပဲ နေလိုက်မယ်”
ကျွန်တော် ယုံကြည်မျှော်လင့်ထားပါသည်။သူသာ မိဘရည်ရွယ်
ရွယ်သူနဲ့လက်တွဲသွားမယ် ဆိုရင် သူ့ ဘဝလေး သာယာ မှာပါ။
အရာရာ ဟာအချိန်က ကုစားရင်းနဲ့ နေသားကျလာမှာလေ။
တွေဝေစဉ်းစားနေ ချိန်မှာ ဆောင်းနှင်းကထပ်မံပြီးမေးပြန်ပါသည်။
..“ဒါဆို နင်ငါ့ကို ဆကယ်ဖြတ်နိုင်တယ်နော်...ဟုတ်လား”
ကျွန်တော့်ရင်ခွင် တစ်ခုလုံး ပူလောင်လှပါသည်။သို့သော် ကျွန်တော်ဘာမှ မတတ်နိုင်ပါ။မုန်တိုင်းရဲ့ဘဝ မုန်တိုင်းထဲမှာ
 ရှိနေတာ သဘာဝကျပါတယ်လေ။
..“ငါ့မှာအဖြေနှစ်ခု မရှိဘူး နှင်းဖြူ၊ငါဖြေပြီး သွားပြီလေ”နှင်းဖြူ
ဖုန်းချသွားပါသည်။စိတ်နာနာနှင့်ငိုကြွေးနေလောက်ပြီ။သို့သော်ကျွန်တော့်ရဲ့ ဆုံးဖြတ် ချက်မှန်သည်ဟု လက်ခံထားပြီး မုန်တိုင်းရဲ့ ဘဝ မုန်တိုင်း ထဲမှာပဲဆက်ကျင်လည်သွားပါတော့မည်။
(၆)..အချိန်ကာလလေး အနည်ငယ်ကျေ်လွန်ဖြတ်သန်းလို့လာခဲ့ပြီ ။ဝေဒနာခံစားရင်းနဲ့အချိန်ကာလက တစ်နှစ်ပင်ပြည်လာခဲ့ပြီ။
 ဒီအချိန်ဆိုရင်တော့ ဆောင်းနှင်း ရဲ့ဘဝလေးသာ
ယနေလောက်ပြီး မိသားစု ဘဝလေးကို ပိုင်ဆိုင်နေလောက်ပြီလို့ မှတ်ယူကာ ဝေဒနာတွေကို ခဏမေ့ထားပြီး သာယာနေမယ့် သူ့ရဲ့ဘဝလေးအတွက်ပီတိလေးတွေ ဖြစ်ခဲ့ရပါသည်။
ဒါပေမဲ့ တနေ့မှာတော့ မယုံနိုင်စရာ စကားတခွန်းကို သူငယ်ချင်းထံမှတဆင့် ဇာတ်လမ်းတပုဒ်သ ဖွယ်ကြား လိုက် ရပါသည်။ဆောင်းနှင်း အိမ်ထောင်မကျသေးပါ။
ကျနော်နှင့် ပြတ်သွားခဲ့သလို မည်သူ့ကိုမှ သူမယူ လိုပါ။ မိဘတွေနည်းမျိုးစုံ တိုက်တွန်းခဲ့သော်လည်း ခေါင်းမာစွာငြင်း
ဆန်ခဲ့သည်။
နောက်ဆုံးမှာ သူ့အလို့ကျ လက်လျှော့ပေးလိုက်ရသည်။ အခုဆို ဆောင်းနှင်းတယောက် အရမ်းကိုေ အးချမ်းတဲ့
 ဆောင်းနှင်းကြားမှာ သာယာတဲ့စိတ်ကူးယဉ် ဘဝအိမ်လေးကို တည်ဆောက်နေပါသည်။
သူမနှင့်ကျနော် ချစ်သူဘဝက ခဏခဏပြောဖူးခဲ့ပါသည်။
ပိုက်ဆံသာရှိမယ်ဆိုရင် ဆောင်းနှင်းတွေကြွေပြီး ချယ်ရီတွေပွင့်တဲ့
 မြို့လေးတမြို့မှာ သွားနေချင်တယ်လို့အကြိမ်ပေါင်းများစွာ
 ပြောဖူးခဲ့ပါသည်။
ယခုလည်း သူမဟာ ကျနော်အရမ်းနေချင်ခဲ့တဲ့ တိုကျိုမြို့က ချယ်ရီတောထဲမှာ ဆောင်းနှင်းတွေ နဲ့အတူထာဝရ ရှိနေခဲ့တာပါ။
သို့သော် သူမနှင့်ကျနော် မည်သို့မှ မဖြစ်နိုင်တော့ပါ။
သူ့ရဲ့နှလုံးသားကိုလဲ သော့ခတ်ထားလိုက်ပြီလေ ယခုကျနော်ဆက်သွယ်မည်ဆိုလဲ သူလုံးဝလက်မခံတော့ပါ။
သူချစ်ခဲ့တာက အွန်လိုင်းပေါ်က တချိန် ကမုန်တိုင်းတဲ့။
သူ့ကိုလက်မတွဲရဲတဲ့ ခတ်ညံ့ညံ့မုန်တိုင်း မဟုတ်ဘူးလို့ စိတ်ထဲမှာ နာကျင်ဝေဒနာကိုသေရာပါဒဏ်ရာအဖြစ် မှတ်ယူထားခဲ့ပြီလေ။
ဒီတော့ ကျနော်ဘာလုပ်ရမှာလဲ ၊ သူကျနော်ကို ဒီလောက်ချစ်ခဲ့
တာ ကျနော့်အတွက်နဲ့ သူ့ရင်မှာ ဒဏ်ရာတွေရခဲ့တာ ဒါပေမဲ့ ကျနော်သူ့ကို ဘယ်လောက်ထိချစ်ခဲ့တယ် ဘယ်လိုပုံစံမျိုးနဲ့ ချစ်ခဲ့တယ် ဆိုတာ သူနားလည်မှာ မဟုတ်တော့ပါဘူးလေ ....
တို့နှစ်ယောက်က အွန်လိုင်းပေါ်မှာ ချစ်ခဲ့ကြတာဆိုတော့ တို့နှစ်ယောက်ရဲ့ အွန်လိုင်းဇာတ်လမ်းလေး ကို အွန်လိုင်းပေါ်မှာပဲ ထားခဲ့ပေးလိုက်ပါတယ်။အွန်လိုင်းေ ပ်ါကို တက်လာသူများ
အားလုံးကို မြင်တွေ့စေဖို့ပါ။
ဆောင်းနှင်း အတွက်ကတော့ သူ့ရဲ့နှလုံးသားနုနုလေးထာဝရအမြဲ
ပျော်ရွှင်နိုင်အောင် တိုကျိုမှာ နှင်းတွေအမြဲ
ကြွေပြီး ချယ်ရီတွေ ထာဝရ ပွင့်ဝေပါစေလို့ပဲ ဆုတောင်းနေရုံပေါ့ .
..................... နှင်းကိုချစ်တဲ့ နှင်းချစ်သူရယ်
................ နောက်ဆုံးတောလည်း
..................... ဆောင်းနှင်းရဲ့ ဘဝကို
.................... ဆောင်းနှင်းကြားမှာပဲ အဆုံးသတ်သွားမှာလား
................... မုန်တိုင်းရဲ့ ဘဝကိုလည်း
............ မုန်တိုင်းကြားထဲမှာပဲ အဆုံးသတ်ရမှာလား
....... ဒီတခါ တိုက်တဲ့မုန်တိုင်းက ထာဝရ သောကမုန်တိုင်းပါကွယ် ..........
...............ဘယ်သူကမှားပြီး ဘယ်သူကမှန်တယ်ဆိုတာကို အွန်လိုင်းချစ်သူများ မေတ္တာဖြင့်
                             ရဲရင့်     Myanmar Sacial Network

Comments

Popular posts from this blog

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)