ပြည်ပ
"ပြည်ပ" "ပြည်ပ"
ဆိုပြီးအထင်မကြီးလိုက်ပါနဲ့နော်။တစ်ချို့က မိမိ ပြည်ပ လုပ်တယ်ဆိုပြီး အထင်ကြီးခံချင်လို့ဘယ်အချိန်ပဲမေးမေး အဆင်ပြောလားဆို???အားလုံးပြေတယ် OK ပဲ....ဆိုပြီး လူ (၁၀၀) မှာ (၉၀)က အဲဒီလိုဖြေလေ့ဖြေထရှိပါတယ်။အဘယ်ကြောင့် ဆိုသော် ပြည်ပ လုပ်ပြီး မိမိ ရဲ့ အဆင်မပြေမှုကို လူအသိမခံချင်လို့ပေါ့။ကျန်တဲ့ လူ (၁၀)ယောက်က အမှန်အတိုင်းဖြေပါလိမ့်မ်။အဲဒါဟာ အဆင်မပြောပါဘူး။ဒီလိုပဲ သည်းခံပြီးလုပ်နေရတာပါ။ငွေ ကြောင့်ပေါ့။ငွေ သာမဟုတ်ရင် သူတို့ဆီမှာ ဘယ်သူက အလုပ်လုပ်မှာလဲပေါ့။အမှန်တော့ ကိုယ် လည်းပဲ အဲထဲပါတယ်လေ။
အဆင်ပြေရင် ပြေတာပေါ့။အဆင်မပြေရင် မပြေဘူးပေါ့။လိမ်စရာမှမဟုတ်တာနော်။ဘာမှအထင်ကြီး
အထင်သေးခံစရာမလိုပါဘူးလေ။ဒါပေမဲ့ အမြဲတမ်းအဆင်မပြေမှုတွေမရှိသလ်ု အမြဲတမ်းအဆင်ပြေမှုတွေလည်းပဲမရှိပါဘူး။
ဘယ်နေရာဘယ်ဒေသ မဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေပြီးသားပါ။
အမှန်တော့ " ပြည်ပ "အလုပ်လုပ်ရတာဟာ ငွေ ရတာကလွဲပြီး ဘာနွေးထွေးမှု မှမရှိပါဘူး။မိမိ တို့ ကိုယ် နဲ့ သူတို့တွေရဲ့ စိတ်ဖြစ်နေလို့ပါ။မိမိ တို့ဟာ အလုပ်သမားဖြစ်တဲ့ အတွက် လူမျိုးမတူ ဘာသာမတူတဲ့ လူတွေရဲ့ အကြားထဲမှာ အလုပ်လုပ်ရတော့ သည်းခံရတယ်၊ နားလည်ပေးရတယ်၊မိမိ တို့၏ဆန္ဒထက် သူတို့၏ဆန္ဒတွေကို ဦးစားပေးရတယ်၊ ဒီလိုမှ မဟုတ်ရင် အလုပ်တစ်ခု ရဖို့အတွက် ရေရှည်မခံပြန်ဘူး။မိမိ တို့အတွက် အမြဲအနာပဲရှိတယ်လေ။ပြည်ခြား မှာလုပ်နေပြီဆိုကတည်းက မြန်မာ လူမျိုးဆိုမှတော့
နောက်ဆုံးပဲ သတ်မှတ်ပြီးသားပဲ။ဒါနဲ့များ တစ်ချို့ လူတွေဟာ မိမိ တို့၏လစာ လေးတွေကို စုဖို့နေနေသာသာ အသုံးအဖြုန်းကြီးနေလိုက်ကြတာနော်။ဘာရယ်ဆိုတော့မဟုတ်ပါဘူး။
"ပြည်ပ" အလုပ်လုပ်တာဟာ အတိုင်းအတာတစ်ခုအထိပဲကောင်းပါတယ်။အချိန်တန်ရင် အမိမြေ ကိုပြန်သင့်ပါတယ်။"ပြည်ပ" မှာ အလုပ်လုပ်တာဟာ လစာကောင်းရတယ်။လစာကောင်း ရတော့ လူပင်ပန်းတယ် လူပင်ပန်းများလာတော့ ဘာနွေးထွေးမှုမှမရှိတော့ စိတ်လေးတွေ ပင်ပန်းလာတယ် စိတ် ပင်ပန်းလာတော့ အိမ် ကိုပြန်ချင်လာကြတယ်။ဟယ် အဲဒီအချိန် မိမိ မှာ ငွေ လုံလောက်မှုမရှိတော့ အလုပ်မထွက်နိုင်တော့ ဆက်လက်ပြီး လူ စိတ် ပင်ပန်းခံပြန်ရောပေါ့။" ပြည်ပ " အလုပ်ဟာ အလုပ် ပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုများပါတယ်။
ဒါနဲ့များ (၄ ၊ ၅ ၊ ၁၀ ) နှစ်အလုပ်လုပ်နေသမားတွေ ကိုမေးကြည့်တော့ အိမ် အပိုင်ဝယ်ဖို့နေနေသာသာ စုဖို့နေနေသာသာ သုံးဖို့တောင်မလုံလောက်ဘူးလို့ သူတို့မို့လို့ အပြောထွက်တာကို အံ့သြမိပါရဲ့။တကယ်တော့ မိမိ တို့ကိုယ်တိုင်ပဲ လိမ္မာပါးနပ်မှုလိုတယ်လို့ထင်ပါတယ်။
အဝေးရောက်နေတဲ့သူများ သင်ခန်းစာ ယူစေချင်လို့ရေးခြင်းဖြစ်ပါတယ်။
ငွေ ဆိုတာကို ရှာရတာအရမ်း ပင်ပန်းတယ်။ဒါပေမဲ့ သုံးရတာ အရမ်းလွယ်ကူပါတယ်။မိမိ တို့ရဲ့ ချွေးနည်းစာ အလုပ်ပင်ပန်း စိတ်ပင်ပန်းပြီး အမျိုးမျိုး နှိပ့်ချခံပြီး လူတကာ ဟိုခိုင်းဒီခိုင်းပြီး မှတစ်လ တစ်ခါ လစာ ရတဲ့လစာ လေးတွေကို မိမိတို့၏အသိစိတ်လေးတွေနဲ့ မစုဆောင်း တတ်ဘူးဆိုရင် ရလာတဲ့ငွေတွေဟာ အလကားသက်သက်ဖြစ်သွားမှာပေါ့။အသုံး နဲ့ အဖြုန်း ကို ခွဲခြားတန်ဖို့လည်းပဲလိုပါတယ်။
"ပြည်ပ" မှာအလုပ်လုပ်နေတဲ့သူတွေအတွက် အပေါင်းအသင်းနည်းလေကောင်းလေပါ။အဘယ်ကြောင့် ဆိုသော် အပေါင်းအသင်းနည်းတော့ လူမှုရေးနည်းတယ် လူမှုရေးနည်းတော့ အဘယ်သူကိုမှ အားနာစရာမလိုတော့ဘူး။တုပချင်စိတ်လည်းပဲနည်းလာတယ်။လိုချင်စိတ်တွေလည်းပဲ လျော့နည်းတယ်။စားစရာတွေကိုလည်းပဲချွေတာစားတတ်လာတယ်။အဘယ်ကြောင့်ဆိုသော် အပေါင်းအသင်းနည်းတော့ သူတစ်ပါးရဲ့ စိတ်ကိုလိုက်စရာမလိုတော့ မိမိ အတွက် ငွေအပိုထွက်
လာပြီးစုဆောင်းတတ်လာလိမ့်မယ်။(မိမိ စိတ်နဲ့စာပြီးရေးတာပါနော်)။ဘယ်လိုအလုပ်လုပ်ရပြီး ဘယ်လို
ပင်ပန်းသလဲဆိုတာကို မိမိ တို့အသိဆုံးပါပဲမဟုတ်လားး???ဒါကြောင့် ဒီလိုပင်ပန်းခက်ခဲပြီးမှရလာတဲ့
ငွေ ကို မိမိတို့ကိုယ်တိုင် မစုဆောင်းတတ်ရင်တော့ " ရေကုန်ပြီး ပဲမပြဲ " တဲ့အထဲပါသွားမှာပေါ့။
နောက်ပြီး မိမိ တို့ရဲ့ လစာနဲ့ချိန်ဆပြီး သုံးတတ်ဖို့လိုသလို တစ်လ ကို ငါ ဘယ်လောက်သုံးမလဲ ဆိုပြီး မိမိ တို့မှာ Limit လေးတွေရှိဖို့လိုပါတယ်။မိမိ တို့ရတာက ဥပမာ -($1000)ဆိုကြပါစို့။သုံးချင်နေတာက ($1200)ဆိုရင်ရောမဖြစ်သေးဘူးမဟုတ်လားး??ဒါကြောင့် ချင့်ချိန်ပြီး နေထိုင်သုံးတတ်ဖို့လိုပါတယ်လေ။
သြော်- " ပြည်ပ " " ပြည်ပ " ဆိုပြီးအလုပ်လုပ်နေရတာဟာ အပြောသာလျှင် လွယ်တာပါ။
တကယ့်လက်တွေ့ရင်ဆိုင်နေရတာကတော့ မိမိ တို့ထက်အဘယ်သူမှ မသိတဲ့အတွက် မိမိ တို့၏ ချွေးနည်းစာ လေးတွေကို စုဆောင်းသင့်တာကို အသိပေးစေခြင်းသာဖြစ်ပါတယ်။အမှန်တော့ မိမိ ရဲ့ စိတ်နဲ့ ကိုယ်ချင်းစာပြီးရေးခြင်းဖြစ်ပါတယ်။
" စိတ်အလိုကိုမလိုက်မိစေနဲ့"
" တော်ရာမှာနေပါ ပျော်ရာမှာမနေပါနဲ့"
" အဆင်ပြေပြီး ကြုံသလိုစားတတ်အောင်လုပ်ပါ"
" အတုအပကင်းဝေးမှုရှိပါစေ"
" ရိုးသားပါ ကြိုးစားပါ 'မအ' ပါနဲ့"
"အမှားလုပ်မိရင်တောင်းပန်ပါ"
"ပြောတိုင်းလည်းပဲမယုံနဲ့"
"ကျွေးတိုင်းလည်းပဲမစားပါနဲ့"
"ပေးတိုင်းလည်းပဲမယူပါနဲ့"(မိမိ ရဲ့လစာနဲ့လုံလောက်အောင်သုံးတတ်ပါစေ)
"ရတနာသုံးပါးကိုမမေ့ပါနဲ့"
အဲဒီလိုစိတ်လေးတွေကို အမြဲဆောင်ထားတဲ့ သူတစ်ယောက်အတွက် မိမိ တို့ရဲ့ဘဝဟာ အမြဲလုံခြုံနေပါလိမ့်မယ်။သူတော်ကောင်းတွေစောင့်ရှောက်ပါလိမ့်မယ်။အမိမြေ ကိုလည်းပဲ မြန်မြန်ပြန်နိုင်ကြပါလိမ့်မယ်နော်။
"ပြည်ပ" ရောက်နေသူများ အစစအရာရာအဆင်ပြေမှုလေးတွေရှိပြီးတော့ အမိမြေကို အမြန်ပြန်နိုင်ကြပါစေ။နွေးထွေးတဲ့ မိသားစုလေး တွေနဲ့ဆုံဆည်းခွင့်အမြန်ရကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယိ။
မေတ္တာဖြင့်/Joy Ce

Comments
Post a Comment