"ထေရ၀ါဒ ဗုဒ္ဓဘာသာ" မှ "သော့ ငါးချောင်း "

"ထေရ၀ါဒ ဗုဒ္ဓဘာသာ" မှ "သော့ ငါးချောင်း "

အရက်သောက်ရင် ဘာဖြစ်??? စိတ်ရင်းအတိုင်းမရှိတော့ဘူး...

လိမ်ရင် ဘာဖြစ်??? အမှန်ပျောက်ကွယ်တယ်...တရားမကျတော့ဘူး...
ဆဲရင်ကော...??? နားခါးတယ်...အနည်းဆုံးး မနှစ်မျို့ဘူးဗျာ...ဟုတ်တယ်ဟုတ်...

မိန်းမလိုက်စားရင် ရော??? AIDS...ကာလသား...ဟိုပိုး ဒီပိုး..
အကြီးပူရ...အငယ်ပူရ...အထွေးပူရ...အလတ်ပူရ...အပူများတယ်...

သူများအသတ် သတ် ရင်??? ထောင်ကျ...ရှောင်ရတိမ်းရ...လန့်ရကြောက်ရ

ခိုးရင်ကော??? သူခိုးပေါ့ဗျာ...ရှင်းနေတာပဲ...

ဒါတွေက ကောင်းလား..
အိမ်ရှေ့စံ မင်းစား သိဒ္ဓတ္ထ ဘ၀ မှ ဖြစ်မြောက်သွားတဲ့ ဂေါတမဗုဒ္ဓ မြတ်စွာဘုရား မိန့်ကြားခဲ့တာ...ပါ...

ရှင်းပါတယ်...အပေါ်က အချင်ငါးချက်ဟာ ငါးပါးသီလ တဲ့...အဲဒီဟာတွေကို ခါးမှာဝတ်ထားပါတဲ့ ပုဆိုးလို မြဲမြံ ပါစေတဲ့...ကျွတ်ကျရင် မကောင်းဘူးလေ...ရှက်တဲ့ လူတွေလည်း ရှက်ကြပါတယ်...လွပ်လပ်တယ်ဆိုပြီးတော့ မ၀တ်ကြတော့တဲ့ လူတွေလည်း ရှိပါတယ်...စကပ် အတိုလေးတွေ ၀တ်သလိုပေါ့...နှစ်ဦးနှစ်ဖက်ကောင်း ဆိုတာ ဒါမျိုးထင်ပါရဲ့ဗျာ...

အပေါ်က အချက် ငါးချက် လုံး လုံခြုံနေရင်...ငရဲ ဆိုတာနောက်ထား...
လတ်တလော အဆင်ပြေသွားစေတယ်...

အင်း...ဆက်ပြောဦးမယ်...
ပြုလုပ်ခြင်း က ကံ မလား...
ပြီးခဲ့တာတွေ က အတိတ်...

(ဗုဒ္ဓဘာသာ ၏ အတိတ်ဘ၀ နောင်ဘ၀ အယူအဆ အရ)

အရက်သေစာသောက်စားတဲ့ လူတွေက စိတ်ရင်းအတိုင်းမရှိတော့ ဒီဘက်ဘ၀မှာ အရူးတွေဖြစ်လာကြတယ်...အရင်ဘ၀က ပြုလုပ်လာတာကိုး...ပြောရရင်...
အတိတ်ကံပေါ့ဗျာ.....သောက်တတ်တဲ့ လူတွေရှိရင်လျော့သောက်ဗျ...အရက်ကြောင်ကြောင် တာကတော့ ဒီဘ၀ တင်ဖြစ်တာ...နောက် ဘ၀ ဆိုတာ ဝေးတယ်...

လိမ်တဲ့လူတွေက စကားမပီ...သွားမညီ...နှုတ်ခမ်းပဲ့...အနံ့မကောင်း...သြဇာမညောင်း...
သူ့ရဲ့ အရင် ဘ၀ တုန်းက အတိတ်ဘ၀ တုန်းက...လိမ်လာတာလေဗျာ...
တကယ်လို့ သင် ဟာ ဒီထဲက တစ်ခုခု မှာပါနေတယ်ဆိုရင်...
သြော်...ငါ လိမ်လည်ခဲ့လို့...ဒီလိုဖြစ်ရတာ...အဲဒီလိုဖြေသာနိုင်ပါတယ်...
ဖြေသာနိုင်တော့ စိတ်ချမ်းသာတာပေါ့..ဒီလိုမျိုး...နောက်ဘ၀ မဖြစ်အောင်
မလိမ်တော့ ဘူးလို့ ဆုံးဖြတ် မိရင်...ကိုယ့်ကိုတိုင် သာမက...သူ့ရဲ့ ပတ်ဝန်းကျင်ပါအဆင်ပြေသွားတယ် မလား...စကားကို အမျိုးမျိုးပြောတဲ့ လူတစ်ယောက် ကို ခင်ဗျားလဲ ကြုံဖူးမှာပါ...ဆဲရေးတိုင်းထွာနေတဲ့လူတွေ...
အတူတူပဲ...ဘုရားပွင့်တုန်းက ပါဠိ သက္ကတ ဘာသာ က ကမ္ဘာသုံးထင်တယ်...မုသာဝါဒ လို့ ဟောတာပဲ...လိမ်လည်တာပေါ့ဗျာ...
အဲတာကို မလုပ်ရဘူးတဲ့...လုပ်ရင် အပေါ်က အတိုင်းဖြစ်လိမ့်မယ်...လုပ်ရင်...လက်ထဲမှာ မီးလုံး ဖန်ဆင်းပြီး နဲ့ ပစ်မယ်လို့ မခြိမ်းခြောက်ပါဘူး...ကြိမ်စကြ်ာနဲ့ လိုက်ရိုက်မယ်လို့ လည်း မခြိမ်းခြောက်ဘူးဗျ...အရက်သောက်တဲ့ ကံ အတိုင်း အကျိုးပေးမယ်လို့ တော့ ဟောခဲ့တယ်...

မိန်းမ လိုက်စားရင်...လိုက်စားတယ်ဆိုမှတော့...တစ်ယောက်ထဲ မဟုတ်တာသေချာတယ်...တစ်ယောက်ထဲ မဟုတ်မှတော့...သစ္စာ မရှိရာကျတယ်...ဘုရားရှင် မိန့်ကြားခဲ့တာက ဒီလို...နောင်ဘ၀ မှာ
ဟိုမကျ ဒီမကျ နပုန်းမမ ဖြစ်မယ်ဆိုတာပဲ...ဖောက်ပြန်တဲ့ မိန်းမ တွေကိုတော့...ဘုရားဟော မဟုတ်ပဲနဲ့...ခင်ဗျားပဲ စီ၇င်ကြည့်စမ်းပါ...အိမ်ပြန်ရောက် မောကမော...အိပ်ခန်းထဲရောက်တော့...
နောက်မီး လင်းနေတယ်...စီရင်ကြည့်ပါလား...တော်လိုက်တဲ့ ငါ့ မိန်းမ ဆိုပြီး...နှစ်ယောက်စာ ထမင်းခူးပေးမှာလား...မိန်းမ မဟုတ်ပဲ ရည်းစား အဆင့်တောင် မှ သစ္စာတရား ရှိစေချင်တယ်မလား...ဟုတ်ကဲ့...အသည်းကွဲခဲ့တယ်လို့...ပြောပြောနေတဲ့ ကောင်မလေးတွေ ဟာ အ၇င် ဘ၀ က သစ္စာဖောက်ခဲ့လို့ အခု သစ္စာဖောက်ခံ ရတာပဲ...ဘယ်သူနဲ့ တွဲတွဲ ရေရှည်မခံဘူး...ကိုယ့်ထက် ရုပ်မချောတဲ့ သူတွေတောင် မြဲမြံနေလိုက်ကြတာ...ကိုယ် ကျတော့ ဘာလို့များ...???ဒါက အဖြေပါ...နောက်ထပ် မလုပ်နဲ့...

သူတစ်ပါးအသတ်ကို သတ်ခဲ့ တဲ့ လူတွေဟာ ရောဂါထူပြောမယ်...
ခန္ဓာကိုယ် ပိန်လှီမယ်...အသားအရေ မွဲပြာကျလို့...ကျန်းမာရေးလည်း သိပ်ချူ ချာမယ်...ဟို...H5N1 တို့ ဘာတို့ ဖြစ်မယ်...ဒါက သူတို့ တွေလုပ်ခဲ့တဲ့ အတိတ်က ကံကြောင့်ပဲ...ရီမုဒ် ကွန်ထရိုး မှာပါတဲ့...
next ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင်...တစ်ကားလုံးခဏလေးနဲ့ ပြီးတယ်...
ဒီလိုပဲ...သူတစ်ပါးကို next လုပ်လာတဲ့ လူဟာ...ကိုယ့်သက်တမ်းလည်း...တိုမယ်...ပတ်ဝန်းကျင်မှာ ကြည့်လိုက်လေ...ငယ်ငယ်လေးနဲ့ ရှောဘရားသား ဖြစ်သွားတာတို့...ဂန့် ကြောဆွဲသွားတာတို့...ပြောမရ ဘူး...ကိုယ်လည်း အ၇င် ဘ၀ တုန်းက လုပ်ချင်တာလုပ်လာတာ...ဒီလိုပဲ ဖြေသိမ့်ပြီး...မနက်ဖြန်အထိ ရောက်ပါ့မလား ဆိုတဲ့ အတွေး...မသေချာတာတွေ ရှိနေတယ်...

အတိတ်ဘ၀ က ခိုးလာရင် ဒီ ဘ၀ ငမွဲ ဖြစ်မယ်ဗျာ...
ရှင်းတယ်...သူတစ်ပါးဥစ္စာ ပစ္စည်းကို မတရားသော နည်းနဲ့ လျော့ပါးစေတယ်လေ...ဒီဘ၀ကျတော့..မတရား သဖြင့် ပြန်ခံရတာပဲ...အေးလေ...စိတ်ကြိုက်ကြိုးစားပါ...ကံပါလာရင်...မီးလောင်ခံရမယ်...ရန်သူမျိုး ဆယ်ခုနှစ်ပါး လောက် နဲ့ ပျက်စီးမယ်...ငါးထောင်တန် ချင်းအတူတူတောင် ကံပါရင်...အတုဖြစ်နေမယ်...ဒီလိုလေးတွေပေါ့ဗျာ...အဆင်ပြေသင့် တာကို အဆင်မပြေဘူးပေါ့...

လူတစ်ယောက်ဗျာ...တော်တော်ချမ်းသာတယ်...ချမ်းသာမှာပေါ့...တပည့်တပန်းတွေအပေါ် သြဇာညောင်းတာကိုး...ခက်တာက ကင်ဆာဖြစ်နေတာ...အိမ်သူမယားကတော့ နောက်တစ်ယောက် နဲ့ လိုက်ပြေးသွားလို့...ရူးကြောင်ကြောင် ဖြစ်သွားရော...အင်း...အသက်အရွယ်ကောင်းတုံးမှာပဲ ရှိရင်းစွဲ ရောဂါအခံနဲ့ဆုံးသွားရှာတယ်...

ဒီလူအရင် ဘ၀ က ဘာတွေ လုပ်လာသလဲ???

ကျနော် ပြောချင်တာက ကျနော် က တရားသမားမဟုတ်ဘူး...ပါဠိတွေ အများကြီး မသိဘူး...

တွံ = သင်သည် ...
သစ္စာ = အမှန်တရား...
လောဘ = မတရား လိုချင်မှု...
မောဟ = ဘာမှကိုမသိတာ ပြောရရင် မှိုင်းမိနေတာပေါ့ဗျာ မွှန်နေတာ...
တရား = မျှတခြင်း...
မတရား=မမျှတခြင်း...အဲဒီလောက်ပဲ...

ပါဠိစာတွေဟာ အဂ်လိပ်စာ လိုပဲ...မီးနင်းလေးတွေ နဲ့တည်ဆောက်ထားတာပါ...
ပါဠိ မြင်တိုင်း တရား မဟုတ်သလို...
တရား တိုင်းလည်း သာမန်စာပေနဲ့ဖြစ်နေတတ်တာ သတိပြုပါ...

သတိလမ်းပြင်နေသည် ဆိုတဲ့ ဆိုင်းဘတ်ဟာ...ပါဠိနဲ့ ရေးမထားလည်း...
ဆိုလိုရင်းကို သဘောပေါက်ပြီး...လိုက်နာရမယ့်...တရားဖြစ်နေတယ်...

အယူဝါဒ သိမ်းသွင်းခြင်း မဟုတ်ပဲ...ဗုဒ္ဓဘာသာ အကြောင်းကို နှမ်းစေ့မျှ
အမြည်းအစမ်း ပြုလုပ်ခြင်းသာဖြစ်တယ်...ကျနော်တောင်မှ ဒီလောက်ရေးနိုင် တွေးနိုင်တယ် ဆိုမှတော့...တရားဓမ္မကို လေ့လာလိုက်စာတဲ့ ဆရာတော် အရှင်သူမြတ်တွေ ထံက နေ လေ့လာ ကြည့်မယ်ဆိုရင် ပိုပြီး သိမြင်နိုင်မယ်...အခုဟာက ဗုဒ္ဓဘာသာတွေ ရဲ့ ကျင့်ဝတ်ပဲရှိပါတယ်...ငါးပါးသီလ မှ မမြဲရင် ဗုဒ္ဓဘာသာဝင်ကြီး မို့လို့...လွတ်စေ ဆိုတာမရှိပါဘူး...

တစ်ခုတော့ ရှိတယ်...မလိုက်နာရင်တော့...တရားဓမ္မ ဆိုတာ အသာထား...

ယာဉ်စည်းကမ်း လမ်းစည်းကမ်းပဲဖြစ်ဖြစ်...အမှိုက်မပစ်ရ စည်းကမ်းပဲ ဖြစ်ဖြစ်...အလကားသက်သက်.အရေးယူနေရတာပဲ အဖတ်တင်နေလိမ့်မယ်...
:::ကျနော်
(We live in philosophy)

Comments

Popular posts from this blog

အပျို၊ အပျိုစစ်နှင့် အပျိုစင်

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)