မွေးစားမှာလား ဆွဲစားမှာလား
များကိုပို့ချသည်။ လုပ်ငန်းအခေါ် အဝေါ်အရတော့ Ldeation methods ဟုခေါ်သည်။ Ideation methods အရတော့ လုပ်ခွင်နှင့်သင်တန်း တစ်ထပ်တည်းကျအောင်ပေးသည်။ ဘောဂဗေဒအ ခေါ်
အရတော့ Division of labor နှင့် Specialization ကို တစ်ထပ်တည်းကျ အောင်လုပ် ဆောင်သည်။
သတ်မှတ်ထားသော ဌာနတွင် တာဝန်ကျသည့် ဝန်ထမ်းသည် ကော် ပိုရေးရှင်းမှ လိုအပ်သော သင်တန်း ပေးပြီးသား ဝန်ထမ်းဖြစ် သွားသည်။ သတ်မှတ် ထားသော အလုပ်တွင်သာ အာရုံရှိဖို့သာဖြစ်သည်။ တစ်နည်း အားဖြင့် ထိုဝန်ထမ်းထံမှ innovation ထွက်လာနိုင်မှုအခြေအနေ ပိုများ သည်။ အကြောင်းမှာ ထိုဝန်ထမ်း သည် specialization သဘောမျိုး အသွင် ဆောင်လာသောကြောင့် ဖြစ်သည်။ ထုတ်လုပ်မှုလည်းတိုးလာ သည်။ ပိုလည်းစနစ်ကျလာသည်။ ထုတ်လုပ်မှုဖြစ်စဉ်တစ်လျှောက်လုံး အတွက် လိုအပ်သော workbenches များနှင့် သိုလှောင်မှုစနစ်များ အတွက်ပါ ကောင်းမွန်စွာ ဆောင်ရွက် လာနိုင်သည်။ လူတိုင်းတွင်လည်း တာဝန်ရှိ လာသည်။ သို့သော်လည်း တတ်ကျွမ်းသော ပညာရပ် ဆိုင်ရာများ နှင့် သုံးစွဲရမည့် ကိရိယာတန်ဆာပလာ များ အသုံးတည့်ရန်တော့ အရေးကြီး သည်။ အကြောင်းမှာ အရည်အသွေး ဆိုင်ရာနည်းပညာ ဖန်တီးမှု (Quality Creativity techniques)နှင့် အိုင်ဒီယာ (Idea Generation)တို့ ပေါင်းစပ်နိုင်သည်နှင့်အမျှ ဖန်တီး နိုင်မှုစွမ်းအားလည်း မြင့်လာသော ကြောင့်ဖြစ်သည်။
မွေးစားသည့် အပိုင်းဖြစ်သော "trai-ning people to be creative" ဟူသော အပိုင်းတွင် အားနည်းချက် လည်းရှိနိုင် ပါသည်။ အထူးသဖြင့် လုပ်ငန်း အရွယ်အစားနှင့် လုပ်ငန်းရှင် အပေါ်မည်မျှအထိ အကျိုးပြုမပြု၊ မည်သည့် အတိုင်းအတာအထိ ရှိနိုင် သည်ဆိုသည့် အချက်ကို ဆန်းစစ်ရန် လိုပါသည်။ လုပ်ငန်းကြီးမားသော အနေ အထားရှိမည် ဆိုလျှင် မွေးစားသော innovation idea သည် လုပ်ငန်းရှင် အတွက် အခွင့်အလမ်း များသည်။ မြန်မာပြည်တွင်လည်း လိုင်စင်ရထား ပြီးဖြစ်သော ဆက်သွယ်ရေး လုပ်ငန်း များတွင်လည်း ထိုသို့သော Training people to be creative သဘောမျိုး လုပ်ဆောင်လာကြသည်။ ဝန်ထမ်း များကိုရွေးချယ်ခန့်ထားပြီး၊ လိုအပ် သော သင်တန်းများပေးပြီးမှ အလုပ် ခွင်ဝင်စေသော နည်းလမ်းဖြစ်သည်။ သင်တန်းပေးခြင်းခံရမည့် ဝန်ထမ်း များအနေဖြင့် very special- specialization ဖြစ်နေခြင်းဖြစ်သည်။ ကျွမ်းကျင်သော ဝန်ထမ်းဖြစ်တော့ ဖြစ်လာမည်ဖြစ်သည်။ ထိုကျွမ်းကျင် သော ဝန်ထမ်းသည်ဖြစ်စဉ် တစ်ခုလုံး တွင် အသေးစိတ်တစ်ခုတွင် အသေး စိတှ်စနခငေူငဖအေငသည ဖြစ်သွားသည်။ ဥပမာ အင်္ကျီတစ်ထည်လုံးတွင် ကော်လံလောက်သာ အထူးပြုချုပ်လုပ် တတ်သော လုပ်သားလိုဖြစ်လာပါ Speciazation က သတ်လိုက်သလို ဖြစ်သွားသည်။ ဝန်ထမ်းမှာလည်း ကော်လံအတွက်သာ ဖြစ်သောကြောင့် ထိုနေရာတွင် ပိုမြဲစေရန် ကြိုးစားရပါ တော့သည်။ ထို့ကြောင့်လည်း အလုပ် ပိုကျွမ်းကျင် လာသည်နှင့်အမျှ ထမင်း ငတ်ကိန်းပိုဆိုက် လာသည့် သဘော သည် ထိုသို့သော လုပ်ဆောင်မှု မွေးစားခြင်း training people to be creative အပိုင်းတွင် အများကြီးတွေ့ လာနိုင်သည်။
လုပ်ငန်းခွင် အရွယ် အစားသေး ငယ်သော အခြေအနေ တွင်မူ၊ ထိုသို့ သော မွေးစားခြင်း အလုပ်သည် လုပ်ငန်းရှင်အတွက် ဆုံးရှုံးနစ်နာသွား တတ်သည်။ အကြောင်းမှာ ဝန်ထမ်း ကိုသင်ကြားရာတွင် Division of labor သည် နည်းလွန်းသောကြောင့် Specialization ကိုလည်း သိပ်မခွဲ ခြားနိုင်၊ ထိုအခါ ဝန်ထမ်းကို training ပေးသောအခါတွင် ဖြစ်စဉ်တစ် လျှောက်လုံးနည်းပါး သင်ကြားရသည်။ လုပ်ငန်းကြီးများလို very - very specialization လုပ်ထားလို့ မရပေ။ ဟိုဟာ လည်း တတ်အောင်သင်၊ ဒီဟာလည်း တတ်အောင်သင်လုပ်ပေးရတော့သည်။ အားလုံးတတ်သွား ပြီဆိုလျှင် ဝန်ထမ်း သည် အတောင် အလက်စုံသော ကြောင့် ပိုမိုကောင်းမွန်သော အခြား လုပ်ငန်းများသို့ ကူးပြောင်းသွားပါ တော့သည်။ ထိုသို့သော အခြေအနေ မျိုးကို မြန်မာပြည်ရှိ လုပ်ငန်းရှင် အတော်များများ ညည်းညူလေ့ရှိကြ သည်ကို တွေ့နေရသည်။ အလုပ်ဝင် တုန်းကတော့ ဘာမှမတတ်ဘူး၊ တတ်လည်းတ တ်ရော အလုပ်ပြောင်း သွားတော့တာပဲ ဟူသော စကားကို ကြားရလေ့ရှိသည်။ လုပ်ငန်း အနေဖြင့် Pratial Specialzation မလုပ်နိုင် သေးသရွေ့တော့ ဝန်ထမ်းကိုမွေးစား ဖို့ စိတ်ကူးမထားမိရန်လိုအပ်သည်။ သို့မဟုတ်ပါက သင့်လုပ်ငန်းသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းမျိုးမဟုတ် တော့ဘဲ သင်တန်းကျောင်း သဘော မျိုးဖြစ်သွားနိုင်သည်။
အချို့သော လုပ်ငန်းမျိုးများကား ဆွဲစားသောသဘော (Brining in Creative People into the Organzation)ကို ကျင့်သုံးလေ့ ရှိသည်။ တတ်ကျွမ်းသောလူများကို သာခန့်ထားခြင်းဖြစ်သည်။ ဆမ် ဆောင်း ဥပမာအရပြောလျှင် ဆမ် ဆောင်းသည် ၁၉၉၈ ခုနှစ်တွင် VIP စင်တာကို ထူထောင်ခဲ့သည်။ Value Innovation Program Centre တွင် အလုပ်အမျိုးအစား များစွာသော အသင်း အဖွဲ့လေးများစွာ ပါဝင်ဖွဲ့စည်း ထားသည်။ ထိုအဖွဲ့အစည်း များတွင် ဆမ်ဆောင်း လိုအပ်သော မဟာ ဗျူဟာ လိုအပ်ချက်များကို ဖြည့်ဆည်း ရန်အတွက် ကြိုးပမ်းနေကြသော အဖွဲ့လေးများလည်း ဖြစ်သည်။ တစ်ဖွဲ့အနေဖြင့် တယ်လီဗွီးရှင်း အတွက် အလုပ်လုပ်ပေးရသလို၊ နောက်တစ်ဖွဲ့အနေဖြင့် Cell Phones များအတွက် အလုပ်လုပ်ပေးရခြင်း လည်းရှိသည်။ ၂၀ဝ၃ ခုနှစ်လောက် ရောက်တော့ ဆမ်ဆောင်းတွင် ထိုသို့ သော ပရိုဂျက်များ ၈၀ ခုလောက် အပြီးအစီးလုပ်ကိုင်ဆောင်ရွက်နိုင် ခဲ့သည်။ ထိုပရိုဂျက်များအတွက်လည်း နှစ်စဉ်ကွန်ဖရင့်ခေါ်ယူသည်။ Annual Value Innovation Confence်ဟုခေါ်သည်။ အကောင်း ဆုံးစွမ်းဆောင်နိုင်သည့် အဖွဲ့များ အတွက် ထိုက်ထိုက် တန်တန်
ဂုဏ်ပြု သည်။ အမှန်တကယ်လည်း ကမ္ဘာ့ ဈေးကွက်တွင် ပေါက်မြောက်အောင် ရောင်းချနိုင် ခဲ့သည်။
ဆိုလိုသည်မှာ အကောင်းဆုံးကိုမွေးထုတ်ပေးခြင်း မဟုတ်ပါ။ အကောင်းဆုံးကို မည်သူ လုပ်နိုင်သလဲဟု စိန်ခေါ်ခြင်းသာဖြစ် သည်။ တစ်နည်းအားဖြင့် Creative People ကိုမွေးထုတ်ခြင်းထက် Creative People ကိုခေါ်ယူ အသုံး ချခြင်းသာဖြစ်သည်။ ထိုသို့သော Bringing in Creative People into the Organization သဘော သည် လုပ်ငန်းကြီးအတွက်သာမက လုပ်ငန်းငယ်အတွက်လည်း အသုံးဝင် လှသည်။
ဒေါက်တာမောင်မောင်စိုး(ဘောဂဗေဒ) By အခွင့်အလမ်း
Comments
Post a Comment